ဟင်္သာမီဒီယာ။ ။ အရင်ဆုံးအနေနဲ့ လက်ရှိမှာ Hot issue တစ်ခုဖြစ်နေတဲ့ H1N1 ရောဂါ ဖြစ်ပွားမှု အဆင့်ဆင်နဲ့ ကူးစပ်ပုံ အဆင့်ဆင့်ကို ရှင်းပြပေးပါဦး။
ဒေါက်တာဇော်မင်းထွန်း။ ။ swine flu လို့ခေါ်တဲ့ ဒီဗိုင်းရပ်စ်က စစချင်တော့ ဝက်မှာ ဖြစ်တဲ့ ဗိုင်းရပ်စ်ပေါ့၊ ဝက်မှာ ဖြစ်တဲ့ ဗိုင်းရပ်စ်ကနေ နည်းနည်းချင် အသွင်ပြောင်းလာတဲ့ အချိန်မှာ လူကို ကူးလာတယ်၊ ပထမမှာတော့ လူတစ်ယောက်ကနေ တစ်ယောက် မကူးဘူး၊ နောက်ပိုင်းမှာ လူကူးသွားတာ ဖြစ်တယ်၊ အရင်တုန်းက ဝက်မှာ ဖြစ်ခဲ့ဖူးတဲ့ ဗိုင်းရပ်စ် အမျိုးအစားဖြစ်လို့ ဝက်ကလာတဲ့ swine flu လို့ခေါ်နေတာ ဖြစ်တယ်၊ အခုကျတော့ ဝက်ကနေ မဟုတ်တော့ပဲ လူကနေ လူကို ပြန့်နေတာ ဖြစ်တယ်၊ ကူးစက်တာတော့ လေကနေတဆင့် နှာစေး၊ ချောင်းဆိုတာက တဆင့်ကူးတာ ဖြစ်တယ်။
ဟင်္သာမီဒီယာ။ ။ အခုပြန်ဖြစ်နေတဲ့ H5N1 အကြောင်းလေးလည်း နည်းနည်းလောက် ရှင်းပြပေးပါဦး။
ဒေါက်တာဇော်မင်းထွန်း။ ။ H5N1 က တစ်နည်းအားဖြင့် အေဗွီအမ်ဖလုလို့ ခေါ်တယ်၊ သူကတော့ ကြက်တွေမှာ ဖြစ်တဲ့ ရောဂါ၊ ခဏကပြောတဲ့ swine flu လိုပဲပေါ့၊ အရင်တုန်းက ကြက်တွေမှာပဲဖြစ်တယ်၊ ကြက်တွေမှာပဲ ဖြစ်ပေမယ့် ကြက်တွေနဲ့ အနေနီးတဲ့ မွေးမြူရေးသမားတွေမှာ ကူးနိုင်တယ်၊ ဒါပေမယ့် ကူးနိုင်သည်ဆိုသော်ညားလည်း တစ်ဦးနဲ့တစ်ဦး လူလူချင်း ကူးဖို့ အရမ်းခက်ခဲသေးတယ်၊ လူလူချင်း ကူးခဲသေးတယ်ပေါ့၊ အလွန်တကူ မကူးဘူး၊ သူရဲ့ ဆိုးတဲ့အချက်ကတော့ လူကို ကူးပြီးဆိုရင် သေးဆုံးမှု ရာခိုင်နှုန်းက ၆၀ လောက်ရှိတယ်၊ သုံးယောက်မှာ နှစ်ယောက်လောက် သေနိုင်တယ်။
ဟင်္သာမီဒီယာ။ ။ အခုလို အပြောများနေတဲ့ H1N1 ဗိုင်းရပ်စ်ဟာ Pandemic အရ တစ်ကမ္ဘာလုံးအတိုင်းအတာ တစ်ခုလုံးမှာ ဖြစ်ပွားနေတဲ့ ရောဂါတစ်ခုဖြစ်တယ်၊ ဒီရောဂါအရ မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေရှိနေလဲ။
ဒေါက်တာဇော်မင်းထွန်း။ ။ တုပ်ကွေးဗိုင်းရပ်စ်တွေဟာ နှစ်စဉ် နည်းနည်းခြင်းပြောင်းတယ်၊ နည်းနည်းချင်းပြောင်းရမှ တချို့ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေသည် ရုတ်တရက်ကြီး ပြောင်းလဲတက်တယ်၊ ရုတ်ကရက်ကြီးပြောင်းတက်တဲ့ အချိန်မှာ လူတွေက ခံနိုင်ရည်မရှိဘူး၊ ဒီလို ခံနိုင်ရည်မရှိတော့ လူအများစုကို ကူးစက်သွားတဲ့အခါ pandemic လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ တုပ်ကွေးဖြစ်သွားတယ်၊ အခုဖြစ်နေတဲ့ H1N1 PDM 2009 ဆိုတာသည် ၂၀၀၉ ခုနှစ်မှာ pandemic ဖြစ်ခဲ့တဲ့ လက္ခာပါ၊ အဲလို တစ်ကမ္ဘာလုံးမှာ ဖြစ်ပြီးသွားရင် လူတွေမှာ ဆက်သွယ်မှုတွေ ရလာတယ်၊ အဲဒါနဲ့ နောက်ပိုင်းမှာ pandemicတော့ မဖြစ်တော့ဘူး၊ မဖြစ်တော့ပေမယ့် ကပ်ရောဂါအသွင်တော့ နိုင်ငံတွေမှာ ပဲဖြစ်ဖြစ်၊ ဒေသတစ်ချို့မှာပဲ ဖြစ်ဖြစ် ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့လို့ pandemic ဖြစ်ပြီးသွားလို့ရှိရင် ဆရာတို့က သူတို့ ရာသီတုပ်ကွေးလို့ပဲ သတ်မှတ်တယ်၊ ဒါကြောင့်မို့လို့ ရာသီတုပ်ကွေးလို့ ပြောတာဖြစ်တယ်၊ pandemic ဖြစ်ခဲ့ဖူးတဲ့ ၁၉၁၈ ခုနှစ်ကတည်း အမေရိကန်မှာ စဖြစ်ခဲ့ပြီး အဲဒီအချိန်ကတည်း H1N1 ဖြစ်ခဲ့တယ်၊ H1N1 မှာတော့ H1N1 ကွဲအောင်လို့ အခုဖြစ်တဲ့ ရှာတွေ့တဲ့ ဗိုင်းရပ်စ် အမျိုးအစားကို H1N1 PDM 2009 လို့ ခွဲပြီးတော့ ဖော်ပြထားတာဖြစ်တယ်။
ဟင်္သာမီဒီယာ။ ။ ဒီရောဂါက ဘယ်လိုလူတွေမှာ အများဆုံး ကူးစက်ပြန့်ပွားနိုင်လဲ။
ဒေါက်တာဇော်မင်းထွန်း။ ။ ဘယ်လို လူတွေမှာ အများဆုံးဖြစ်လဲဆိုတော့ လူတိုင်းတိုင်းမှာ ဖြစ်ပွားနိုင်တယ်၊ public အသွင် ဖြစ်ချင်လည်း ဖြစ်ဖြစ်၊ pandemic အသွင်ဖြစ်ချင်လည်း ဖြစ်ဖြစ် လူတိုင်းမှာ ဖြစ်တယ်၊ ဒါပေမယ့် ဘယ်လို လူမျိုးမှာ စိုးရိမ်ရအောင် ဖြစ်လဲဆိုတာတော့ ရှိတယ်၊ စိုးရိမ်ရလောက်အောင် အသက် အရမ်းငယ်တဲ့ ငါး နှစ်အောက်ကလေးတွေရယ်၊ အသက် ၆၀ ထက် ကြီးတဲ့ လူကြီးတွေ နောက်တစ်ခုက ရောဂါ ကြီးကြီးမားမားရှိတဲ့ ဆီချိုတို့ ဘာတို့ရှိတဲ့ လူကြီးတွေမှာ ၊ နှလုံးရောဂါရှိတဲ့ လူတွေ၊ ခံခုအား ကျဆင်းမှု ရောဂါဖြစ်နေတဲ့ လူတွေ နောက်တစ်ခုက လူနာတွေနဲ့ အမြဲမပျက်ထိတွေ့နေတဲ့ ဆေးရုံး ဝန်ထမ်းတွေမှာ ပိုပြီး အန္တရာယ်များတယ်။
ဟင်္သာမီဒီယာ။ ။ ဒီရောဂါက ကျွန်တော်တို့ မွန်ပြည်နယ်မှာကော စိုးရိမ်ရတဲ့ အနေအထား တစ်ရပ်မှာ ရှိနေလား။
