ပလက်ဝအထက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးကို လက်ရှိအချိန်ထိပိတ်ထား၍ ဒေသခံများအခက်အခဲကြုံနေရ

ပလက်ဝအထက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးကို လက်ရှိအချိန်ထိပိတ်ထား၍ ဒေသခံများအခက်အခဲကြုံနေရ

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ပလက်ဝအထက်ပိုင်းတွင် အပစ်အခတ်ရပ်စဲထားပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ  လမ်းပန်းဆက်သွယ်ရေးကိုပိတ်ထား၍ ဒေသခံများအခက်အခဲကြုံနေရကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှစကာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ တကျော့ပြန် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း အိန္ဒိယနယ်စပ်ဘက်ကို စစ်ကောင်စီက သွားလာခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို တရွန်အိုင်ကျေးရွာမှ ဒေသခံတစ်ဦးက  "ကျနော်တို့ ပလက်ဝမြို့နယ်ဘက်မှာ အပစ်အခတ်ရပ်ပြီးတာတောင် လမ်းသွားလမ်းလာလို့လည်း မရနိုင်ဘူး။ ပလက်ဝ-တရွန်အိုင်ကို သွားလာခွင့်မရ။ ချင်းလက်ဝ- တရွန်အိုင်၊ မြိတ်ဝနဲ့ တရွန်အိုင်ကိုလည်း သွားလာခွင့်မရဘူး။ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတယ် သူတို့။ အခု ပြည်သူတွေဟာ အစားအသောက်၊ အနေအထိုင်တွေ ကျပ်တည်းနေရတယ်။ ကျန်းမာရေးဆိုလည်း ဆေးဝါးရိက္ခာတွေတင်လို့မရ၊ ကုန်ပစ္စည်းတွေကိုလည်းတင်ခွင့်မရ။ ဒီလိုအခြေအနေတွေကို ကြုံတွေ့နေရပါတယ်"ဟု ပြောသည်။

ရေလမ်းကိုသာအဓိကအားကိုးရသည့် ပလက်ဝအထက်ပိုင်း အိန္ဒိယနယ်စပ်ဘက်သို့သွားသည့် ရေလမ်းကို ဒိုးချောင်း နှင့် တရွန်အိုင်တို့ရှိ စစ်ကောင်စီတပ်များက ပိတ်ပင်တားဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ ရေကြောင်းလမ်းကို တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ဆေးမှုများ တင်းကျပ်ခဲ့ကာ သွားလာခွင့်ကိုပါ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ပိတ်ပင်ထားသည့်အတွက် ဒေသခံများ၏ ကျန်းမာရေး၊ စားဝတ်နေရေးတို့မှာ များစွာ ခက်ခဲနေရသည့်အတွက် အမြန်ဆုံးပြန်ဖွင့်ပေးရန် ဒေသခံကျန်းမာရေး၊ ပညာရေးဝန်ထမ်းများက အကြိမ်ကြိမ်စာတင်တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ပြန်ဖွင့်ပေးခြင်းမရှိခဲ့ကြောင်း အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။"ချင်းလတ်ဝ၊ မြိတ်ဝ၊ တရွန်အိုင် ဘက်က ဝန်ထမ်းတွေဟာ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲတွေကို အများကြီး တင်ပြတာတွေရှိပါတယ်။ ဝန်ထမ်းတွေဘက်က အထပ်ထပ်အခါခါ တောင်းဆိုပေမယ့် ဖွင့်မပေးပါဘူး။ ကျောက်တော်-ပလက်ဝကိုတော့ သူတို့ဖွင့်ပေးတယ်။ ဒီဘက်ကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင်ပါတယ်" ဟု ပြောသည်။

လက်ရှိမှာ ရခိုင်တွင်ပိတ်ပင်ခံထားရသည့် ကုန်းလမ်း၊ ရေလမ်းများအားလုံးကို အပစ်အခတ် ရပ်စဲပြီးနောက် ပြန်လည်ဖွင့်ပေးခဲ့ပြီးဖြစ်၍ အဆိုပါလမ်းကြောင်းကိုလည်း ဒေသခံများ၏ အခက်အခဲကိုငဲ့ညှာသည့်အားဖြင့် ပြန်ဖွင့်ပေးရန် လိုလားနေကြခြင်းဖြစ်သည်။

January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...
January 2, 2025
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊...
December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...