Published
Monday, November 14, 2022
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသန်းပစ်ခတ်၊ အရပ်သားလေးယောက်ဒဏ်ရာရ
- စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း လက်နက်ကြီးတွေရမ်းသန်းပစ်ခတ်တာကြောင့် ကလေးတစ်ယောက်အပါအဝင် အရပ်သားလေးယောက် ဒဏ်ရာရခဲ့ပါတယ်။
- ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ဒေသမှာတော့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာမှာ မူလတန်းကျောင်းနဲ့ ဘုရားကျောင်းတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲက စစ်ဘေးရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်ဖို့ပြောထားပေမဲ့ လက်ရှိပကတိအခြေအနေက အိမ်ပြန်ဖို့ အဆင်မပြေကြသေးပါဘူး။