စစ်ကောင်စီထံမှ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုနေမှု တရားဝင်ခြင်းမရှိဟု NUG ပြော

စစ်ကောင်စီထံမှ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုနေမှု တရားဝင်ခြင်းမရှိဟု NUG ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ အနေဖြင့် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် နယ်မြေများနှင့် ပြည်နယ်တောင်းဆိုနေခြင်းတို့အပေါ် စစ်ကောင်စီက မူအားဖြင့် သဘောတူခြင်း၊ သတ်မှတ်ပေးခြင်းမျိုးကို လုပ်ပိုင်ခွင့်မရှိသည့်အပြင် တရားဝင်ခြင်းလည်း မရှိ ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုလိုက်သည်။

နေပြည်တော်က စစ်ကောင်စီ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ရရှိရေး “ဝ” ပြည် သွေးစည်း ညီ ညွတ်ရေးပါတီ UWSP က တောင်းဆိုခဲ့သည့်အပြင် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ပင်လုံစာချုပ်ပါ အချက်များ အကောင် အထည်ဖော်ရေး တောင်းဆိုမှုများကို မူအားဖြင့် စစ်တပ်ဘက်က သဘောတူခဲ့သည်။

ယခုကဲ့သို့ စစ်အာဏာရှင်အား အမြစ်ပြတ်ဖြုတ်ချနိုင်ရေး တော်လှန်နေကြချိန်တွင် စစ်တပ်ထံမှ တောင်းဆိုနေ သည်များမှာ တရားမဝင်သည့်အပြင် စစ်ကောင်စီအနေဖြင့်လည်း ပြည်နယ်သစ် သတ်မှတ်ပေးပိုင်ခွင့်လည်း မရှိဘူးဟု NUG အစိုးရ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင် က ပြောသည်။

“ကျနော့်အနေနဲ့ကတော့ ပြည်နယ်တွေ သတ်မှတ်တာတို့၊ စစ်ကောင်စီနဲ့ စကားပြောတာတို့က စစ်ကောင်စီက ဒီ ဟာတွေကို ပေးလို့ရတဲ့လူလား။ ပေးပိုင်ခွင့်ရှိသလားဆိုတာ ကျနော်တို့က ပထမဦးဆုံးစဉ်းစားရမှာ။ သူတို့ အာ ဏာမြဲဖို့အတွက်ကို ပေးတယ်လို့ ယူတယ်တို့ အပေးအယူနဲ့ ကစားနေကြတာဗျာ။ အဲ့တော့ သူတို့မှာ ဒီလိုမျိုး ပေးပိုင်ခွင့်လည်းမရှိဘူး။ လူထုက သူတို့ကို အာဏာအပ်နှင်းထားတာလည်း မဟုတ်ဘူး။”

NUG အစိုးရအနေဖြင့် ကြားကာလ အခြေခံဥပဒေရေးဆွဲရေး ကိစ္စရပ်များ၊ ကြားကာလ အစိုးရပေါ်ပေါက်လာ ရေးနှင့် နိုင်ငံပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို တော်လှန်ရေးနဲ့အတူ တပြိုင်တည်းလုပ်ဆောင်နေကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များနှင့်လည်း ညှိနှိုင်းဆောင်ရွက် ရေးဆွဲနေကြသည့်အတွက် စစ်ကောင်စီနှင့် ညှိနှိုင်း နေမှုများက ခိုင်မာမှုမရှိသလို ပေးပိုင်ခွင့်လည်း မရှိဘူးဟု ဝန်ကြီး ဦးထင်လင်းအောင်က ဆက်ပြောသည်။

“သူတို့နဲ့ စကားပြောပြီးတော့ နယ်မြေကိုရယူမယ်ဆိုတာဟာ လူထုဆန္ဒလည်း မပါဘူး။ ဥပဒေကြောင်း အရ လည်း အခြေအမြစ် မရှိဘူး။ ထို့အတူပဲ ဖွဲ့စည်းပုံဆိုတာက ခိုင်ခိုင်မာမာမရှိပဲနဲ့ ဒီနယ်မြေကိစ္စတွေ စကားပြော နေမယ်ဆိုလို့ရှိရင် ဒီ စစ်ကောင်စီကို ဘယ်တုန်းက ဘယ်သူကများ ဘာတွေများ ယုံခဲ့ကြလို့လဲ။ ဆိုတော့ ဒီစစ် ကောင်စီနဲ့ ပြောဆိုထားတာတွေ့ လေထဲမှာ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး သိပြီးသားပေါ့နော်။”

