ကျေးရွာ အုပ်ချုပ်ရေး မှူး သတ်ခံရပြီးနောက် ရွာသား ၃၅ ဦးကို တပ်က ဖမ်း

ကျေးရွာ အုပ်ချုပ်ရေး မှူး သတ်ခံရပြီးနောက် ရွာသား ၃၅ ဦးကို တပ်က ဖမ်း

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် ဒေသခံ ၃၅ ဦးကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး နောက်ပိုင်း ဒေသခံ ၃၆ ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဆက်တိုက်ဖမ်း ဆီးနေခြင်း ဖြစ်သည်ဟု သိရသည်။

“ထင်ရာမြင်ရာ ဆက်တိုက် လျှောက်ဖမ်းတာပါ။ အရင် အုပ်ချုပ်ရေးမှူး ဟောင်းတွေလည်း ပါတယ်။ NLD ပါတီ ဝန်းရံသူတွေလည်း အဖမ်းခံရတဲ့ အထဲမှာပါတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းဝင်း ကို တော်လှန်ရေးအင်အားစုများ က ပစ်သတ် လိုက်သည့်နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသအတွင်း လိုက်လံ စစ်ဆေးမှုများ လုပ်ပြီး မသင်္ကာသူများ ဟု ဆိုကာ ရွာသားအချို့ကို ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဒေသခံများထံ မှ သိရသည်။

ဖမ်းဆီးခံရသူများတွင် ယခု ပစ်သတ်ခံလိုက်ရသည့် အုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းထွန်း မတိုင်ခင် အုပ်ချုပ်ရေးမှူး လုပ်ခဲ့သည့် ဦးကုလားကြီး ၏ အစ်ကို ဆိုသူလည်း ပါဝင်ပြီး CDM ဝန်ထမ်းများ နှင့် NLD ပါတီ အား ထောက်ခံ ဝန်းရံသူများ ပါဝင်သည်ဟု သိရသည်။

ထို့အတူ ဇရပ်လှ၊ ကျုံပတုတ်နှင့် ပိတောက်ချောင်ကျေးရွာအုပ်စုများ အတွင်းရှိ CDM ဝန်ထမ်းများ နှင့် NLD ပါတီ ၏ ရပ်ကျေး ဥက္ကဋ္ဌ အချို့လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“စက်တင်ဘာ ၂၁ ရက်နေ့ အထိ ဖမ်းတုန်းပဲ အားလုံးကျီးလန့်စာ စားရသလိုဖြစ်နေတယ်။ ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့် မလုပ်နိုင်ဘူး” ဟု ကျုံပတုပ် ရွာခံ တစ်ဦး က ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း အချိန်တုန်းက ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ကျုံတာကျေး ရွာ အနီး ရေကြည် - ငသိုင်း လမ်းမပေါ် မှာ စစ်ကောင်စီခန့် ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းဝင်း ကို ရိုးမတိုက်ဂါးတော်လှန်ရေး တပ်ဖွဲ့ က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထား သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...