PDF အလံလာဖြုတ်သည့် စစ်ကောင်စီ တပ်များ နှစ်ကြိမ် မိုင်းဆွဲ တိုက်ခံရ

PDF အလံလာဖြုတ်သည့် စစ်ကောင်စီ တပ်များ နှစ်ကြိမ် မိုင်းဆွဲ တိုက်ခံရ

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာထားသည့် ပုလောမြို့နယ်အတွင်း PDF အလံလာဖြုတ်သည့် စစ်ကောင် စီတပ် ၂ ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်ဟု ဒေသခံများ က ပြော သည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနှင့် ပဝတ်ကုန်းကျေးရွာတို့တွင် နယ်မြေရှင်းလင်းရေးအတွက် စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြိုတင်စီစဉ်ထောင် ထားသည့် တိုက်မိုင်းများဖြင့် ဧပြီလ ၇ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင်ပကဖ အမှတ်- ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက “ပထမအကြိမ် တိုက်မိုင်းထိတာက မွန်းလွဲ ၂ နာ ရီ လောက်မှာပါ။ ပဝတ်ကုန်းမှာ သူတို့တပ်ဆုတ်ထားတဲ့အချိန် PDF အလံတိုင် သွားစိုက်ထားပြီးတာနဲ့ ပတ်ပတ် လည်မှာ မိုင်းထောင်ထားခဲ့တယ်။ အဲ့ဒီမိုင်းတွေလည်း သူတို့ ထပ်ထိသွားတယ်” ဟု ပြောသည်။

တိုက်မိုင်းထိမှန်ခဲ့သည့် စစ်ကောင်စီတပ်က ပဝတ်ကုန်းကျေးရွာသို့ ဆက်လက် စစ်ကြောင်းထိုး ရောက်ရှိလာခဲ့ပြီး ယခင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်ခဲ့သည့် (စခန်းကုန်း) ဘုန်းကြီးကျောင်း တောင်ကုန်းပေါ်ရှိ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က စိုက်ထူထားသည့် PDF အလံကို လာရောက်ဖြုတ်ယူချိန် ညနေ ၃ နာရီ အချိန်ခန့်တွင် ဒုတိယ အကြိမ် ထပ်မံမိုင်းဆွဲခံခဲ့ရသည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ က ဆိုသည်။

ဧပြီလ ၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က မင်းထိန်ကျေးရွာနှင့် ပဝတ်ကုန်းကျေးရွာ အကြားတွင် တိုက်မိုင်းထိ ပြီး သေဆုံး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု မြိတ်ခရိုင်ပကဖ အမှတ် - ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

ကြိုတင်ရရှိထားသည့် သတင်းအရ စစ်ကောင်စီတပ် လာမည့် လမ်းကြောင်းပေါ် တွင် PDF တပ်ဖွဲ့များက ကြို တင်ပြင်ဆင်၍ တိုက်မိုင်းထောင်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မိုင်းဆွဲခံရမှု နှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်မှ ဒဏ်ရာရှိသူ ၁၄ ဦးခန့်ရှိသည်ဟု မြေပြင်သတင်းအရ သိရပြီး သေဆုံးသူ အရေအတွက်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စခန်းကုန်းပေါ်မိုင်းထိပြီးချိန်မှ စတင်၍ ညနေ ၅ နာရီခန့်အထိ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အနီးတဝိုက်က ကျေးရွာများထဲသို့ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်းနှင့် အရေးပေါ် လူနာတင်ကားများ ဝင်ထွက်သွားလာနေသည်ကိုလည်း မြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ပဝတ်ကုန်းကျေးရွာ အတွင်းရှိ ရွာသားများမှာ ယခင်လကတည်းက စစ်ဘေးရှောင်နေကြရသည်။

လက်ရှိတွင် ပုလောမြို့နယ်အတွင်းမှ ပလမြို့ အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာခန့်မှာ နေအိမ်များတွင် နေထိုင် မရဲကြဘဲ ဆွေမျိုးနီးစပ်ရာ မြို့ပေါ်များသို့ ရွေ့ပြောင်းနေထိုင်ကြသူများ၊ ယာယီ စစ်ဘေးရှောင်စခန်းများနှင့် ဘေး လွတ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေကြရသူ ၂၅၀၀၀ ထက် မနည်းရှိသည်ဟု စစ်ဘေးရှောင်များ ကူညီပေးရေးအဖွဲ့မှ တာဝန်ရှိသူများ က ပြောသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...