အောက်တိုဘာလ ၇ ရက်နေ့က အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သတင်း စာရှင်းလင်းပွဲတွင် NUG အစိုးရ၏ တာဝန်ရှိသူများက စစ်ကောင်စီနှင့် တွေ့ဆုံနေသည့် ကိစ္စရပ်များ၊ ပြည်နယ် သစ်သတ်မှတ်ပေးရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့၏ တောင်းဆိုနေမှုများနှင့် ပတ်သက်၍ ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီထံ ပြည်နယ်ရရှိရေး တောင်းဆိုနေခြင်းမှာ အဓိပ္ပာယ်မရှိဘူးဟု NUG အစိုးရ၏ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာက ဆက်ပြောသည်။

“ဆိုတော့ အခုဆိုရင်လည်း “ဝ” ပြည်နယ်ပေးမယ့် “ဝ” ပြည်သူလူထုကလည်း ကျနော်တို့ ပြည်သူလူထုပါ ကျ နော်တို့ တိုင်းရင်းသားပါ၊ စစ်ကောင်စီနဲ့ဒါကို ပြောနေလို့ ဘယ်လိုနဲ့မှ အလုပ်မဖြစ်ဘူး အဆင်မပြေလည်း မပြေ ဘူး။ နှစ်ပေါင်း ၇၀ ကျော် အလိမ်အညာခံပြီးပြီ၊ သူတို့ပါးစပ်ထဲက ထွက်လာတဲ့ဟာက ကတိမရှိဘူး ကဝတ်မရှိ ဘူး။ အရေးအကြီးဆုံး တရားဝင်ခြင်း မရှိဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ့်ဖန်းတီး ဆိုတာ ပင်လုံစာချုပ်ကတည်း ကပင် ဖြစ်ပေးလာခဲ့တဲ့ ဥစ္စာဖြစ်တယ်။ တကယ်တမ်း အမှန်ကို ပြောရမယ် ဆိုရင် ကျနော်တိုင်းရင်းသား တွေရဲ့ ကံကြမ္မာက စစ်ကောင်စီတွေ မမွေးခင်မှာ ရှိပြီးသားပါ ဖြစ်ပြီးသားပါ။ ဒါသူတို့က ပေးရမယ့် ဥစ္စာလည်း မဟုတ်ဘူး။”

စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် "ဝ" ပြည် သွေးစည်း ညီ ညွှတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် ပြည်နယ်ရရှိရေး UWSP ၏ တောင်းဆိုမှု၊ NDAA ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး တောင်းဆိုမှု နှင့် SSPP ၏ ပင်လုံစာချုပ်ပါ အချက်များ အကောင်အထည်ဖော်ရေး တောင်းဆိုမှုများကို မူအားဖြင့် စစ်ကောင်စီ ခေါင်းဆောင်က သဘောတူခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်သစ်ဖွဲ့စည်းရေးကိစ္စ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိစ္စအပြင် ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ စစ်တပ်ကို ဖြုတ်ချပြီးမှသာ ဆွေးနွေးလုပ်ဆောင်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့က လည်း ထောက်ပြပြောဆို ထားကြသည်။

စစ်တပ်က အာဏာမသိမ်းခင်ကတည်းက မြန်မာနိုင်ငံထဲတွင် ဗမာလူမျိုးစုများ အနေဖြင့် အမျိုးသားပြည်နယ် တစ်ရပ် လိုအပ်သည် ဆိုသည့် တင်ပြ တောင်းဆိုမှုများရှိခဲ့သည့်အပြင် ရှမ်းနီ၊ တအာင်း(ပလောင်)၊ “ဝ”၊ ပအိုဝ်း တိုင်းရင်းသားများကလည်း ပြည်နယ်များ သတ်မှတ်ပေးရန် တောင်းဆိုထားကြသည်။

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...