စင်းခန်းကျေးရွာရှိ ချောင်းကူးတံတားတွင် ငွေမပေးနိုင်သည့် ဘက်ဟိုးကားများအား စစ်ကောင်စီမှ ဖြတ်သန်းခွင့်မပြု

စင်းခန်းကျေးရွာရှိ ချောင်းကူးတံတားတွင် ငွေမပေးနိုင်သည့် ဘက်ဟိုးကားများအား စစ်ကောင်စီမှ ဖြတ်သန်းခွင့်မပြု

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာက ချောင်းကူးတံတားမှာ ဂိတ်ထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေမပေးနိုင်တဲ့ ဘက်ဟိုးကားတွေကို ဖြတ်သန်းခွင့်မပေးဘူးလို့ သိရပါတယ်။

ဗန်းမော် - မန္တလေးလမ်းမကြီးပေါ်မှာရှိတဲ့ အဲဒီစင်းခန်းချောင်းကူးတံတားမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဂိတ်ထိုင်ကြပြီး တံတားဖြတ်သန်းဖို့အတွက် ဘက်ဟိုးကားကြီးတစ်စီးကို ငွေငါးသိန်းတောင်းခံလေ့ရှိပြီးတော့ ဖြတ်သန်းခွင့်မပြုဘဲ ရပ်ထားခိုင်းတဲ့ ဘက်ဟိုးကား (၅) စီးဝန်းကျင်လောက် ရှိနေပါတယ်။

အဲဒီကားတွေကို ဖေဖော်ဝါရီလအစောပိုင်းက ငွေမပေးနိုင်တာကြောင့် ဖြတ်သန်းခွင့်မပြုဘဲ ရပ်ခိုင်းထားတာ ဆယ်ရက်နီးပါးရှိလာပြီဖြစ်ပြီး ဒီကနေ့အချိန်ထိလည်း ဖြတ်သန်းခွင့်မပေးသေးဘူးလို့ စင်းခန်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ခါတိုင်းဆိုရင် ဒီလောက်ကြီးမကြာဘူးဗျ။ ပိုက်ဆံမပေးတာလား ဒါမှမဟုတ် ပေးရဲ့သားနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က လာလို့လား မပြောတတ်ဘူး။ ရပ်ထားတာ ၁၀ ရက်လောက်ရှိပြီ။” လို့ဆိုပါတယ်။

အဲဒီ စင်းခန်းချောင်းကူးတံတား တစ်ခုမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဂိတ် သုံးခုရှိပြီး တံတားထိပ်နှစ်ဖက်မှာ ခမရ (၃၁၉) ၊ ခလရ (၁၂၁)နဲ့ တံတားရဲ့အလယ်မှာ ခမရ (၃၁၇)တပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းထိုင်ကြပြီး ဖြတ်သန်းသွားလာတဲ့ ကားတိုင်းဆီကလည်း ငွေတောင်းခံလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဘက်က ဝင်ရောက်တဲ့သူတွေကို အဲဒီစင်းခန်းတံတားမှာ စစ်ကောင်စီတပ်သားတွေက တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး မှတ်ပုံတင်နဲ့ဧည့်စာရင်းစစ်ဆေးတာတွေပါ ပြုလုပ်တယ်လို့လည်း သိရပါတယ်။

Most read this week

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...