Published
Friday, February 24, 2023
ချင်းလူမျိုးတွေ နွေဦးတော်လှန်ရေးမှာ ဆက်လက်ဦးဆောင်ပေးဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း
- ချင်းလူမျိုးတွေအနေနဲ့ နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ဆက်လက်ဦးဆောင်ပေးကြဖို့ ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။
- ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကို နိုင်ငံတကာမှာ စည်စည်ကားကားနဲ့ ကျင်းပနေချိန်မှာ စစ်ကောင်စီလက်အောက်က ချင်းပြည်မှာတော့ ကျင်းပနိုင်ခြင်းမရှိကြဘဲ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။
- ချင်းပြည်နယ် ထန်တလန်မြို့ဇာတိဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာမှုထန်ကို စစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ပါတယ်။