စစ်မှု မထမ်းလိုသော အရံမီးသတ်များ တပ်ဖွဲ့ဝင်မှ နုတ်ထွက်၊ စစ်သင်တန်းမှ ထွက်ပြေး

စစ်မှု မထမ်းလိုသော အရံမီးသတ်များ တပ်ဖွဲ့ဝင်မှ နုတ်ထွက်၊ စစ်သင်တန်းမှ ထွက်ပြေး

အရံမီးသတ်တပ်ဖွဲ့ဝင် အချို့ စစ်ကောင်စီ၏ လက်နက်ငယ် စစ်သင်တန်းကို မတက်ရောက်လိုသဖြင့် အချို့ သင် တန်းက ထွက်ပြေးကာ၊ အချို့မှာ မီးသတ်တပ်ဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပုသိမ်မြို့ အခြေစိုက် ခလရ-၂၇၁ ခြေလျင်တပ်ရင်းတွင် ဖေ ဖေါ်ဝါရီလ ဒုတိယပတ်က စတင်ပြီး ရပ်ကွက်အလိုက် အပတ်စဉ် သင်တန်းပေးနေသည့် လက်နက်ငယ် စစ်သင် တန်းကို မတက်ရောက်လိုသဖြင့် သင်တန်းတက်နေသူ ၅ ဦး ထွက်ပြေးခဲ့ပြီး သင်တန်းတက်ရန် သတ်မှတ်ထား သူ ၁၅ ဦးကျော် မီးသတ်တပ်ဖွဲ့မှ နုတ်ထွက်သွားခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦး က “တပ်ထဲမှာ သွားနေပြီး ကိုယ့်ရိက္ခာနဲ့ကိုယ် တက်ရတာ ကျွေးတော့ ဆန်ကြမ်း၊ တာလပေါဟင်းနဲ့ ဝက်မစား ငပိ နေလှန်းကျော် ကျွေးတယ်၊ ပဲဟင်းတောင် မကျွေးဘူး။ ပြီးတော့ လိုအပ်ရင် စစ်တိုက်ပေးရမယ် ဆိုတော့ တပ်ထဲမဝင်ချင်ကြဘူး။ သင်တန်းက ထွက်ပြေးတာ အမှတ် ၅ ရပ်ကွက် က အများဆုံးပဲ” ဟု ပြောသည်။

အမှတ် ၅ ရပ်ကွက်၊ ပန်းတင်ကုန်ရပ်၊ မီးရထားဝင်းအတွင်း စစ်ကောင်စီမှ နေထိုင်ခွင့်ပြုထားသည့် အခြားနယ် များက ဈေးသည် မိသားစုများနှင့် ခိုးဆိုးလုနှိုက်သူ အများစုနေထိုင်ကြသည့် ရပ်ကွက်ဖြစ်သည်။ အဆိုပါ ရပ်ကွက်မှ နှုတ်ထွက်သွားကြသည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များမှာ တပ်ထောက်ခံပွဲများတွင် အခကြေးငွေယူပြီး လိုက်ပါလှည့်လည်ကြသူ အများစုလည်း ပါဝင်သည်ဟု ဆိုသည်။

အရံမီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း အိမ်ထောင်စုတစ်စုကို ရိက္ခာအတွက် ငါးထောင်ကျပ်စီ ကောက် ခံကာ သင်တန်းတက်ကြရပြီး တက်ရောက်သူများကို လက်နက်ငယ် စစ်ပညာဖြစ်သည့် သေနတ် ကိုင်တွယ် ပစ် ခတ်ခြင်း၊ ဖြုတ်ခြင်း တတ်ခြင်း တိုက်ချွတ်ခြင်း စသည်တို့ကို သင်ပေးသည်ဟု စစ်မှုထမ်းဟောင်း အရံမီးသတ် တပ်ဖွဲ့ဝင် အချို့က ပြောသည်။

စစ်မှုထမ်းဟောင်း အရံမီးသတ် တပ်ဖွဲ့၏ အရာရှိငယ်တစ်ဦး က “ရပ်ကွက် အရံမီးသတ်တွေ အထဲက ထွက်သွား သူတွေ တချို့ရှိပါတယ်။ သူတို့က မီးသတ်တပ်ဖွဲ့ ရဲ့ တန်းစီညာညှိ အခြေခံ လက်နက်မဲ့ စစ်ပညာလောက်ပဲ တတ်ကြတာပါ။ အခုက လုံခြုံရေးအတွက် လက်နက်တပ်ဆင်တဲ့ အခါ အဆင်ပြေဖို့ သင်တန်းပေးတာပါ” ဟု ပြော သည်။

အနောက်တောင်တိုင်း စစ်ဌာချုပ် လက်အောက်ခံ ခလရ-၂၇၁ တပ်ရင်းမှာ ပုသိမ်လေဆိပ်ရှေ့ ၌ရှိသည့် ပုသိမ် အခြေစိုက် တပ်ရင်းတစ်ရင်းဖြစ်ပြီး အဓိကအားဖြင့် ဧရာဝတီတိုင်း ပင်လယ် ကမ်းရိုးတန်းဒေသ စိုးမိုးရေးနှင့် အကြမ်းဖက် ဖြိုခွင်းရေး တာဝန်တို့ကို ယူထားရသည်ဟု တပ်တွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

စစ်ကောင်စီက ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၅ အုပ်စုမှ တစ်အုပ်စုကို ၁၀ ဦးနှုန်းဖြင့် ပြည့်သူစစ် (ပျူစောထီး) တပ်ဖွဲ့ ဖွဲ့စည်းပြီး လက်နက်ငယ် စစ်သင်တန်းပေးကာ လက်နက် နဲ့ ယူနစ်ဖေါင်း တပ်ဆင်ရန် စီစဉ် နေ သည်ဟု ဆက်သိရသည်။

၂၀၂၂ နှစ် နှစ်လယ်ပိုင်းက ကျုံပျော်မြို့နယ်ထဲရှိ ကျေးလက်နေ လူငယ်များကို ပြည်သူစစ်အဖွဲ့ (ပျူစောထီး) အဖွဲ့ ထဲ အတင်းအကြပ်ထည့်ပြီး ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းမှာ စစ်သင်တန်းပေးရန် စစ်ကောင်စီ က စီစဉ်ခဲ့ရာ လူငယ် အယောက် ၃၀ ကျော် ထွက်ပြေးခဲ့သည်။

January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...