ထားဝယ်ပျောက်ကြားများ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့များ ထိခိုက်သေဆုံးမှုရှိ

ထားဝယ်ပျောက်ကြားများ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့များ ထိခိုက်သေဆုံးမှုရှိ

ထားဝယ်-ရေးကားလမ်းပေါ်တွင် စစ်ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု Dawei Guerrilla RevolutionaryForce -DGRF ထားဝယ် (ပကဖ) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထားဝယ်-ရေး ကားလမ်းပေါ်ရှိ ဇဟာကျေးရွာနှင့် မောင်မယ်ရှောင်ကျေးရွာအကြား တံတားမဲပေါ်တွင် အောက်တိုဘာ ၁၁ ရက်နေ့၊ နံနက် ၆ နာရီ ၄၅မိနစ်အချိန်ခန့် စစ်ကောင်စီယာဉ်တန်း မိုင်း ၄ လုံးဖြင့် ကြားဖြတ် တိုက်ခိုက် ခံလိုက်ရခြင်း ဖြစ်သည်။

ထားဝယ်ဘက်မှ ရေဖြူမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် အဆိုပါ ယာဉ်တန်းမှ ၄ စီး မြောက်ကားကို မိုင်း ၂ လုံးဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရှေ့ကား ၃ စီးမှာ မောင်းနှင်ပြေးသွားသည်ဟု သိရသည်။

“ရွာနဲ့နီးတော့ ဂျိမ်း ဂျိမ်း ဆိုပြီး ပေါက်ကွဲသံ ၂ ဆင့်ကြားရတယ်။ မြေကြီးပါတုန်သွားတာ စစ်တပ်ဘက်က သေ နတ်ပစ်သံတွေ ကြားရချိန်မှာပဲ နောက်ထပ် မိုင်း၂ လုံးထပ်ပြီး ပေါက်ကွဲတဲ့ အသံလည်း ကြားရသေးတယ်။ စစ်ကား တွေကတော့ ရေဖြူဘက် ဆက်မောင်းပြေးသွားတယ်” ဟု အသက် ၃၅ နှစ်အရွယ် မောင်မယ်ရှောင် ရွာသား တစ်ဦးက ပြောသည်။

မိုင်းထိမှန်ကာ ပျက်စီးရပ်တန့်သွားသည့် ကားအပါအဝင် ကျန်ရှိသည့်ကား ၄ စီး ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် လက်နက်ငယ်များဖြင့် အနီးပတ်ဝန်းကျင်အား ပြန်လည် ပစ်ခတ်နေစဉ် ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဆက် လက်ဖောက်ခွဲ တိုက်ခိုက်ရာတွင်လည်း စစ်သားများ ထပ်မံ ထိခိုက်သေဆုံးနိုင်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ထဲတွင် ရေးသားထားသည်။

မိုင်းပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများကြောင့် ရွာသားများ စိုးရိမ်ထိတ်လန့်ပြီး ဘေးလွတ်ရာ နေရာများသို့ ပုန်းရှောင်နေကြရသည်ဟု မောင်မယ်ရှောင် ရွာသားက ဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့်မှာ ကား၂ စီးဖြင့် ထပ်မံရောက်ရှိလာကာ အနီးပတ်ဝန်းကျင်တွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ပျက်စီးသွားသည့် ကားအား ဆွဲယူကာ ပြန်လည် ထွက် ခွာသွားသည်ဟု ဒေသခံများက ပြောသည်။ တိုက်ခိုက်မှုအတွင်း စစ်ကားတစ်စီး ပျက်စီးသွားသော်လည်း ထိခိုက်သေဆုံးနိုင်သည့် စစ်သားအရေအတွက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးဘူးဟု DGRF အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ယခု လုပ်ဆောင်မှုကို DGRFအဖွဲ့က ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာများတွင် နေထိုင်ကြ သည့် ပြည်သူများနှင့် သက်ဆိုင်မှု အလျင်းမရှိပါကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသား ဖေါ် ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့တွင်လည်း ထားဝယ် - မေတ္တာလမ်းပိုင်းတွင် ကား ၁၀ စီးပါ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

စက်တင်ဘာလဆန်းမှစတင်၍ တနင်္သာတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များသည် စစ်ကောင်စီ သတင်းပေး ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်အပြင် စစ်ကောင်စီယာဉ်တန်းများကိုပါ ကြားဖြတ် တိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ် ဖော်ဆောင်နေကြခြင်း ဖြစ်သည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...