တောင်ကြီးတွင် ဓါတ်ဆီဈေးတက်၊ အငှားယာဉ်မောင်းများ အခက်ကြုံ

တောင်ကြီးတွင် ဓါတ်ဆီဈေးတက်၊ အငှားယာဉ်မောင်းများ အခက်ကြုံ

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးတွင် ဓါတ်ဆီဈေးတက်မှုကြောင့် တက္ကစီ ပြေးဆွဲသူများ ဒုက္ခရောက်နေ သည်ဟု ပြောသည်။  

ဓါတ်ဆီဈေးမြင့်တက်နေမှုမှာ အာဏာသိမ်းပြီးစကတည်းက ဖြစ်သော်လည်း ယခု ဇွန်လ ဒုတိယပတ်တွင် ပုဂ္ဂလိ က ဆိုင်များတွင် အဆမတန် ဈေးနှုန်းမြင့်တက်လာမှုများကြောင့် အခက်တွေ့နေရသည်ဟု တက္ကစီသမားများ က ဆိုသည်။   

“အရင်က မြို့ထဲတစ်ကြောင်းဆိုရင် လေးငါးထောင် ရတယ်ပေါ့။ အခုတော့ တစ်ကြောင်းကို ရှစ်ထောင် တစ် သောင်းလောက် ပေးမှပဲ ကိုက်တော့တယ်။ အဲ့ဒါတောင် ကျနော်တို့အတွက် အလွန်ဆုံးကျန်ရင် နှစ်ထောင်ပဲ။ အဲ့ ထက်လျော့ ယူရင် မကိုက်တော့ဘူး။ အဲ့လောက်ယူတော့လည်း စီးတဲ့သူ မရှိဘူး။ တရက်ဆိုရင် ကျနော်တို့ အတွက် ငါးထောင်ပဲကျန်တယ်။ လုံးဝပါးတဲ့ရက်တွေ ဆိုရင် သုံးထောင်ပဲ ရတယ်” ဟု ပန်းလှိုင်ဆေးရုံရှေ့ရှိ တက္ကစီဂိတ်မှ တက္ကစီပြေးဆွဲသူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ဓါတ်ဆီဈေးနှုန်းများမှာ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် အောက်တိန်း 92 တစ်လီ တာလျှင် ၂၆၀၀ ကျပ်မှ ၂၈၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ သို့သော်လည်း စစ်ကောင်စီစုအုပ်စု နှင့် နီးစပ်သည့် ခရိုနီများ ဖွင့်ထားသော အရောင်းဆိုင်များတွင် ၂၄၀၀ ကျပ်ဝန်းကျင်ဖြင့်သာ ရောင်းချပေး နေသည်ဟု မြို့ခံများက ပြောသည်။

ယခုကဲ့သို့ ဓါတ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကြောင့် တက္ကစီပြေးဆွဲသူများ သာမက ဆိုင်ကယ် ကယ်ရီသမားများလည်း ဒုက္ခရောက်နေကြသည်ဟု သိရသည်။

“တစ်ခေါက်ကို နှစ်ထောင် သုံးထောင်မှ ကိုက်တယ်။ အဲ့တာတောင်မှ အရမ်းဝေးတဲ့ နေရာမျိုးဆိုရင် ကိုယ့် အတွက် ငါးရာပဲကျန်တယ်။ ဒီကြားထဲ ဆိုင်ကယ် ဘီးပေါက်ရင် အဲဒီရက်က အရှုံးပေါ်ပြီ။ နှစ်ထောင်ထက် ပိုပေးရရင် လူတွေက မစီးချင်တော့ဘူး။ တကယ်တမ်းလည်း ဟုတ်တယ်။ နှစ်ထောင်ထက် ပိုပေးရရင် မြို့ပတ် ပဲ ကားပဲ စီးတော့မှာပေါ့။ မြို့ပတ်ဆိုရင် အသွားအပြန်မှ တစ်ထောင်ပဲ ကျမှာလေ” ဟု မြို့မဈေးတွင် ဆိုင်ကယ် ကယ်ရီ ပြေးဆွဲနေသူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ဓါတ်ဆီဈေး မြင့်တက်မှု သာမက လိုသလောက်ဝယ်၍ မရသည့် အခက်အခဲများ ဥပမာ အားဖြင့် ဂါလန်ပုံးဖြင့် ဝယ်မရသည့် အချိန်များလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။ ထို့ပြင် အချို့ ပုဂ္ဂလိ က အရောင်းဆိုင်များသည် ခရိုနီများရောင်းသည့် ဈေးနှုန်းအတိုင်း လိုက်မရောင်းနိုင်သောကြောင့် ပိတ်သိမ်း လိုက်ရသည့် ဆိုင်များလည်း ရှိလာနေပြီဟု သိရသည်။  

