မြန်မာသံအမတ်ကို ဘင်္ဂလာနိုင်ငံခြားရေးဝန်ကြီးဌာနက တတိယအကြိမ် ဆင့်ခေါ်ကန့်ကွက်

မြန်မာသံအမတ်ကို ဘင်္ဂလာနိုင်ငံခြားရေးဝန်ကြီးဌာနက တတိယအကြိမ် ဆင့်ခေါ်ကန့်ကွက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တတိယအကြိမ်ဆင့်ခေါ်ပြီး သူနိုင်ငံအတွင်း လေယာဉ်များဝင်ရောက်မှု၊ အမြောက်ကျည်ကျရောက်မှုတို့ အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ တနင်္ဂနွေနေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ယမန်နေ့ စက်တင်ဘာ ၃ ရက်က ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း မြန်မာဘက်က အမြောက် ကျည်ဆန်များ ကျရောက်မှုအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း၊ တရားဝင်စာတစ်စောင်ကိုလည်း မြန်မာသံအမတ် အောင်ကျော်မိုးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Bangla Tribune က သတင်းဖော်ပြသည်။

မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၅ ရက်အတွင်း သုံးကြိမ်တိုင်တိုင် ဆင့်ခေါ်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် မြန်မာ့နိုင်ငံ အရေးကို ကိုင်တွယ်သည့် မြန်မာဆိုင်ရာညွှန်ကြားရေးမှူးချုပ် Mia Mainul Kabir က မြန်မာသံ အမတ်အား ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

၎င်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "သံအမတ်ကြီးကို ဒီမနက်က ဆင့်ခေါ်ပြီး တစ်နာရီလောက် အစည်းဝေးလုပ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က မကျေမနပ်ဖြစ်မှုကို အကြောင်းကြားခဲ့ပါတယ်” ဟု ပြောသည်။

မြန်မာ သံအမတ်ကြီးကို ဒက္ကားရှိ နိုင်ငံတော် ဧည့်ရိပ်သာ Padma သို့ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်ကြောင်း သတင်းတွင် ဖော်ပြသည်။

မနေ့က စနေနေ့တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်ဒရိုဘင် (ရွာတော်) ခရိုင်အတွင်း သို့ ဝင်ရောက်ပြီး တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များမှ ပြင်းထန်သော တိုက်ခိုက်မှုများကို  ပြုလုပ်ခဲ့ကြောင်း၊  မြန်မာနယ်စပ်အနီးရှိ ခေါင်းတုံး ဧရိယာတွင် ယမန်နေ့ နံနက် ၉ နာရီ ၂၀ ခန့်တွင် မြန်မာ စစ်လေယာဉ်များနှင့် ရဟတ်ယာဉ်များမှ ကျည်များနှင့် သေနတ်များ ပစ်ခတ်ခဲ့ကြောင်း ပြောဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က တစ်ပတ်အတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေသည် (၂) ကြိမ် နယ်နိမိတ်ကို ချိုးဖောက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်နမိတ်ထဲကို  ဝင်ရောက်ခဲ့သည်ဟု ပြောဆိုသည်။

“မြန်မာနိုင်ငံမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားနေပါတယ်။ ကျွန်တော်တို့ နယ်စပ်ကို ပိတ်ပြီးပြီ။ မြန်မာဘက်က ဘယ်လောက်ပဲ ဆက်ပြီး နိုးဆွရန်စမှု ပြုလုပ်နေပါစေ နယ်စပ်ကတဆင့် ဘင်္ဂလားဒေ့ရှ်ကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါဘူး” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို မြန်မာဘက်မှ မည်သူမျှ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်းသို့ မဝင်ရောက်နိုင်စေရန် သတိပေးထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ အစောပိုင်းက ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းနယ်၊ ဘင်ဒရိုင်ဘင် (ရွာတော်ခရိုင်)  နတ်ကျောက်ဆရီမြို့နယ်၊ တောင်ပြိုအနီးတွင် မော်တာကျည်နှစ် လုံး ကျရောက်သဖြင့် မြန်မာသံအမတ် အောင်ကျော်မိုးကို ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ကန့်ကွက်ခဲ့သေးသည်။

Most read this week

January 17, 2025
ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃...
January 15, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသည့် လူငယ်များကို...
January 14, 2025
ရခိုင်တွင် အရပ်ဘက်နေရာများကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲမှုများ...