ဆန္ဒပြသူ အမျိုးသမီး ၇ ဦးကို ထောင်ဒဏ်များ ချမှတ်

ဆန္ဒပြသူ အမျိုးသမီး ၇ ဦးကို ထောင်ဒဏ်များ ချမှတ်

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာသိမ်းဆန့်ကျင်သူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် အမျိုးသမီး၇ ဦးကို ထောင်ချအသီးသီး ချလိုက်သည်ဟု သိရသည်။

စစ်တပ် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့သည့် အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၈ ဦး ကို စစ်ကောင်စီ လက်အောက်ခံ ဖားကန့်မြို့နယ်၊ တရားရုံးက ထောင်ဒဏ်များ အသီးသီးချလိုက်ခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက “အမျိုးသမီး ခုနှစ်ယောက်က ဆန်းကြွယ်ရွာက ပိုများတယ်။ ဦးသိန်းထွန်းကိုကတော့ လက်နက်မှောင်ခိုကိုင်တဲ့ အမှု၊ ဝစ်သောက်ကား မောင်းတဲ့အမှု၊ ဆန္ဒပြတဲ့အမှုနဲ့ ချလိုက်တာ” ဟု ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် အမျိုးသမီး ၇ ဦးကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည် ဟု ဆိုကာ စက်တင် ဘာလ ၂၀ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နှင့် ထောင်ဒဏ် ၁ နှစ်နှင့် ၆လစီ ချလိုက်ခြင်း ဖြစ်ခဲ့သည်။

ထို့အပြင် ၎င်းတို့နှင့် အတူဖမ်းမိခဲ့သည့် ဦးသိန်းထွန်း ဆိုသည့် အမျိုးသား ၁ ဦး ကို ထောင်ဒဏ် ၂ နှစ် နှင့် ၇ လ ချလိုက်ခြင်း ဖြစ်သည်ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ အမျိုးသားတစ်ဦး က ပြောသည်။

ဆန္ဒပြသွားမည့်သူများကို ကားဖြင့်လိုက်ပို့ခဲ့သူ ဦးသိန်းထွန်း ဆိုသူအား ဆန္ဒပြရာတွင် ပါဝင်သည့် အတွက် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ အပြင် ကားထဲတွင် သေနတ်တွေ့ရှိသည်ဟု ဆိုကာ တရားမဝင် လက်နက် ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်တစ်နှစ်၊ လိုင်စင်မဲ့ကား မောင်းနှင်သည့်အတွက်

ထောင်ဒဏ် တစ်လချမှတ်ခဲ့ သည် ဟု သိရသည်။

ယခုနှစ် ဇူလိုင်လအတွင်းက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ (ဆိုင်းတောင်) တွင် ဆန္ဒပြခဲ့ပြီး ကားနှင့် ပြန်လာကြ သူများကို အိမ်အပြန် လမ်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၎င်းတို့ ၈ ဦး ယခုကဲ့သို့ ဖားကန့်မြို့နယ် တရားရုံးက ထောင်ဒဏ်များ အသီးသီး ချလိုက်ခြင်း ဖြစ် သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြသည့်သူများထဲက ထောင်ဒဏ်ချ ခံထားရသူ စုစုပေါင်း အယောက် ၃၀ ကျော်ခန့် ရှိပြီဟု ဖားကန့်မြို့နယ်အတွင်း ဆန္ဒပြပွဲများကို ဦးဆောင်သူ တစ်ဦး က ပြောသည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...