ပုဂ္ဂလိက ဆိုင်များတွင် ဓါတ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၏ နောက်ထပ်အကြောင်းအရင်းမှာ ၎င်းတို့ ဝယ်ယူရသည့် ဓါတ်ဆီကုမ္မဏီများက ယခင်ကကဲ့သို့ ဆိုင်တိုင်ရာအရောက် ပို့ဆောင်ပေးခြင်းမျိုး မရှိ တော့ပဲ ပို့ဆောင်စရိတ်ကို မိမိတို့ဘက်က ကိုယ်တိုင် ပေးချေနေရသောကြောင့်လည်း ဖြစ်သည်ဟု မြို့တွင်း ဓါတ် ဆီဆိုင် ပိုင်ရှင်များထံမှ သိရသည်။

COVID-19 ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ် မတ်လ နှောင်းပိုင်းများတွင် အောက်တိန်း 92 တစ်လီတာလျှင် ၄၅၀ ကျပ်သာ ပေါက်ဈေး ရှိခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပြည်ပနိုင်ငံများမှ စစ်ကောင်စီအစိုးရအား ဆန်ရှင်ချမှုကြောင့် ဓါတ်ဆီဈေးနှုန်းများ တရိပ်ရိပ်မြင့် တက်လာခဲ့ရာမှ နိုင်ငံခြားငွေလဲလှယ်မှုကို ထိန်းချုပ်လိုက်သည့်နောက်တွင် ပိုမိုးဆိုးရွာလာခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၂၈၀၀ အထိ ဈေးတက်လာခြင်း ဖြစ်သည်။

တောင်ကြီးမြို့သည် ကုန်းအတက်/အဆင်းများသည့် တောင်ပေါ်မြို့ ဖြစ်သည်နှင့်အညီ သွားရေးလာရေး အတွက် ဆိုင်ကယ်ကိုသာ အဓိက မှီခိုအားထားနေရသော မြို့ဖြစ်ဟု ဒေသခံများက ပြောသည်။ ထို့ကြောင့် ဓါတ် ဆီဈေး မြင့်တက်လာမှုမှာ တက္ကစီပြေးဆွဲသူများ သာမကပဲ တောင်ကြီးမြို့ခံ ပြည်သူများပါ အခက်အခဲတွေ့နေရ ကြသည်။

တောင်ကြီးမြို့နှင့် အနီးအနားဖြစ်သည့် ညောင်ရွှေမြို့နယ် အင်းလေးတွင်လည်း အောက်တိန်း 92 တစ်လီတာ လျှင် ကျပ် ၃၀၀၀ ဈေး ပေးဝယ်နေရပြီး ရိုးရိုးဒီဇယ် တစ်ဂါလန်လျှင် ကျပ် ၁၂၀၀၀ အထိ ဈေးတက်လာသော ကြောင့် အင်းလေးမှ စက်လှေပြေးဆွဲနေသူများလည်း အခက်တွေ့နေကြရသည်။

ထိုကဲသို့ ဒီဇယ်ဈေး မြင့်တက်လာမှုနှင့်အတူ အင်းလေးတွင် စက်လှေခများပါ ဈေးတက်လာပြီး ဘုရားဖူး ဧည့် သည်များလည်း ရေလမ်းခရီးအစား ညောင်ရွှေအရှေ့ဘက်လမ်းမှ ကားများဖြင့်သာ ဖောင်တော်ဦးသို့ လာရောက် ကြသည်ဟု အင်းလေးဒေသခံများက ပြောသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...