စစ်ကောင်စီတပ်သား၏ သေနတ်လုပြေးသော ဟားခါးမြို့က လူငယ်တစ်ဦး၏ မိဘနေအိမ်ချိတ်ပိတ်ခံရ

စစ်ကောင်စီတပ်သား၏ သေနတ်လုပြေးသော ဟားခါးမြို့က လူငယ်တစ်ဦး၏ မိဘနေအိမ်ချိတ်ပိတ်ခံရ

ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင်ရှိသည့် အင်းဝဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား၏ သေနတ်လုပြေးခဲ့သော လူငယ်တစ်ဦး၏ မိဘနေအိမ်ကို ဇူလိုင်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်ခဲ့သည်ဟု သိရသည်။

“အင်းဝဘဏ်နားမှာ ရဲတွေကနေကြတာ သူတို့အိမ်လည်း အဲ့အနားမှာဆိုတော့ ကင်းစောင့်တဲ့သူတွေနဲ့ အရက်အတူသောက်ဖြစ်တယ်။ ရဲတွေလည်း အရက်အကုန်မှုးကြတော့ သေနတ်တလက်ကို ခိုးပြီးပြေးတာ သူ့မိဘတွေလည်း အဲ့ကိစ္စနဲ့ မနေရဲတော့တာ။ အဲ့အဖြစ်အပျက်က တနှစ်လောက်ကြာပြီ သူတို့အိမ်ကို အတိအကျမသိလို့ မနေ့တနေ့ကပဲ သူတို့အိမ်မှန်းသိတော့ ချိတ်ပိတ်ခံလိုက်တာ” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်လုသည့်ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသော ပြည်သူများအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းပြီးနောက် ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များ စတင်ဖွဲ့စည်းခဲ့သောအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က သေနတ်လုပ်ပြေးသွားသော လူငယ်၏နေအိမ်အား လိုက်လံစုံစမ်းခဲ့ရာတွင် မကြာသေးခင်ကမှ သိရှိခဲ့ပြီးနောက် ယခုကဲ့သို့ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

၎င်း၏ မိသားစုဝင်များမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က လုံခြုံသည့်နေရာတွင် တိမ်းရှောင်ခိုလှုံခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ နိုင်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူခဲ့သည့်လူနေအိမ် ၆ အိမ်ရှိခဲ့ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွတ်တော်ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ကိုမှု စစ်ကောင်စီတပ်မှ ပြန်လည်ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆမီးမြို့က NLD လွတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်နေအိမ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က ဟားခါးမြို့က ချင်းအမျိုးသားတပ်ဦး CNF ဒု-က္ကဌလည်းဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖယ်ဒရယ်ပြည်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနေအိမ်၊ သိက္ခာတော်ရဆရာတော် ဦးဗန်ကျဲမ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ ဖလမ်းမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်နယ်လွတ်တော်အမတ် Pu Ral Hnin (ပူးရမ်နှင်း) နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...