Published
Wednesday, March 15, 2023
ပြည်သူ၉ ဦး အသတ်ခံရတဲ့ကိစ္စ KIA ဘက်က ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှု ပြီးစီးတော့မည်
- ဖားကန့်မြို့ နယ်၊ လဝါးကျေးရွာဘက်က ဒေသခံပြည်သူ(၉)ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး KIA ဘက်က ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးတော့မယ်လို့ ပြောပါတယ်။
- စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) က လျှောက်ထားခဲ့ပါတယ်။
- အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ ကချင်ပြည်နယ်အတွင်းက ကုန်ဈေးနှုန်းတွေ ဘယ်လိုထိုးတက်ခဲ့ပြီး ပြည်သူတွေက ဘယ်လိုဝယ်ယူစားသောက်သုံးစွဲနေရပါသလဲ-စတဲ့ သတင်းအကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။