ဒီးမော့ဆို တိုက်ပွဲ စစ်ကောင်စီ ၃၀ ထက်မနည်း ထိခိုက်နိုင်ကြောင်း KNDF ပြော

ဒီးမော့ဆို တိုက်ပွဲ စစ်ကောင်စီ ၃၀ ထက်မနည်း ထိခိုက်နိုင်ကြောင်း KNDF ပြော

ကရင်နီ ပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြင်းတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF) တပ်ရင်း ၉ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၃၀ ထက်မနည်း ထိခိုက် သေဆုံးနိုင်သည်ဟု KNDF က ထုတ်ပြန်သည်။

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ စံပြ ၆ မိုင် တိုက်နယ်ရှိ ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာဘက်သို့ စစ်ကောင်စီ တပ်ဖွဲ့က စစ်ကြောင်းထိုးလာရမှ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများနှင့် KNDF တပ်ရင်း ၉ တို့၃ ကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား အယောက် ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု KNDF တာဝန်ရှိသူများက ပြောသည်။

KNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “မြေပြင် ရဲဘော်တွေရဲ့ မျက်မြင် ပြောပြချက်အရ ကျနော်တို့ သိရ တယ်။ အဓိက ထိခိုက်တာပဲပေါ့။ သေဆုံးတာ ဟုတ် မဟုတ်တော့ ကျနော်တို့ မပြောတတ်ဘူး။ ဒါပေမယ့် ထိ ခိုက်တာတော့ အယောက် ၃၀ နီးပါးရှိတယ်ဆို တာတော့ ကျနော်တို့ ပြောလို့ရတယ်” ဟု ပြောသည်။

ထိုတိုက်ပွဲ ၃ ကြိမ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တရက်တည်း ၃ ကြိမ် တစ်နေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် ၎င်းတို့ အထိနာသောကြောင့် ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွား ကျေးရွာတွင် လူနေအိမ်များနှင့် အသုံးအဆောင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNDF တာဝန်ရှိသူများ က ပြောသည်။

သို့သော် ထိခိုက်ပျက်စီးမှု အရေအတွက်နှင့်ပတ်သက်၍ KNDF အနေဖြင့် လတ်တလော အတည်ပြု၍ မရသေး ဘူးဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားသည့် ကျေးရွာ ၂ ရွာထဲတွင် ရွာခံများ စစ်ဘေးရှောင်သွားသည်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ် အာဏာသိမ်းပြီးနောက် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပွား ကတည်းက ဖြစ်၍ ၂ နှစ်နီးပါးကြာပြီဟုဆိုသည်။ ထို့ကြောင့် အဆိုပါ ကျေးရွာများတွင် လူသူကင်းမဲ့နေ၍ အရပ်သားထိခိုက်မှု မရှိနိုင်ဘူးဟု စစ်ဘေးရှောင်များကို ကူညီပေး နေသည့် အဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်များဘက်မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ အခြေစိုက် အမြှောက်တပ်က ၁၂၀-မမ လက်နက်ကြီးဖြင့် ၃ ကြိမ်အထိ ပစ်ကူခဲ့ပြီးနောက် ၎င်းတို့၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေါစဲကျေး ရွာဘက်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သည်။

ထိုလက်နက်ကြီး ကျရောက်မှုကြောင့် ဒေါစဲကျေးရွာတွင် အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ရာ အသေးစိတ် အခြေအနေကိုမူ စုံစမ်းနေဆဲဟု KNDF တာဝန်ရှိသူများ က ပြောသည်။

KNDF ပြန်ကြားရေး တာဝန်ရှိသူက “လောလောဆယ်တော့ ကျနော်တို့ ပြည်သူတွေက စစ်ကောင်စီရှိတဲ့ နေရာ တွေကို ရှောင်သွားတယ်ပေါ့နော်။ တချို့ရွာတွေမှာတော့ ဒေါကမီးတို့ နန်းဖယ်ခုံတို့မှာတော့ ရှိနေတုန်းပေါ့နော်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ အများဆုံးပြည်သူတွေ မထိခိုက်အောင် ချင့်ချိန်ပြီး လုပ် တယ်ပေါ့နော်။ ပြည်သူတွေကတော့ လုံခြုံအောင်နေကြပေမယ့် စစ်ကောင်စီကတော့ ပြည်သူတွေရှိတဲ့ စစ် ရှောင်စခန်းတွေကို လက်နက်ကြီး ပစ်ခတ်တာတွေတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ ၂ ဖက်ထိတွေ့တိုက်ပွဲ မဖြစ် ဖူးတဲ့ နေရာတွေမှာလည်း အရပ်သားပြည်သူ ထိခိုက်မှုတွေ ရှိပါတယ်” ဟု ဆက်ပြောသည်။

စစ်ကောင်စီတပ်များမှာ ဖရူဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် လတ်တလော စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်နေပြီး ဒီးမော့ဆိုမြို့နယ် တစ်ခုတည်းကိုသာ အာရုံစိုက်၍ နယ်မြေထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်း ဖြစ် သည်ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော KNDF, KA, KRU, KGZ, DMO-PDF တို့နှင့် စစ်ကောင်စီတပ်များမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အနေအထားတွင်ရှိသည်ဟု သက်ဆိုင်ရာ တပ်ဖွဲ့ များ၏ တာဝန်ရှိသူများက ပြောသည်။

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...