ဧရာဝတီတိုင်း စစ်ကောင်စီက ဝန်ထမ်းများအား ယူနီဖောင်းမဝတ်ရန်၊ ဝန်ထမ်းကပ် မဆောင်ရန်ညွှန်ကြား

ဧရာဝတီတိုင်း စစ်ကောင်စီက ဝန်ထမ်းများအား ယူနီဖောင်းမဝတ်ရန်၊ ဝန်ထမ်းကပ် မဆောင်ရန်ညွှန်ကြား

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ ဧရာဝတီတိုင်း စစ်ကောင်စီက ဝန်ထမ်းများကို တာဝန်နှင့် မသက်ဆိုင်သည့် နေရာများသို့ ယူနီဖေါင်းဝတ်ပြီး သွားလာခြင်း နှင့် ဝန်ထမ်းကဒ် အထောက်အထားများ ယူဆောင်၍ သွားလာခြင်း မလုပ်ရန် တား မြစ်ထားသည်ဟု Non CDM ဝန်ထမ်းများက ပြောသည်။

Non CDM ဝန်ထမ်းဆိုသည်မှာ အာဏာသိမ်းစစ်ကောင်စီအား လူထုနည်းဖြင့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် မပါဝင်သော ဝန်ထမ်းများ ဖြစ်သည်။

နိုဝင်ဘာလ ပထမပတ်အတွင်းက စတင်၍ စစ်ကောင်စီ၏ လက်အောက်ခံ သက်ဆိုင်ရာဌာန အကြီးအကဲများ က ၎င်းတို့၏ ဌာနတွင်းရှိ ဝန်ထမ်းများကို ထတားမြစ် သတိပေးရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်ဟု Non CDM ဝန် ထမ်းတစ်ဦးက ပြောသည်။

“ရုံးဌာနတွင်း မဟုတ်တဲ့ တခြားနေရာပေါ့ လက်ဖက် ရည်ဆိုင်တို့ စားသောက်ဆိုင်တို့ KTV တို့လို အဲ့ဒီလိုနေရာ တွေကို သွားရင် ပြီးတော့ အလှူအတန်း မင်္ဂဆောင် သွားတာကအစ ယူနီဖောင်းနဲ့ မသွားကြဖို့ တားထားတယ်။ ခရီးသွားရင်လည်း ဝန်ထမ်းကဒ်တွေ ယူမသွားဖို့ မှာ ထားတယ်” ဟု ပြော သည်။

ယာယီတာဝန်ဖြင့် အခြားဒေသများသို့ ခရီးသွားရမည် ဆိုပါကလည်း အစုအဖွဲ့လိုက် လုံခြုံရေး အစီအမံများဖြင့် သွားလာကြရန်၊ တစ်ဦးချင်း မဖြစ်မနေ သွားလာရမည်ဆိုပါက ဝန်ထမ်းဖြစ်ကြောင်း သိရှိနိုင်သည့် အထောက် အထားများ ယူဆောင် မသွားကြရန် ညွှန်ကြားထားခြင်းဖြစ်သည် Non CDM ဝန်ထမ်းများက ပြောသည်။

ဧရာဝတီတိုင်းအတွင်း PDF ပြောက်ကျားများ ရောက်နေပြီဆိုသည့် သတင်းများ ထွက်နေခြင်းနှင့် ဒေသတွင်းရှိ တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက် ရှင်းလင်းသွားမည် ဆိုသည့် အသိ ပေး သတင်းထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ညွှန်ကြားခြင်းဖြစ်နိုင်သည် ဟု CDM ဝန်ထမ်း အချို့က ပြောသည်။



“အဓိကကတော့ တော်လှန်ရေး အင်အားစုတွေက ဝန်ထမ်းတွေကို ဖမ်းမိသွားရင် စစ်ကောင်စီရဲ့ လ/ဝ (လှို့ ဝှက်) သတင်းတွေ ပေါက်ကြားမှာကို စိုးရိမ်နေတာနဲ့၊ နောင်မှာ ဝန်ထမ်းတွေ လုပ်ကြံခံရရင် သူတို့တွေ သိက္ခာ ကျမှာ စိုးရိမ်နေတာ” ဟု CDM ဝန်ထမ်းတစ်ဦး က ပြောသည်။

စစ်ကောင်စီ၏ တပ်တွင်းက အရာရှိများ၊ တပ်မိသားစုများလည်း မြို့ထဲတွင် ဈေးဝယ်ထွက်ပါက အစုအဖွဲ့ ဖြင့် ထွက်ကြရပြီး သေနတ်ကိုင်ထားသည့် စစ်သားများက လုံခြုံရေး လိုက်စောင့်ပေးကြရပြီး ယာဉ်ထိန်းရဲ အရာရှိ များကိုလည်း သေနတ်ကိုင် ရဲတစ်ဦး အနည်းဆုံး စောင့်ပေးနေရသည်ဟု ပုသိမ်မြို့ခံများ၏ ပြောပြချက် အရ သိ ရသည်။

ဧရာဝတီတိုင်းထဲတွင် စစ်ကောင်စီ၏ သတင်းပေး ထွေ/အုပ် စာရေးအချို့၊ စစ်ကောင်စီ၏

တပ်ဖွဲ့ဝင်အချို့၊ အုပ် ချုပ်ရေးမှူး အချို့နှင့် ပျူစောထီးခေါင်းဆောင်အချို့ကို တော်လှန်ရေး အင်အားစုများက မကြာခဏ အလစ် အငိုက် ဖမ်းပြီး ရှင်းလင်းသုတ်သင်မှုများ ရှိနေ၍ ယခုကဲ့သို့ညွန်ကြားခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က ဆို သည်။

ထို့အပြင် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးပါသည့် ယာဉ်တန်းကို တိုက်ခိုက် ခြင်း၊ ကင်းလှည့် စစ်ယာဉ်တန်း၊ ယာဉ်ထိန်းရုံး၊ ရဲစခန်းတို့ကို တိုက်ခိုက်ခြင်းများ ရှိခဲ့ကာ သေဆုံးသူ ဒဏ်ရာရရှိသူ များ ရှိခဲ့သော်လည်း စစ်ကောင်စီ၏ စစ်သား၊ ရဲနှင့် ဝန်ထမ်းများ အဖမ်းခံရခြင်းမျိုး မရှိသေးဘူးဟု ဒေသခံ သတင်း အရင်းအမြစ်များ ဆိုသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...