မန္တလေးမြို့က မဟာလူမှုကယ်ဆယ်ရေးအဖွဲ့၏ ဦးဆောင်သူများ ဖမ်းဆီးခံရပြီးနောက် အသင်းပိုင်အဆောက်အဦကို စစ်ကောင်စီ ချိပ်ပိတ်

မန္တလေးမြို့က မဟာလူမှုကယ်ဆယ်ရေးအဖွဲ့၏ ဦးဆောင်သူများ ဖမ်းဆီးခံရပြီးနောက် အသင်းပိုင်အဆောက်အဦကို စစ်ကောင်စီ ချိပ်ပိတ်

မန္တလေးမြို့ စိန်ပန်းရပ်က မဟာလူမှုကယ်ဆယ်ရေးအဖွဲ့၏ ဦးဆောင်သူများကို PDFနှင့်ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အသင်းပိုင်ပစ္စည်းများထားသည့် အသင်းအဆောက်အဦကို ယနေ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ချိပ်ပိတ်လိုက်ကြောင်း အဆိုပါအသင်း၏ အဖွဲ့ ၀င်ထံမှ သိရသည်။

“မနေ့ကနဲ့ တစ်နေ့က အသင်းလူကြီးတွေကိုဖမ်းတယ်၊ ဒီနေ့အသင်းကိုပါချိပ်ပိတ်သွားတယ် အသင်းပိုင်ပစ္စည်းတွေ အကုန်လုံးကို ချိပ်ပိတ်သွားတာပါ” ဟု အဖွဲ့၀င်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ကို စစ်ကောင်စီက လက်ရှိစိန်ပန်းရပ်ကွက်တွင် ဖြစ်ပေါ်နေသောကိစ္စရပ်များနှင့်ဆက်စပ်နိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ၀င်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း ဆက်လက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ အဖွဲ့၏ဒုတိယဥက္ကဋ္ဌ၊ တွဲဘက်အတွင်းရေးမှူးနှစ်ဦးအပါအ၀င် အဖွဲ့၀င်ရှစ်ဦးအား ဖမ်းဆီးခဲ့ပြီး၊ ယနေ့ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့တာ၀န်ရှိသူကသတင်းထုတ်ပြန်သည်။

မဟာလူမှုကယ်ဆယ်ရေး(မန္တလေး)မှအဖွဲ့၀င် ရှစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တွင် ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ရုံးအဆောက်အဦများနှင့် အသင်းပိုင်ပစ္စည်းများအားလုံးကို ချိတ်ပိတ်ခြင်းခံလိုက်ရခြင်းဖြစ်သည်။

"ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကိုလည်း ၀မ်းနည်းစွာဖြင့်ရပ်နားလိုက်ရပြီ” ဟု ထိုအသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိနိုင်ငံရေးကိစ္စများနှင့်ဆက်စပ်နေသည်ဟုဆိုကာ မဟာ လူမှုကူညီရေးအသင်းမှ ဒုတိယဥက္ကဌနှင့်တွဲဘက်အတွင်းရေးမှူးများအပါအဝင် ၈ ဦးဖမ်းဆီးခံထားရပြီး ဥက္ကဌပါအစစ်ဆေးခံနေရကြောင်း မဟာလူမှုကယ်ဆယ်ရေးအသင်းက ယမန်နေ့ ဖေဖော် ဝါရီလ ၉ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အသင်းဥက္ကဌ စစ်ဆေးခံနေရပြီး အသင်းသားများ ဖမ်းဆီးခံထားရသောကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ရက်အကန့်သတ်မရှိရပ်တန့်ထားမည် ဟုပါရှိသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၉၂ လမ်းထောင့်ရှိ မဟာလူမှုကယ်ဆယ်ရေး(မန္တလေး)အဖွဲ့သည်  COVID-19 ကာလတစ်လျှောက်လုံး မန္တလေးမြို့လူထုအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ကူညီပေးခြင်းဖြင့် ဂုဏ်သတင်းပျံနှံ့ခဲ့သည့် ပရဟိတအဖွဲ့ကြီးတစ်ခုလည်းဖြစ်သည်။

Most read this week

November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...