ကသာတွင် စစ်ကောင်စီတပ်နှင့် ABSDF ကျောင်းသားတပ်၊ PDF တို့ တိုက်ပွဲများ ဖြစ်ပွားနေ

ကသာတွင် စစ်ကောင်စီတပ်နှင့် ABSDF ကျောင်းသားတပ်၊ PDF တို့ တိုက်ပွဲများ ဖြစ်ပွားနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာလေး ကျေးရွာ စစ်ကောင်စီတပ်နှင့် ABSDF (မြောက်ပိုင်း), PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး အနီးအနားတွင် နေအိမ်အချို့ မီးရှို့ခံရမှုများလည်း ရှိသည်ဟု ဒေသ ခံများက ပြောသည်။

မိုးတာလေးကျေးရွာအနီးနှင့် မိုးတားလေ မှတ်တိုင်တို့တွင် ဇန္နဝါရီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“မိုးတားလေးမှာတော့ ကျနော်တို့ ချောင်းဝကြောမှာ ABSDF နဲ့ စစ်ကောင်စီတပ် အင်အား ၁၂၀လောက်နဲ့ ထိ တွေ့မှုတွေဖြစ်တယ်။ နောက်ပြီး မိုးတားလေးမှတ်တိုင်မှာ ညနေ ၄ နာရီခွဲ ကတည်းက တိုက်ပွဲ ထပ်ဖြစ်နေ တယ်။ တခြားတော့ အသေးစိတ်မသိရသေးဘူး” ဟု ပြောသည်။

အလားတူ မိုးတားလေးအုပ်စုအတွင်းရှိ တိုက်ကုန်းရွာကိုလည်း ဇန္နဝါရီလ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့တွင် စစ် ကောင်စီ တပ်သားများက မီးရှို့ခဲ့ရာ နေအိမ် အလုံးရေ ၃၀ နီးပါး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံ တစ်ဦး က ပြောသည်။

“မိုးတားလေး တောင်ပေါ်ကျောင်းမှာ ခလရ-၈၈၊ ၄၁၆၊ ခလရ-၇၈ တပ်ပေါင်းစု ပုံစံနဲ့ အင်အား (၁၂၀) လောက် က တောင်ပေါ်ကျောင်းမှာ တပ်စွဲထားတယ်။ အဲ့နေ့တုန်းက တိုက်ကုန်းကို အိမ်ခြေ (၃၀) ကျော်လောက် မီးရှို့ ဖျက်ဆီးထားပြီး နောက်နေ့ မနက်ကျတော့ ကျန်နေတဲ့အိမ်တွေကို ၇ နာရီလောက်မှာ မီးပြန်ရှို့ခဲ့တယ်။ နောက် ပြီး အဲ့နေ့မနက်မှာပဲ ရွှေကူကနေ သံခွန် (၃) စီး အောက်ဘက်သို့ စုန်ဆင်းလာပြီလို့ သတင်းရထားတယ်။”

ထို့အပြင် ဇန္နဝါရီလ ၂၀ ရက်နေ့တွင်လည်း အလယ်ကျွန်းကျေးရွာက စာသင်ကျောင်းနှင့် နေအိမ် ၃၀ လုံးနီးပါးကို စစ်ကောင်စီတပ်သားများက မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်း တွင်လည်း မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှင့် လာ

ရောက်ဗုံးကြဲခဲ့ရာ ဒေသခံ ၇ ဦး သေ ဆုံးခဲ့ပြီး ရွာသား ၃၀ နီးပါးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။



ထိုသို့ စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ဗုံးကြဲပြီးနောက် မြေပြင်တွင် စစ်တပ်နှင့် KIA, ABSDF-NB, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှု များ ခဲ့သည်ဟု မြေပြင်ရှိ သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

မြေပြင်က သတင်းအရင်းအမြစ်၏ ပြောပြချက်အရ “စကစဖက်က လက်နက်ချတဲ့သတင်းက သတင်းမှားပါဗျ။ လက်နက်မပါပဲ မြစ်ကြောင်းထဲခုန်ချထွက်ပြေးကြတာပါ။ သူတို့ဆီက ဘာပစ္စည်းမှ

မသိမ်းမိပါဘူး။ လေယာဥ် လာလို့ အားလုံးကို မသိမ်းလိုက်နိုင်တာပါ။ သေဆုံးဒဏ်ရာရ ကတော့ အလွန်များပါတယ်။ MI 17 နဲ့ ဒဏ်ရာရ စစ်သားတွေနဲ့ အရာရှိ အလောင်းသယ်တာ ၆ ခေါက်ထိ သယ်ရပါတယ်။ တံတားဦးလေဆိပ်အထိ သယ်ပြီးပို့ရ တာကို တွေ့ရပါတယ်။ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းမှာ ၂၀ ကျော်ပဲ ခြေကောင်းလက်ကောင်း ကျန် တယ်လို့ သိရပါတယ်” ဟု ပြောသည်။

ABSDF မြောက်ပိုင်း ၏ တိုက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများအား ရန်သူအဖြစ် သတ်မှတ် ချေမှုန်းနေသဖြင့် ပြည်သူများ အစစအရာရာ

အန္တရာယ်ကင်းစေရေး ဂရုစိုက်ကြရန် လည်း သတိပေးထားသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...