ပါတီ ရှင်သန်ရေးအတွက် SNLD ဆက်လက် ကြိုးပမ်းသွားမည်

ပါတီ ရှင်သန်ရေးအတွက် SNLD ဆက်လက် ကြိုးပမ်းသွားမည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အနေဖြင့် မိမိတို့ပါတီ ဆက်လက်ရှင်သန်ရေး အတွက် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) ထံ အစစ်ဆေးခံခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

SNLD ပါတီ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့် က ပါတီ ဆက်လက်ရှင်သန်ရေးက အရေးကြီးသည်ဟု ပြောသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှ ပြောစရာမရှိပါဘူး။ ပါတီအားလုံးဟာ ၂၀၀၈ ခြေဥအောက်က ဖွဲ့ထားတာပဲ။ အဲ့ ဒီတော့ ကြိုက်ခြင်း မကြိုက်ခြင်းဟာ သပ်သပ်ဖြစ်တယ်။ ပါတီတည်ရှိခြင်း မရှိခြင်းဟာ သပ်သပ်ဖြစ်တယ် ဒါ ပါပဲ။ ပါတီ ဆက်လက် ရှင်သန်ရေးကလည်း အရေးကြီးတယ်” ဟု စိုင်းကျော်ညွန့်က ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အနေ ဖြင့် SNLD ပါတီ၏ အင်အား၊ ပါတီရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်း ရှင်းလင်းဖျက် သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စစ်တကျ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၅ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထား သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ အပြင် စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ ပါဝင်ခဲ့ပြီး ရှမ်းပြည်နယ် UEC အဖွဲ့ခွဲရုံးတွင် ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည်ဟု စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ငန်းစဉ်များအား စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ယနေ့ ဇွန်လ ၅ ရက်နေ့အထိ ပါတီ ၈၅ ခုအား စစ်ဆေးပြီး ဖြစ်ကြောင်းနှင့် ကျန်သည့် ပါတီ ၇ ခုအားလည်း စစ်ဆေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို သတ်မှတ်ချိန်အတွင်း ငွေစာရင်း လာအစစ်မခံရင် ပါတီဖျက်သိမ်းတဲ့အထိ အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ အတွင်းက သတိပေးခဲ့သည်။

 SNLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၄၂ ဦးအထိ အနိုင်ရရှိခဲ့ပြီး မြန်မာတစ်ပြည်လုံး တတိယ အများဆုံး အနိုင်ရခဲ့သည့် ပါတီလည်း ဖြစ်သည်။

ထိုရွေးကောက်ပွဲတွင် SNLD ပါတီ အနေဖြင့် အမျိုးသားလွှတ်တော်အမတ် ၂ နေရာ၊ ပြည့်သူ့လွှတ်တော် ၁၃ နေ ရာနှင့် ပြည်နယ်လွှတ်တော် ၂၈ နေရာအထိ အနိုင်ရထားခြင်း ဖြစ်သည်။

သို့ဖြစ်သော်လည်း SNLD ပါတီအနေဖြင့် စစ်ကောင်စီ ပြုလုပ်မည်ဟု ကြေညာထားသည့် အချိုးကျကိုယ်စားပြု စနစ် (PR စနစ်) ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာ စဉ်းစား ထားခြင်းမျိုး မရှိသေးဘူးဟုသာ  SNLD ပါတီ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်က ပြောသည်။

SNLD သည် ၁၉၉၀ မှစတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်အတူ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည့် လူထု ထောက်ခံမှုအားကောင်းသည့် တိုင်းရင်းသားပါတီဖြစ်ပြီး ရွေးကောက်ပွဲတိုင်းတွင်လည်း ဒုတိယနေရာ အများဆုံး ရလေ့ရှိသည့် ပါတီဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းယူပြီးနောက် မဲအများဆုံး သူအနိုင်ရ ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် အစားထိုး၍ ရွေးကောက်ပွဲပြန်လုပ်မည်ဟု ထုတ်ပြန်ပြောဆိုထားသည်။ SNLD သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း နေရာ ၄၀ ကျော်တွင် အနိုင်ရခဲ့သည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...