မွန်အဖွဲ့များက စစ်ကောင်စီနှင့် မတွေ့တော့ရန် မွန်ပြည်သစ်ပါတီကို တောင်းဆို

မွန်အဖွဲ့များက စစ်ကောင်စီနှင့် မတွေ့တော့ရန် မွန်ပြည်သစ်ပါတီကို တောင်းဆို

စစ်ကောင်စီနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးမှုများ မလုပ်ရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က စာပေး ပို့ ပြီး တိုက်တွန်း တောင်းဆိုလိုက်သည်။

စစ်ကောင်စီက ပြုလုပ်လျှက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် အတုအယောင်သဘောမျှသာဖြစ်ပြီး ၎င်း တို့ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်ရှာရန်သာဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံ မပြု လုပ်ရန် မွန်အဖွဲ့အစည်း (၁၀) ဖွဲ့က တိုက်တွန်း တောင်းဆိုလိုက်သည်။

”ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ၂၀၀၈ အခြေခံဥပဒေဘောင်ကိုသာ အခြေခံသည့်အတွက် တိုင်းရင်းသား များ အလိုရှိသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမှု အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် ရေး အတွက် အထောက်အပံ့ပြုနိုင်မည် မဟုတ်ပါ၊ စစ်ကျွန်သံသရာကိုသာ သက်ဆိုးရှည်စေမည်” ဟု မွန်အဖွဲ့ အစည်း ၁၀ ဖွဲ့က ပြောဆိုထားသည်။

စစ်ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၎င်းတို့၏ အာဏာတည်မြဲရေးကိုသာ ကြိုးပမ်း နေသည့် အတွက် စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေး နေခြင်းသည် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းနေခြင်း မျှ သာ ဖြစ်သည်ဟု ပြောဆိုထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ဟန်ပြဆွေးနွေးပွဲများသာဖြစ်ပြီး၊ အင်အားကောင်း လာသော ပြည်သူ့ခုခံစစ် ဆင်နွှဲနေသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား သွေးခွဲခြင်း မျှသာဖြစ်သည်ဟုလည်း ပြောဆိုထားသည်။

မကြာသေးမှီကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်များ လက်နက် ဆက်လက် ကိုင်ဆောင်လိုပါက နယ်ခြားစောင့်တပ် (BGF) များအနေဖြင့် အသွင်ပြောင်းရမည်ဟု ထုတ်ဖော်ပြောကြားလာခဲ့ ခြင်းသည်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်တပ်နှင့် တန်းတူညီရေးကို လက်မခံနေ သည့် သဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဂုဏ်သိက္ခာ ကို စော်ကားလိုက်သည့် သဘောပင်ဖြစ်သည်ဟု မွန်အဖွဲ့အစည်း ၁၀ က ထောက်ပြပြောဆိုထားသည်။

မွန်ပြည်သစ်ပါတီကို စစ်ကောင်စီနှင့် မတွေ့ရန် တိုက်တွန်းတောင်းဆိုသည့် မွန်အဖွဲ့အစည်း ၁၀ ဖွဲ့သည် မွန်ပြည် နယ်ကျောင်းသားများသမဂ္ဂ၊ မော်လမြိုင်တက္ကသိုလ် သတင်းဌာန၊ မွန်အမျိုးသားကောင်စီ ဩစတြေလျား၊ မွန်အမျိူးသားကွန်ရက်၊ ရာမည ဖက်ဒရယ်အင်အားစုသစ်နှင့် အမည်မဖော်လိုသည့် မွန်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်း (၅) ဖွဲ့တို့ဖြစ်သည်။

စစ်ကောင်စီ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ တက်သင့် မတက်သင့်နှင့် ပတ်သက်ပြီး လဂွန်အိမ်စာစဥ်ကလည်း အွန်လိုင်းကနေတစ်ဆင့် စစ်တမ်းတစ်ခုကောက်ယူခဲ့သေးသည်။

အဆိုပါစစ်တမ်းအရ ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းကျော်က မွန်ပြည်သစ်ပါတီအနေနှင့် စစ်ကောင်စီဆွေးနွေးပွဲသို့ မတက်သင့်ကြောင်း မှတ်ချက်ပေးကြသည်ဟု လဂွန်းအိမ်စာစဥ်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်လွတ်မြောက် ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ တက်ရောက်ကြသည်။

မွန်ပြည်သစ်ပါတီအနေနှင့် စစ်ကောင်စီ၏ ဒုတိယအကြိမ်ဆွေးနွေးပွဲသို့ တက်၊ မတက်ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုထားခြင်းမရှိသေးပေ။ မွန်ပြည်သစ်ပါတီကို ဆက်သွယ်ရာတွင်လည်း ဆက်သွယ်၍ မရပေ။

စစ်ကောင်စီ ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို (၀) ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အစရှိသည့် အဖွဲ့ အစည်းတို့နှင့်အတူ မွန်ပြည်သစ်ပါတီလည်း တက်ရောက်ခဲ့သည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...