ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် ရွာထဲကထွက်သွားရန် ခြိမ်းခြောက်မောင်းထုတ်ခြင်းခံရသည့် ကျေးရွာ ၅ ရွာ အထိ ရှိလာ သည်။
ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှ ကျေးရွာများဖြစ်သည့် ကျွန်းကုန်း၊ တမာခေါ၊ တောင်စု၊ နောင်ကုန်းနှင့် ရန်မျိုး အောင် စသည့် ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီတပ်က ခြိမ်းခြောက် မောင်းထုတ်ခဲ့သည်ဟု ညောင် လေးပင်ခရိုင် မုန်းမြို့နယ် ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကရင့်လူမှုရေးရာ အဖွဲ့ တာဝန်ရှိသူ တစ်ဦး က “မုန်းမြို့နယ်ထဲမှာရှိတဲ့ရွာ ကျွန်းကုန်း၊ တမာခေါ၊ တောင်စု တောင်စုဆိုတာ အရှေ့စု အနောက်စု ဆိုတာရှိတယ်။ တောင်စုက ၂ ရွာပုံစံ ဒါပေမယ့် တောင်စုလို့ပဲပြောတာ အရှေ့စု အနောက်စုရှိတယ်။
တောင်စု၊ နောင်ကုန်း၊ ရန် မျိုးအောင်က ၁၁ ရက်နေ့ ကနေပြီးတော့ သူတို့ အဲမှာ တမာခေါ၊ တောင်စုရွာ အဲမှာ အကုန်လုံးပြောင်းဖို့ ညွှန် ကြားပြီးတော့ ၁၂ ရက်နေ့မှာ သူတို့ အကုန် ထွက်တာပဲလေ အဲဒီရွာက လူတွေက ၁၁ ရက်နေ့ကနေ သူတို့ စမောင်းထုတ်တာပေါ့။ ဘယ်လိုအကြောင်းကြောင့် မောင်းထုတ်တာလဲတော့ မသိဘူး။ ဒါပေမယ့် သူတို့တော့ မောင်းထုတ်တဲ့ အပေါ်မှာ ခြိမ်းခြောက်တာတွေတော့ ပါတာပေါ့။ ထွက် အကုန်မထွက်ရင် လက်နက်ကြီးတွေ ရွာထဲကို ပစ်ချမယ်။ ဘာ ညာ အဲ့လိုတော့ ရှိတာပေါ့” ဟု ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က တမာခေါ၊ တောင်စုကျေးရွာများနှင့် မနီးမဝေးတွင် ရှိသည့် နောင်ကုန်းကျေးရွာမှ ဒေသခံများကို ရွာလုံးကျွတ်ထွက်သွားရန် အတင်းအကြပ် မောင်းထုတ်သည့် အတွက် အိမ်ခြေ ၁၆၇ လုံးမှ လူဦးရေ ၉၄၅ ဦးမှာ အခြားဒေသများသို့ တိမ်းရှောင်ခဲ့ကြရသည်ဟု အဆိုပါ ကရင် လူမှုရေးရာ အဖွဲ့တာဝန်ရှိသူ က ဆက်ပြောသည်။
“မနေ့ ညနေ ၃ နာရီခွဲ မှာလည်း ဒီ နောင်ကုန်းဆိုတဲ့ ရွာထဲဝင်ပြီးတော့ ရွာကလူတွေ အကုန်လုံးမောင်းထုတ် တယ်။ အဲဒီရွာကလူတွေ အကုန်လုံးမောင်းထုတ်တယ် တချို့ကတော့ ကျနော်တို့ ဒီဖက် အနောက်ဖက်ခြမ်းကို ထွက်လာတယ်။ တချို့ ကတော့ ကျောက်ကြီးဖက်ကို သွားခိုင်းတာ ကျောက်ကြီး အဝင် ဆိပ်ကြီးဆိုတဲ့ ဂိတ်မှာ အကုန်လုံး ဖုန်း ပါတဲ့ ဖုန်းတွေ အကုန်လုံးသိမ်းထားတယ်” ဟုပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့က KNU ဗဟို၏ သတင်းထုတ်ပြန်ချက်ထဲတွင် စက်တင်ဘာလ (၁၁) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းသည် KNU- မုန်းမြို့နယ် စီမံ အုပ်ချုပ်မှုနယ်မြေ အတွင်းရှိ တမာခေါနှင့် တောင်စုကျေးရွာရှိ ရပ်မိရပ်ဖများကို ခေါ်တွေ့ကာ ကျေးရွာ ပြည်သူ လူထုများအား ကျေးရွာမှ ထွက်ခွာရန်နှင့် မထွက်ခွာလျှင် ကျေးရွာ၊ နေအိမ်များကို မီးရှို့ဖျက်စီးမည်ဟု ခြိမ်း ခြောက် ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် တမာခေါ ကျေးရွာရှိ အိမ်ခြေစု (၆၁) စုမှ လူဦးရေစုစုပေါင်း (၃၃၄) ဦး တို့သည် ကြောက်ရွံ့ ထိတ်လန့်ကာ ကျေးရွာမှ ရွာလုံးကျွတ်ထွက်ခွာပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်ရသည်ဟု KNU ဗဟို၏ သတင်း ထုတ် ပြန်ချက်ထဲတွင် ပါရှိသည်။ သို့သော် တောင်စုကျေးရွာမှ ဒေသခံများမှာ KNU-မုန်းမြို့နယ်ရှိ တာဝန်ရှိ ခေါင်း ဆောင်များ၏ စီမံထိန်းသိမ်းမှုဖြင့် ကျေးရွာတွင်သာ နေထိုင်စေသည်ဟု ဆိုသည်။
အဆိုပါ ကျေးရွာ ၃ ရွာအပြင် ကျွန်းကုန်းနှင့် ရန်မျိုးအောင်ကျေးရွာများမှ ဒေသခံများကိုလည်း စစ်ကောင်စီတပ် က ခြိမ်းခြောက်မောင်းထုတ်ခဲ့သည်ဟု မုန်းမြို့နယ် ကရင့်လူမှုရေးရာ အဖွဲ့က ပြောသည်။
ဒေသခံများမှာ စစ်ကောင်စီတပ်၏ အတင်းအကြပ် ခြိမ်းခြောက် မောင်းထုတ်မှုကြောင့် နေရာအနှံသို့ ထွက်သွား ကြရပြီး စားဝတ်နေရေးကို အဆင်ပြေသလို ဖြေရှင်းနေရသည်ဟု သိရသည်။
မုန်းမြို့နယ် ကရင်လူမှုရေးရာ တာဝန်ရှိသူ တစ်ဦးက “ရှောင်တာကတော့ အခုက နေရာအနှံ့ပါပဲ သူတို့က အခု သူတို့ စစ်တောင်းမြစ် အနောက်ဖက်က နေပြီးတော့ ဟိုးဖက် အနောက်ဖက်ရွာကနေပြီးတော့ ပြေးတဲ့လူတွေ ရှိသလို ကျနော်တို့ ဒီ စစ်တောင်းမြစ်အရှေ့ စစ်တောင်း နခမ်းမှာ ကျန်နေသေးတဲ့ ရွာတွေပေါ်မှာ လာပြီးတော့ ခိုလှုံတဲ့ လူတွေ ရှိသလို မနေ့ကဆို နောင် ကုန်းကတော့ ကျောက်ကြီးဖက်ကို သူတို့ မောင်းထည့်သွားတာ ကျောက်ကြီးမြို့နယ်ဖက်ကို တချို့က အမျိုး အိမ်တွေမှာ တချို့က
ဘုန်းကြီးကျောင်းမှာ အဲလိုပဲ ရှိတယ်” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ မုန်မြို့နယ် အ တွင်းတွင် တိုက်ပွဲများကြောင့် သော်လည်းကောင်း၊ စစ်တပ်က အတင်းအကြပ် မောင်းထုတ်၍ သော်လည်း ကောင်း ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံ ဦးရေမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ၁၈၆၆၉ ဦး အထိရှိလာသည်ဟု KNU က ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
ထိုလူဦးရေစာရင်းမှာ ကျေးရွာအုပ်စု ၁၇ စုမှ ကျေးရွာပေါင်း ၆၁ ရွာက ဒေသခံများဖြစ်ပြီး အိမ်ခြေအား ဖြင့် ၃၂၃၆ လုံး ဖြစ်သည်ဟု ဆိုသည်။