မြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဌ ပစ်သတ်ခံရ

မြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဌ ပစ်သတ်ခံရ

ပုလောမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ သေနတ် ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့၊ ရန်ကုန် - မြိတ်သွား လမ်းမကြီးပေါ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်ကပုလောမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ ဦးမောင်ယု အသက် ၆၅ နှစ်သည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ဆိုင်ကယ်စီး၍ ပြန်လာစဉ် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဦးမောင်ယုအား လူ ၃ ဦးက သင်္ကန်းမော်လမ်းနှင့် ရွှေလုံးအော်လမ်းခုလတ်တွင် စောင့်ဆိုင်းတားဆီး၍ သေနတ် ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် PRDF တပ်ဖွဲ့ဝင်တစ်ဦးက “သူ့ဆီမှာ သေနတ်တော့ မတွေ့ရဘူး။ သိမ်းမိတဲ့ ဖုန်းထဲကို စစ်ဆေးကြည့်တာ စစ်တပ်တွေဆီ သတင်းပေး တာတွေ၊ PDFတွေ မဟာမိတ်တပ်ပေါင်းစုတွေ အကြောင်း သတင်းပို့ထားတာတွေ့တယ်” ဟု ပြောသည်။

ပထမဆုံးအကြိမ် စတင်သည့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အိမ်သို့ပြန်လာသည့် ဦးမောင်ယုအား စောင့် ဆိုင်း ဖမ်းဆီးရန် တားဆီးစဉ် ပြန်လည် ခုခံရန်ပြုသဖြင့် သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ခဲ့ရသည်ဟု ပုလော ဒေသ ကာကွယ်ရေး (PRDF) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဦးမောင်ယုထံမှ စစ်ဘက်သုံး လက်ပစ်ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်း တလုံး၊ Wave i 125 ဆိုင်ကယ် အဖြူတစီး၊ ငွေသား ကိုးသိန်းကျပ်၊ မှတ်ပုံတင် ၈ခု၊ စိတ်ကြွဆေးပြား WY ပန်းရောင် ၈လုံး၊ ခဲပြားတပြား (WYသုံးသည့် ခဲပြား)၊ ရွှေလက်စွပ် ၃ ကွင်း၊ ဆေးထိုးအပ်နှင့် ဆေးဝါးများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ပုလောမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ ဦးမောင်ယုသည် ဘိသိက်ဆရာအဖြစ် လုပ်ကိုင်လျက်ရှိပြီး စစ်အာဏာ သိမ်းပြီးချိန်မှ စတင်၍ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပျူစောထီးအဖွဲ့ခေါင်းဆောင် အဖြစ် လက်နက်ကိုင် ဆောင်သွားလာနေသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ၎င်းသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကိုလည်း ၎င်း၏ ထောက်ခံချက်ဖြင့်သာ ခန့်ထားခြင်း ကြောင့် အုပ်ချုပ်ရေးပိုင်းတွင်လည်း သြဇာရှိသူတစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နန်းထိုက်အောင်စစ်ဆင်ရေးကို ယခုထက်ပို၍ အရှိန်ဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပုလော ဒေသကာကွယ်ရေး တပ်ဖွဲ့ ( PRDF) က သတင်းထုတ်ပြန်ထားသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...