အွန်လိုင်းစာသင်ကျောင်း ၆၂ ကျောင်းအား ကြားကာလ အခြေခံပညာပြည်သူ့ပညာရေးကျောင်းများ အဖြစ်အသိအမှတ်ပြုကြောင်း NUG ကြေညာ

အွန်လိုင်းစာသင်ကျောင်း ၆၂ ကျောင်းအား ကြားကာလ အခြေခံပညာပြည်သူ့ပညာရေးကျောင်းများ အဖြစ်အသိအမှတ်ပြုကြောင်း NUG ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန(MOE)က ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အွန်းလိုင်းစာသင်ကျောင်း ၁၄ ကျောင်းအား အသိအမှတ်ပြုကြောင်းကြေညာထားပြီး လက်ရှိတွင် အွန်လိုင်းအခြေပြု ကျောင်းပေါင်း ၆၂ ကျောင်းကို အသိမှတ်ပြုကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ ၁၁ ချက်နှင့် သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံ ရေးအစီအမံများအား လိုက်နာဆောင်ရွက်မည်ဟုကတိပြုထားသည့် အွန်လိုင်းစာသင်ကျောင်းများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ်(၅/၂၀၂၃) တွင် ၁၄ ကျောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ် (၄/၂၀၂၃) တွင် ၁၅ ကျောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်အမှတ် (၂/၂၀၂၃) တွင် ၃၃ ကျောင်း၊ စုစုပေါင်း ၆၂ ကျောင်းကို ကြားကာလ အခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာထားခြင်း ဖြစ်သည်။

သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးအစီအမံများတွင် ကျောင်းစီမံအုပ်ချုပ်ရေး၊ ကျောင်းသား မိဘနှင့် ဆရာ၊ ဆရာများ၏ ဆက်ဆံရေး၊ ကိုယ်ရေးအချက်အလက်များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင် ရာ လမ်းညွှန်ချက်၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေးလမ်းညွှန်ချက်၊ သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ကွန်ယက်နှင့် လုံခြုံရေးစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး လမ်းညွှန် ချက်များ ပါဝင်သည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ “အဲဒီလိုသတ်မှတ်ပေးလိုက်လို့ အခုဆိုရင် ဆရာ့ကလေးတွေက အားရှိပြီး ခုမှစာမေးပွဲတွေဖြေလာတာ။ အရင်စာမေးပွဲတွေမှာဆို ကလေးတွေက ၄၀၊ ၅၀ ရာခိုင်နှုန်း လောက်ပဲ pass ဖြစ်တယ်။ လွန်ခဲ့တဲ့ရှေ့နှစ်ပတ်ကစပြီး အမှတ်တွေကရှယ်ပဲ။ ကလေး ၁၀၀ ကျော်မှာ ၁၀ ယောက်ပဲ ကျန်တော့တယ်” ဟု True Sunshine for Future Dawei School တွင် စာသင်ကြားပေးနေ သည့် ဆရာတစ်ဦးကမဇ္ဈိမကိုပြောသည်။

“စကစကျောင်းမတက်ရလို့ ပညာမတတ်တဲ့သူဖြစ်ရင် ဖြစ်သွားပါစေ။ အမှန်တရားဘက်ရပ်တည်နေတဲ့ ကျောင်းကိုပဲရွေးချယ်ပြီးတက်မှာပါ။ CDM ကျောင်းသူမို့လို့ NUG ကျောင်းတွေကိုလည်း အပြည့်အဝ ယုံကြည် ထားပါတယ်” ဟု NUG-MOE အသိအမှတ်ပြုကျောင်းတစ်ကျောင်းတွင် ပညာသင်ကြား နေသည့် ကျောင်းသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကျောင်း ၆၂ ကျောင်းအား NUG-MOE မှ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေး ကျောင်းများအဖြစ် အသိအမှတ်ပြုထားပြီး ကျန်ရှိနေသည့် စိစစ်ဆဲအွန်လိုင်းကျောင်းများအားလည်း အသိအမှတ်ပြုရန် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းအဆိုပါ ကြေညာချက်တွင် ဖော်ပြထား သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား ပြင်း ငလျင်ကြောင့် ကျောက်ဆည်မြို့တွင် ပြိုကျပျက်စီီးသွားသည့် အ ဆောက် အဦးများကို တွေ့ ရစဉ်။ (ဓါတ်ပုံ – Pyae Gyi လူမှုကွန်ယက်စာမျက်နှာ)
April 1, 2025
စစ်ကိုင်းမြို့ အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊...
မြန်မာနိုင်ငံတွင် သောကြာနေ့က လှုပ်သွားသော ဖျက်အားပြင်း ငလျင်သည် နိုင်ငံအတွက် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး ငလျင် ဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။
March 31, 2025
မြန်မာနိုင်ငံတွင် သောကြာနေ့က လှုပ်သွားသော ဖျက်အားပြင်း ငလျင်သည် နိုင်ငံအတွက်...
March 31, 2025
ပုံအညွှန်း - မန္တလေးမြို့ရှိအဆောက်အဦတခုမှ ရုပ်အလောင်းတလောင်းကို ကယ်ဆယ်သူများက ဆွဲထုတ်နေပုံ...
March 28, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲ ၁ နာရီခန့်က...