စစ်ကောင်စီ စစ်ကြောင်းကို ကလေး PDF မိုင်းဆွဲ တိုက်ခိုက်

စစ်ကောင်စီ စစ်ကြောင်းကို ကလေး PDF မိုင်းဆွဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ကလေး PDF မှ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ရာ စစ်သား အနည်းဆုံး ၅ ဦး ထိခိုက်မှုရှိခဲ့ပြီး အရပ်သားသက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးလည်း ထိမှန်သေဆုံးမှုရှိခဲ့သည်ဟု ကလေး PDF အဖွဲ့ က ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ကလေးမြို့၊ သုံးအိမ်စုကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ရာ ကလေး PDF အဖွဲ့ က ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်မှု ရှိနိုင်သည်ဟု တာဝန်ရှိသူများက ပြော သည်။

ကလေး PDF မိုင်းအဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိဘူး။ အကုန်လုံး ဆုတ်နိုင်လိုက်တယ်။ သူတို့ လိုက်ပစ်တာနဲ့ ဆုတ်လိုက်ရတာပေါ့။ ရွာထဲမှာက ပြည်သူတွေလည်း ကျန်သေးတယ်ဆိုတော့ ပစ်လို့မရဘူးလေ” ဟု ပြောသည်။

ယခု ကလေး PDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့သည့် အဆိုပါ စစ်ကြောင်းသည် ကလေးမြို့၊ တောင်သာ ရပ် ကွက်မှ သုံးအိမ်စုကျေးရွာဘက်သို့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကြောင်းထိုး လာသော စစ်ကြောင်း ဖြစ်ပြီး စက္ကန့်ကျေးရွာတွင် တစ်ညအိပ်ရပ်နားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ မိုင်းဆွဲတိုက်ခံရသည့်နေရာတွင် တစ်နာရီကျော်ခန့် အကြာ ရမ်းသန်း ပစ် ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထိုသို့ ရမ်းသန်း ပစ်ခတ်နေမှုများကြောင့် စက္ကန့်ကျေးရွာနှင့် လယ်ကွင်း များသာ ခြားသည့် နဂါးပွတ်ကျေးရွာမှ အသက် ၇၀ အရွယ် သက်ကြီးရွယ်အို အမျိုးသမီး ၁ ဦး၊ နွား ၁ ကောင် သေဆုံးခဲ့ပြီး ဆိုင်ကယ် ၃ စီး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် သုံးအိမ်စုကျေးရွာအနီး ဖြတ်သန်းသွားလာသော မြို့ကြီးကုန်း ရွာနေ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်ကာ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင် အချိန်ခန့်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရွာခံပြည်သူများက ပြောသည်။

ကလေး PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “မနေ့က အခြေနေနဲ့ဆို ရှောင်ခိုင်းဖို့တောင် မရလိုက်ဘူး။ သူတို့ (စစ်သား) တွေက ရုတ်တရက် ဝင်လာတာဆိုတော့လေ။ လတ်တလော ထုတ်ပြန်ချက်ကတော့ မရှိသေး ဘူး။ အမြဲတမ်း သူတို့ဘက်က တိုက်ပွဲဖြစ်နေကြဆိုတော့ နီးစပ်ရာကိုပဲ အမြန်ဆုံး ရှောင်လိုက်တာ” ဟု ဆက် ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်္ဂါနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် သုံးအိမ်စုကျေးရွာမှ တပ်ဆုတ်သွားပြီးနောက် လက်ရှိ မင်းလှကျေးရွာတွင် တပ်စွဲထားသည်ဟု PDF  အဖွဲ့တာဝန်ရှိသူက ပြောသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူပိုင်ပစ္စည်းများနှင့် လူနေအိမ်များကို မီးရှို့ ဖျက် ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ရပ်ရွာများထဲ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း စသည့် လုပ်ရပ်များ မကြာခဏ ပြုလုပ်လျက်ရှိသောကြောင့် ကလေး PDF မှ ၎င်းတို့တပ်စွဲထားသည့် ကျေးရွာတွင် ပြည် သူများ ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် သတိပေးထားသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ဒီဇင်ဘာလအတွင်း လူနေအိမ် ၂၂ လုံး၊ ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း၊ စပါးကျည် ၁ လုံး စသည်တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့၍ ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကလေး PDF တာဝန်ရှိသူများက ပြောသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...