အမျိုးသမီး ၁၁ ဦးအပါအဝင် ရိုဟင်ဂျာ ၂၈ ဦး ကမ်းခြေတွင် ဖမ်းခံရ

အမျိုးသမီး ၁၁ ဦးအပါအဝင် ရိုဟင်ဂျာ ၂၈ ဦး ကမ်းခြေတွင် ဖမ်းခံရ

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ကမ်းစပ်တွင် အမျိုးသမီး ၁၁ ဦးအပါအဝင် ရိုဟင်ဂျာ ၂၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည် ဟု သိရသည်။

ကျိုက်လတ်မြစ်ကြောင်း အတိုင်း စိန်ဟိုင်းကျေးရွာ တံတားဘက်သို့ မောင်းနှင်လာသည့် စက်လှေတစ်စီး က  လာရောက်ပို့ ဆောင်သွားသည့် ရိုဟင်ဂျာ ၂၈ ဦး ကညင်ကိုင်း ကျေးရွာအုပ်စု၊ ဝဲစွန်းကျေးရွာအနီးတွင် ဖမ်းဆီးခံလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်နဲ့ရဲက စိန်ဟိုင်းတံတားကနေ ကင်းပုန်းဝပ်ပြီး စောင့်နေတာ။ စက်လှေက တံတားအထိ မောင်းမလာဘဲ ဝဲစွန်းကမ်းစပ်မှာ လူတွေ ချထားခဲ့ပြီး နောက်ကြောင်း ပြန်မောင်းပြေးသွားတယ်” ဟု ဒေသခံ အုပ်ချုပ်ရေးဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

အဆိုပါ ရိုဟင်ဂျာ ၂၈ ဦးကို  စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဇွန်လ ၂၁ ရက်နေ့ည ၁၀ နာရီဝန်းကျင် အချိန်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ ပြောသည်။

ကျိုက်လတ် မြို့မရဲစခန်းနှင့် မြင်းကကုန်း နယ်မြေရဲစခန်းက ရဲ့တပ်ဖွဲ့ဝင်များနှင့် စစ်သားများပါဝင်သည့် စစ် ကောင်စီ၏ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

ရိုဟင်ဂျာများကို တင်ဆောင်လာသည့် စက်လှေမှာ ပင်လယ်ပြင်တွင် အသုံးပြုသည့် ချွန်းကောင်ခေါ် ဂါး အမျိုး အစား စက်လှေဖြစ်ပြီး စက်လှေမောင်းသူ နှင့် လှေလုပ်သား ၂  ဦး လွတ်မြောက်သွားသည်ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူက ပြောသည်။

အဖမ်းခံရသူများမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြ သူများဖြစ်ပြီး ပင်လယ်ကမ်ရိုးတန်း ရေလမ်းအတိုင်း ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ မြစ်ကြောင်းလမ်းမှ တစ်ဆင့် ဧရာဝတီတိုင်း အတွင်းသို့ ဝင်ရောက်လာသည်ဟု ရဲသတင်း အသိုင်းအဝိုင်းထံမှ သိရသည်။

ကျိုက်လတ် ဒေသခံ လဝက ဦးစီးဌာန ဝန်ထမ်းဟောင်း တစ်ဦးက “သူတို့က ရခိုင် ရိုဟင်ဂျာ မူဆလင် တွေပါ။ ဝှိုက်ကဒ်တွေ ပြနိုင်တယ်။ အိမ်ထောင်စု ဇယားလည်း ပြနိုင်တယ်။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့် မရကြဘူး ပေါ် လစီရဲ့ သားကောင်တွေ ဖြစ်နေရတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ မူဆလင် အများစုမှာ မြို့ပြနှင့် ဝေးသည့် ကျေးလက်ဒေသများတွင် နေထိုင်သူများ ဖြစ်ပြီး အစိုးရအဆက်ဆက် ထုတ်ပြန်ထားသည့် ဥပဒေ စည်းကမ်းများကို မသိသူများသည်ဟု အရပ်ဘက် မူဆ လင် လူမှုအဖွဲ့အစည်း အချို့ထံမှ သိရသည်။

လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဇော်က “သူတို့တွေက မြို့ကြီးပြကြီး မရောက်ဖူးကြဘူး။ လျှပ်စစ် မီးတောင် မမြင်ဖူးတဲ့ သူတွေပါတယ်။ အရှက်မလုံ အသက်မလုံ ဘဝတွေမို့ ရေကြည်ရာ မြက်နုရာရှာရင်း မသ မာသူတွေရဲ့ လူကုန်ကူးတာတွေလည်း ခံနေရတယ်” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဧပြီလမှ ဇွန်လ တတိယအထိ ရခိုင်ပြည်နယ် နှင့် ရေလမ်းကုန်းလမ်း ထိစပ်နေ သည့် ဧရာဝတီတိုင်းအတွင်းသို့ နယ်မြေဖြတ်ကျော် ဝင်ရောက်လာသော ရိုဟင်ဂျာ မူဆလင် ၂၅၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်များကို ကြံခင်း၊ ရေကြည်၊ လေးမျက်နှာ၊ သာပေါင်း၊ ပုသိမ်၊ ငပု တော၊ ဒေးဒရဲ၊ လပွတ္တာ၊ ဖျာပုံတို့ရှိ ရခိုင်ပြည်နယ်ဘက် ရေလမ်း၊ ကုန်းလမ်းဝင် ပေါက်များတွင် ဖမ်းမိခဲ့ခြင်း ဖြစ် သည်ဟု ဒေသခံများ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်များအရ သိရသည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...