မကွေးတိုင်းတွင် ရွာမီးရှို့သည့်အတွက် ရွာသား ၃၀၀၀ နီးပါး ထွက်ပြေးနေရ

မကွေးတိုင်းတွင် ရွာမီးရှို့သည့်အတွက် ရွာသား ၃၀၀၀ နီးပါး ထွက်ပြေးနေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီး မီးရှို့ခဲ့သည့်အတွက် ရွာသား ၃,၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့(ယနေ့) နံနက်ပိုင်း က စစ်ကောင်စီတပ်ဖွဲ့ဝင်များ က လင်းကတောကျေးရွာကို မီးရှို့ခဲခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “စစ်သားတွေက ဝင်လာတော့ ၂၂ ရက်နေ့ကဗျ။ မီးရှို့တာက ဒီနေ့ မနက်ပိုင်းမှ ရှို့တာ။ သူတို့ဝင်လာတဲ့မနေ့ က ကတည်းက ရွာကလူတွေအကုန်းလုံး ထွက်ပြေးရပြီလေ။

ဒီနေ့မီးရှို့တဲ့အချိန်က ရွာမှာ ဘယ်သူမှမရှိဘူးဗျ။ ဘာလို့ရှို့လဲဆိုတော့ အတိအကျတော့ ပြောလို့မရဘူး။ ရှေ့ရက်တွေကတော့ PDF အဖွဲ့တွေကစစ်တပ်စခန်း ဒီလင်းကတော စခန်းကို လာပစ်သွားတာရှိတယ်။ အဲ့နေ့လည်း လေယာဉ်တွေနဲ့ စစ်တပ်က ပြန်ပစ်နေတာဗျ” ဟု ရွာသားတစ်ဦးက ပြောသည်။

လင်းကတောကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး လက်ရှိအချိန်ထိ မီးရှို့ ခံ လိုက်ရသည့် နေအိမ်အရေအတွက်ကို အတိအကျမသိရသေးဘူးဟု အဆိုပါ ဒေသခံက ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က လင်းကတောကျေးရွာအနီးရှိ စစ်ကောင်စီ၏ စခန်းတစ်ခုကို မြိုင်မြို့နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စုပေါင်းတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်-မြိုင်မြို့နယ်က အောက်တိုဘာလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လင်းကတော စစ်ကောင်စီစခန်းကို အောက်တိုဘာလ ၂၁ ရက်နေ့၊ နေ့လည် ၁၂ နာရီ အချိန်ဝန်းကျင် က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဥ်အသုံးပြုကာ ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ပစ်ခဲ့တာပါ။ စခန်းထဲမှာ အင်အား ၅၀ ကျော်ရှိတယ်။ ပထမ တစ် ကြိမ် ဝင်တိုက်တော့ တိုက်လေယာဥ်နဲ့ မိနစ်သုံးဆယ်လောက် ပစ်တယ်။ ကျနော်တို့ဘက်က အထိအခိုက် မရှိ ဘူး” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လင်းကတောစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မုံရွာမြို့အခြေစိုက် တိုင်းစစ် ဌာနချုပ်တစ်ခု ဖြစ်သည့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တပ်မှ Mi35 တိုက်လေယာဥ်နှင့် လာ ရောက်ပစ်ခတ်ခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြော သည်။

လင်းကတော စစ်ကောင်စီစခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ဘက်က စစ်သား ၇ ဦး သေဆုံး ခဲ့သည့်အပြင် လင်းကတောစခန်းက ဘန်ကာနှစ်ခုကို သိမ်းယူနိုင်ခဲ့သည် ဟု ဆိုသည်။

စစ်တပ်က လေယာဥ်နှင့် ထပ်မံပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်အင်အား မလုံလောက်ခြင်းကြောင့် စခန်းမသိမ်းနိုင်ခဲ့ပဲ ခြံစည်းရိုးကိုသာ မီးရှို့နိုင်ခဲ့သည် ဟု PDF အဖွဲ့ထံမှ သိရသည်။

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...