ဒေါက်တာဇော်မင်းထွန်း။ ။ လောလောဆယ် ရရှိတဲ့ သတင်းတွေရတော့ စိုးရိမ်ရတဲ့ အနေအထား မရှိသေးဘူး၊ ဆရာတို့ကတော့ လက်ရှိမှာ ပြင်းထန် အဆုတ်ရောင် ရောဂါကို စောင့်ကြပ်ကြည့်ရူ့နေတယ်၊ အရပ်ထဲမှာတော့ တုပ်ကွေးထန်တဲ့ ရောဂါတွေ အစုံလိုက် အပြုံလိုက်ရှိလားဆိုတာ ဆရာတို့ စောင့်ကြည့် ကြည့်ရူ့နေတာ ရှိတယ်၊ လောလောဆယ်အထိတော့ အဲလိုမျိုး ပြင်းပြင်းထန်ထန်ဖြစ်တဲ့ သတင်းတော့ မရသေးဘူး၊ ဒီခေတ်ကတော့ အားလုံး ဖော့ဘုတ်စ်တွေ အားကောင်းတဲ့ ခေတ်ဆိုတော့ သိမှာပါ။
ဟင်္သာမီဒီယာ။ ။ ရေးမြို့နယ်ရဲ့ ကလိတ်တုတ်ကျေးရွာ မူလတန်းမှာ ဖြစ်သွားတဲ့ အပြင်းထန် အဖျားရောဂါက အခြေအနေကကော ဘယ်လိုရှိနေလဲ။
ဒေါက်တာ ဇော်မင်းထွန်း။ ။ အဲဒါကို ဆရာတို့ ကွင်းဆင်းဆောင်ရွက်မှု လုပ်လိုက်တော့ တွေ့ရှိချက်အရ တုပ်ကွေး A အမျိုးအစားလို့ သိရတယ်၊ အဲဒီမှာ ကလေးတစ်ယောက်ကတော့ တုပ်ကွေး A အမျိုးအစား ဖြစ်တယ်၊ H1N1 PDM 2009 တော့ မဟုတ်ဘူး၊ ကလေးတွေ အားလုံးကို လည်းချောင်ကနေ တိုပတ်ယူပြီး စမ်းသပ် စစ်ဆေးခဲ့တာ ဖြစ်တယ်။
ဟင်္သာမီဒီယာ။ ။ H1N1 PDM 2009 ဟာ အခုဆိုရင် ပြည်သူတွေထဲမှာ တော်တော်လေး စိုးရိမ်တဲ့ အနေအထား တစ်ရပ်ဖြစ်နေတယ်၊ ဒီအတွက် ဒီရောဂါအကြောင်းလေးကို ပွင့်ပွင့်လင်းလင်းလေး ပြောပေးပါဦး။
ဒေါက်တာ ဇော်မင်းထွန်း။ ။ စိုးရိပ်ရလားဆိုတော့ စိုးရိပ်ရတယ်၊ နှစ်စဉ်ကတော့ တုပ်ကွေးတွေ ဖြစ်နေတယ်၊ တုပ်ကွေးဖြစ်တဲ့ အခါမှာ ဆေးရုံးတက်ရတဲ့ လူနာတွေလည်း ရှိတယ်၊ ဆေးရုံးတက်ရတဲ့ လူနာတွေ ရှိပြီးရင် တစ်ခါ သေတဲ့ လူနာတွေလည်း ရှိတယ်၊ နှစ်စဉ်လည်း ရှိနေတယ်၊ ကမ္ဘာမှာလည်း ရှိနေတယ်၊ အိမ်နီးချင်နိုင်ငံတွေမှာလည်း ရှိနေတယ်၊ ဒါပေမယ့် ဆရာတို့ဆီမှာက ဓာတ်ခွဲစမ်းသပ်တာ နည်းနည်း နည်းတဲ့ အခါကျတော့ ဘာပဲဖြစ်ဖြစ် တချို့အပိုင်းတွေကို ဓာတ်ခွဲမစမ်းသပ်တဲ့ အတွက်ကြောင့် မသိလိုက်ဘူး၊ ဘယ်လိုလူတွေ စိုးရိမ်သင့်လဲဆိုတော့ လူနာနဲ့ နီးနီးစပ်စပ်နေတဲ့ သူတွေ စိုးရိမ်သင့်တယ်၊ လူနာနဲ့ ဘယ်သူတွေ နီးနီးစပ်စပ်နေလဲ၊ နီးနီးစပ်စပ်နေတာကတော့ သူရဲ့ မိသားစုဝင်တွေ နေတယ်၊ လူနာကို ကျန်းမာရေး စောင့်ရှောက်တဲ့ ဝန်းထမ်တွေကတော့ စိုးရိမ်တဲ့ အနေအထား ရှိတယ်။
