စစ်ကောင်စီနှင့် ပအိုးဝ်အဖွဲ့ ဆက်ကြေးကောက်

စစ်ကောင်စီနှင့် ပအိုးဝ်အဖွဲ့ ဆက်ကြေးကောက်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်များနှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) တပ်များမှ ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီနှင့် PNA တပ်များက အင်းလေးဒေသ၊ အင်းတိန်သွားသည့် ကားလမ်းတစ်လျှောက် ကျေးရွာများ ဖြစ်သည့် တောင်တိုကျေးရွာအုပ်စုမှ ဘုရားဖြူ၊ သာလေးကျေးရွာအုပ်စုမှ ရေသာ၊ ခေါင်တိုင်ရွာ၏ စာသင် ကျောင်းရှေ့နေရာနှင့် မှော်ဘီအဝိုင်းပတ်လမ်းတို့တွင် ဆက်ကြေးကောက်ခံနေခြင်း ဖြစ်သည်။

ရေသာကျေးရွာနှင့် ရွာချင်းနီးစပ်သူ အမျိုးသားတစ်ဦးက “ပင်လောင်းမှာ စစ်ဖြစ်နေတော့ သူတို့စစ်ကူတွေ နောက်ဘက် လမ်းကလာပြီး ‌ရေသာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ။ ဘုန်းကြီးကလည်း ခွင့်ပြုထား တယ်။ အနောက်ဘက် လမ်းတစ်ကြော သွားလာတဲ့ ကားတိုင်း အကုန်ကောက်နေတာပဲ။ ဘုရားနီမှာ စစ်ဖြစ်ပြီး ကတည်းက လမ်းတွေ ပြန်ဖွင့်ထားတယ် ဆိုပေမယ့် သွားလာရတာ အေးအေးချမ်းချမ်း မရှိပါဘူး။ ကျီးလန့်စာ စားနေရတယ်” ဟု ပြောသည်။

အဆိုပါ နေရာများသာမက ညောင်ရွှေမြို့အဝင် စစ်ဆေးရေးဂိတ်တွင်လည်း မျက်နှာစိမ်း အရပ်သားများကို ဖုန်း များနှင့် ပိုက်ဆံအိတ်များ ပါမကျန် စစ်ဆေးနေပြီး ငွေကြေးပါလာသည့်အလျောက် အဓမ္မသိမ်းယူခြင်း လုယူခြင်းများ ပြုလုပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ လုပ်ဆောင်နေခြင်းမှာ စစ်ကောင်စီမှ လစာပုံမှန် မပေးနိုင်ခြင်းနှင့် ပြည်သူ့စစ်တပ်များမှာလည်း လစာမရ ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု PNA နှင့် နီးစပ်သူများက ဆိုသည်။

စစ်ကောင်စီတပ်များနှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) တပ်များက မတ်လ ၇ ရက်နေ့မှစပြီး ဆက်ကြေး ကောက် ခံလျက်ရှိရာ ကားတစ်စီးလျှင် ၅၀,၀၀၀ ကျပ် ပေးဆောင်ရသည်ဟု ထိုနေရာများသို့ သွားလာခဲ့သူများက ပြော သည်။

PNA နှင့် နီးစပ်သူ တစ်ဦးက “သူတို့က လစာမရဘူး။ ထောက်ပံ့ကြေးလား ၃၀,၀၀၀ လောက်ပဲရတာ။ အကုန် လုံးက အမျိုးချစ်စိတ်နဲ့ ရွာလုံခြုံရေးအတွက် လုပ်ကြတာ။ ဒါပေမယ့် ရေရှည်ကြတော့ လူတစ်ယောက်က ငွေ မရှိဘဲ ရပ်တည်လို့ မရဘူးလေ။ PNO ကလည်း ဒီလိုလုပ်နေတာတွေ သိတယ်။

သူတို့လည်း မပေးနိုင်တော့ ပြည် သူတွေဆီ ကောက်ပါစေဆိုပြီး လွှတ်ထားတာ” ဟု ပြောသည်။

PNA တပ်များသည် အင်းလေးဒေသတွင် သာမက ပင်လောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ကျည်ဆံဖိုး အဖြစ် တစ်အိမ်လျှင် ငွေကျပ် ၇၅,၀၀၀ နှင့် အထက် ကောက်ခံနေသည်ဟု ကျေးရွာနေ ပြည်သူများက ပြော သည်။

ထိုသို့ ကောက်ခံရာတွင်လည်း ကျည်ဆံဖိုး မထည့်နိုင်သည့် နေအိမ်များကို PDF ထောက်ပံ့သူများဟု စွပ်စွဲ၍ ဖမ်းဆီးနေသောကြောင့် ကျေးရွာနေပြည်သူများမှာ အခက်တွေ့နေ ကြသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇန္နဝါရီလတုန်းကလည်း အင်းတိန်၊ ကျားတွန်၊ ဘုရားနီကျေးရွာနှင့် သန်း ထောင်ကျေးရွာတို့တွင် ကားတစ်စီးလျှင် ၇၀,၀၀၀ ကျပ်ကောက်ခံပြီး ၎င်းတို့၏ လက်နက် ခဲယမ်းများကို ခြိမ်း ခြောက်သယ်ယူခိုင်းခဲ့သည်ဟု ဆိုသည်။

အင်းလေးဒေသ ဘုရားနီကျေးရွာတွင် စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်များနှင့် ရှမ်းတောင် PDF တို့အကြား ဇန္နဝါရီလ ၅ ရက်နေ့တွက် တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်း စစ်ကောင်စီက

စစ်ဆေးရေးများ ပိုမိုတိုးလာပြီး မကြာခဏ ဆက်ကြေးကောက်ခံနေသောကြောင့် နေ့စဉ်သွားလာနေသည့် ဒေသခံများမှာ အခက်တွေ့နေရပြ သည်ဟု ပြောသည်။

January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...