လျှပ်စစ်မီးအလှည့်ကျစနစ် မေလအထိ ပေးမည်ဟု စစ်ကောင်စီဆို

လျှပ်စစ်မီးအလှည့်ကျစနစ် မေလအထိ ပေးမည်ဟု စစ်ကောင်စီဆို

လျှပ်စစ်မီးအလှည့်ကျစနစ်ဖြင့် မေလအထိပေးမည်ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

"မေလအထိ ဒီပုံအတိုင်းသွားမယ့် သဘောရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပေးမှုမှာ လေးနာရီခြားတစ်ခါ အလှည့်ကျစနစ်ဖြင့် အုပ်စုနှစ်စုခွဲ ပေးနေခြင်း ဖြစ်သည်။

သို့သော် ရန်ကုန်တိုင်းမြို့နယ်အချို့တွင် အလှည့်ကျမီးလာရမည့်အချိန်တွင် မီးပြတ်ခြင်းများရှိသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

စက်မှုဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ မီးပေးခြင်းကြောင့် စက်ရုံအလုပ်ရုံအချို့မှာ လုပ်သားလျော့ချရခြင်းများ၊ အလုပ်ရုံပိတ်သိမ်းရခြင်းများလည်းရှိသည်။

November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...