အဲဒီတော့ ကိုယ်ကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုကာကွယ်မလဲဆိုရင် ဆရာတို့က တုပ်ကွေးသည် လေကနေ တဆင့် နာစေး ချောင်းဆိုးက တဆင့် ကူးစပ်တယ်၊ ဘယ်လိုပုံစံတွေ ကူးစက်လည်းဆိုရင် ခြောက်ပေအတွင်းမှာ နှားစေး ချောင်းဆိုး ဖြစ်ရင် ကူးသွားနိုင်တယ်၊ အဲဒီတော့ တကယ်တမ်းပြောရင် သုံးပေအတွင်းမှ ကူးနိုင်တာ ဖြစ်တယ်၊ ဒါပေမယ့် လိုလိုမယ်ဆိုပြီး ခြောက် ပေလို့ သတ်မှတ်တာ ဖြစ်တယ်၊ လူကြားထဲကို မသွားလို့ ရှိရင် ရောဂါ ကူးစက်မှု နည်းမယ်။
နောက်တစ်ခုက ကျတော့ ဆေးရုံး ဆေးခန်းတွေမှာပဲ ဖြစ်ဖြစ်၊ မိသားစုထဲမှာပဲ ဖြစ်ဖြစ် နားစေး ချောင်းဆိုး လက္ခဏာ တစ်ရပ်ပေါ်ပြီး တုပ်ကွေးဖြစ်နိုင်တဲ့ အဖျားမျိုး ဖျားနေပြီးဆိုရင် အိမ်ရှိတဲ့ လူတွေ အကုန်လုံးက ဒီဟာတွေ မကူးစက်ရအောင် မျက်နှာဖုံးတပ် မလား၊ နှားခေါင်းစည်းတပ်မလား၊ ဒါမှမဟုတ် လူနာတစ်ယောက်ထဲကို တပ်ပေးလိုက်တာ အဆင်မပြေဘူးလား၊ နောက်တစ်ခုက ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ ဂိုက်လိုင်းတွေအရ openair လို့ခေါ်တဲ့ လူတွေကြားထဲကို သွားလာတဲ့အချိန်မှာ မျက်နှာဖုံး စွပ်ထားတာ အကျိုးသိပ်မရှိဘူး၊ ဘယ်သူတွေ တပ်စရာ လိုလဲဆိုတော့ နှားစည်းချောင်းဆိုး ဖြစ်တဲ့ သူက တပ်သွားရင် အဆင်ပြေတယ်၊ မတပ်ပါနဲ့လို့တော့ အကြံပေးချင်တော့ မဟုတ်ဘူး၊ တပ်ချင်ရင်း တပ်ပေါ့၊ ဆရာတို့ကို တပ်သင့်လား မတပ်သင့်လားလို့ မေးရင်တော့ တပ်စရာမလိုဘူးလို့ပဲ ပြောမယ်၊ တပ်စရာလိုတဲ့ သူက နှားစေး ချောင်းဆိုးဖြစ်တဲ့ သူတွေက mask တပ်ဖို့ လိုတယ်၊ maskကလည်း ရိုးရိုးတမ်းတမ်း mask ကလည်း ကာကွယ်နိုင်ပါတယ်၊ N95 လောက်တော့ မလိုပါဘူး။
ဒီရောဂါက အဓိကကတော့ လက်ကလည်း ကူးတာဖြစ်တော့ လက်ဆေးတာလည်း လုပ်သင့်တယ်၊ နောက်တစ်ခုကတော့ နှားခေါင်းစည်း မတပ်ဖြစ်ဖူးဆိုရင် နှားစေး ချောင်းဆိုးတဲ့ သူတွေက ကျန်းမာရေးဦးစီးဌာနရဲ့ အကြံပြုချက်မှာလည်း ပါပါတယ်၊ ကောအက်တစ်လို့ခေါ်တယ်၊ လက်ကိုင်ပါဝါရှိလို့ရှိရင်လည်း လက်ကိုင်ပါဝါ ၊ ဒါမှ မရှိလို့ရရင် တစ်ဆူနဲ့၊ ဒါမှမရှိရင်လည်း လက်ဖျံလက်မောင်းနဲ့ အုပ်ပြီး၊ နှားခေါင်းနဲ့ ပါစပ်းကို ပိတ်ပြီး ဆိုးပါးလို့ အကြံပြုချင်တယ်။
ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်အနေနဲ့ H1N1 PDM 2009 အတွက် ကာကွယ်မှု အပိုင်းမှာ ဘယ်လို ကြိုတင်မှုတွေ ရှိလဲ။
ဒေါက်တာဇော်မင်းထွန်း။ ။ ကာကွယ်မှုအပိုင်းကတော့ ကျန်းမားရေး ပညာပေးတဲ့ အပိုင်းနဲ့ စောင့်ကြည့်တဲ့ အပိုင်းရယ်၊ ဒါပဲ ရှိပါသေးတယ်၊ လောလောဆယ်က ပုံမှန်နဲ့ ထူးခြားတဲ့ အနေအထား မရှိသေးဘူးလို့ ကျန်းမာရေးဌာနက လောလောဆယ် သုံးသပ်ထားတယ်။
ဟင်္သာမီဒီယာ။ ။ ဒီနေရာမှာ ကွဲကွဲပြားပြားလေး ပြောပြစေချင်တာက H1N1 PDM 2009 ဖြစ်ပြီးဆိုရင် ပြည်သူတွေက သုံးရက်အတွင်း သေမှာပဲဆိုပြီး၊ သူတို့ စိတ်ထဲမှာ ရှိနေတယ်၊ ဒီအတွက် ဒီရောဂါအတွက် ဆေးရှိလား၊ ဘယ်လိုဆေးနဲ့ ကုသသွားရင် ပျောက်ကင်းသွားနိုင်လဲ။
ဒေါက်တာဇော်လင်းထွန်း။ ။ ဆေးရှိတယ်၊ ဒါပေမယ့် ဆရာလည်း သိပ်အကျွမ်းအကျင်ကြီးမဟုတ်တော့ မှားသွားမှာလည်း စိုးတယ်၊ တကယ်တမ်းတော့ ရောဂါ လက္ခဏပေါ်ပြီး နှစ်ရက်လောက်အတွင်းမှာ ဆေးပေးနိုင်ရင်တော့ ရတယ်၊ ဆေးမပေးနိုင်ဘူးဆိုရင်တော့ ဒီကောင်က တုပ်ကွေးသည် ဒီတိုင်းဖြစ်တာထက် ထက်ပြီးတော့ ဝင်လာတဲ့ ဘက်တီးရီယား ပိုးကြောင့်ပဲ အသက်အန္တရာယ်ပေး ဒုက္ခပေးတာ များတယ်၊ ဒါပေမယ့် ဒီအပိုင်းကို ဆရာ သိပ်မသိတော့ comment သိပ်မပေးချင်ဘူး၊ ပုံမှန်ကတော့ ပထမ နှစ်ရက်အတွင်းမှာ ဆေးပေးနိုင်ရင် အဆင်ပြေတယ်၊ အခုသေသွားတဲ့ လူတွေကလည်း ပြင်ထန်း အဆုတ်ရောင် ရောဂါတွေကြောင့် သေသွားတာ များတယ်။
ဟင်္သာမီဒီယာ။ ။ ကမ္ဘာမှာတော့ H1N1 PDM 2009 အတွက် ကာကွယ်ဆေးတွေ ရှိတယ်လို့ သိရတယ်၊ မြန်မာနိုင်ငံမှာကော ကာကွယ်ဆေး ရှိနေပြီးလား။
ဒေါက်တာဇော်လင်းထွန်း။ ။ ကမ္ဘာမှာတော့ ကာကွယ်ဆေးတွေ ရှိတယ်၊ မြန်မာပြည်မှာတော့ ရှိတော့ ရှိတယ်၊ ဒါပေမယ့် ကျွန်တော်လည်း အဲဒီဟာကို လိုက်ပြီး စုံစမ်းနေတယ်၊ H1N1 PDM 2009 အတွက် ပါလာ မပါဘူးလားဆိုတာ့ ကျွန်တော် သေချာ မသိဘူး၊ နောက်တစ်ခုကတော့ အခုမှ ကြောက်အားလန့်အားထိုးတဲ့ အခါကျတော့ အရင်ကတော့ UN အဖွဲ့အစည်း အကူအညီနဲ့ လုပ်ခဲ့သေးတယ်၊ ဒါပေမယ့် မြန်မာပြည်မှာတော့ တော်တော်လေး အထိုးနည်းတယ်၊ နိုင်ငံခြားမှာတော့ ထိုးကြတယ်၊ အခုတော့ လူတွေက awareness ဖြစ်သွားတယ်လို့ ပြောရမလား မသိဘူး လာထိုးချင်ကြတယ်၊ ထိုးမယ်ဆိုရင်တော့ နောက်ကျတာ ဘယ်တော့မှ မရှိဘူး၊ ဒါပေမယ့် နှစ်တိုင်း နှစ်တိုင်း ထိုးမယ်ဆိုရင်တော့ flu ရာသီ မစခင်မှာ ထိုးတာ ပိုပြီးတော့ အကျိုးရှိတယ်။
ဟင်္သာမီဒီယာ။ ။ ဒီရောဂါမဖြစ်အောင် အကောင်းဆုံး ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခုက ဘာရှိမလဲ။
ဒေါက်တာ ဇော်မင်းထွန်း။ ။ အဓိကကတော့ ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပဲ၊ flu နဲ့ ပတ်သက်ရင်တော့ ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပဲ၊ ဒါပေမယ့် မြန်မာပြည်မှာ ကာကွယ်ဆေးက သိပ်ပြီးတော့ မလုံလောက်ဘူး၊ နောက်တစ်ခုက သူများ နိုင်ငံတွေမှာ သုံးထားတဲ့ ကာကွယ်ဆေးတွေဟာ သူများနိုင်ငံတွေမှာ အဖြစ်များတဲ့ ရောဂါအတွက် ထုတ်ထားတယ်၊ မြန်မာပြည်အတွက် ထုတ်ထားတဲ့ မဟုတ်တဲ့အတွက် မြန်မာပြည်လို နေရာမျိုးမှာ သူရဲ့ အကျိုးအာနိသင် ဘယ်လောက်ရှိမလဲဆိုတာ ဆရာတို့လည်း မပြောတက်ဘူး၊ ကာကွယ်ဆေးက အမေရိကန်ဆို အမေရိကန်အတွက် ထုတ်တယ်၊ ဥပရောပဆို ဥရောပအတွက် ထုတ်တယ်။
ဟင်္သာမီဒီယာ။ ။ ဒီရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေ အကြားမှာ စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် ဆရာအနေနဲ့ တစ်ခုလောက် အကြံပြုပေးပါဦး။
ဒေါက်တာဇော်မင်းထွန်း။ ။ ပြည်သူတွေ မစိုးရိမ်ပါနဲ့လို့လည်း မပြောချင်ဘူး၊ ဘယ်အရာပဲ ဖြစ်ဖြစ် အသက်ဆိုတာ ဉာဏ်စောင့်တယ်၊ ကြောက်ကြီးလို့လည်း မလိုအပ်ဘူး၊ အဓိက စိုးရိမ်ရမှာက လူနာတွေနဲ့ ထိတွေ့နေတဲ့ လူတွေက အန္တရာယ် ပိုများပါတယ်၊ ရိုးရိုးတမ်းတမ်း ပြည်သူတွေအနေနဲ့ ကာကွယ်မယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရာသီတုပ်ကွေး သတိပေးနှိုးဆော်ချက်တွေ လိုက်နာပြီး နေထိုင်ပါဖို့၊ လက်ဆေးဖို့၊ ကိုယ်မှာ နှားစေး ချောင်းဆိုးရှိရင် သူများကို မကူးသွားဖို့ ကျန်းမားရေးနဲ့ အညီ နေထိုင်စေချင်တယ်၊ H1N1 PDM 2009ရဲ့ လောလောဆယ် အနေအထားက ကပ်ရောဂါအသွင် ဖြစ်မယ့် အနေအထားတော့ မရှိသေးဘူး။