“ကယားပြည်နယ်မှာ ကျနော်တာဝန်ယူနေတဲ့အချိန်မှာပေါ့နော။ ဆင်းရဲလို့ ဆေးရုံမတက်ရဘူးဆိုတဲ့လူနာမရှိစေရဘူး။"- ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် တွေ့ဆုံမေးမြန်း

“ကယားပြည်နယ်မှာ ကျနော်တာဝန်ယူနေတဲ့အချိန်မှာပေါ့နော။ ဆင်းရဲလို့ ဆေးရုံမတက်ရဘူးဆိုတဲ့လူနာမရှိစေရဘူး။"- ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် တွေ့ဆုံမေးမြန်း
by -
ကန္တရဝတီ
“ကယားပြည်နယ်မှာ ကျနော်တာဝန်ယူနေတဲ့အချိန်မှာပေါ့နော။ ဆင်းရဲလို့ ဆေးရုံမတက်ရဘူးဆိုတဲ့လူနာမရှိစေရဘူး။"ဟု ဆိုသည့် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် ဆေးရုံ၏ လိုအပ်ချက်၊ ရှေ့ဆက်လုပ်ငန်းစဉ်လိုအပ်ချက်အခြေ အနေများကို တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြပေးလိုက်သည်။

မေး ။ ။ လက်ရှိ ဒီပြည်သူ့ဆေးရုံကြီးမှာ ဆရာတို့ဝန်ဆောင်မှုအခြေအနေ ဘယ်လိုရှိတယ်ဆိုတာလေး ပြောပြပေးပါ။

ဖြေ ။ ။ လွိုင်ကော်မှာကျောက်ကပ်လူနာတွေများနေတယ်ဆိုတာကိုသိနေတယ်။ ကျောက်ကပ်လူနာတွေက ရန်ကုန်မှာသွားဆေးရတယ်။ တောင်ကြီးမှာသွားဆေးရတယ် တစ်ခါခါဆေးရင် သိန်းနဲ့ချီပြီးကုန်တာပေါ့ သူက တစ်ပတ်ကိုနှစ်ကြိမ်လောက်ဆေးရတယ် အဲ့ဒါကြောင့်တစ်လတစ်လ သူတို့ရဲ့ ကုန်ကျစာရိတ်က တော်တော်များတယ် များနေတာကိုသိတဲ့အတွက် ကျနော်တို့က ရုံးချုပ်တို့နဲ့ဆက်သွယ်တယ် သက်ဆိုင်ရာကျောက်ကပ်ဌာနတွေနဲ့ ဆက်သွယ်ပြီးတော့ ကျောက်ကပ်ဆေးစက်ကိုဖြစ်အောင်လုပ်တယ်။ အဲ့လိုလုပ်တာ အလှုုရှုင်တွေလဲပါတယ် ကျနော်တို့ရုံးချုပ်ကကျာက်ကပ်စက်တစ်လုံးထောက်ပံ့လိုက်တယ် ကျောက်ကပ်စက်တစ်လုံးနဲ့တော့ အဆင်မပြင်ဘူး။ ဖြစ်နိုင်ရင် ၅ ၊၆ လုံးတော့ ရည်ရွယ်တာပေါ့နော ရည်ရွယ်တော့ ကောင်းကောင်းလုပ်ချင်တယ်ဆိုရင် ကျနော်တို့ကရေပေါ့နော။

ရေဆိုရင် ဘီလူးချောင်းကရေကိုပဲသုံးနေကြတာ ပြောရမယ်ဆိုရေကလုံလောက်မှုမရှိဘူး quality မကောင်းဘူး မကောင်းတော့ ရေသန့်စက်ကောင်းကောင်းလိုတယ် ရေသန့်စက်ရဲ့ တန်ဖိုးတွေက သိန်းတစ်ရာကျော်ကုန်တယ် ရေသန့်စက်ကိုတော့ ကျနော်တို့ဌာနကနေ ပြီးတော့ ရေသန့်စက်ချပေးပါဆိုတော့ကအဆင်မပြေဘူး ဦးအောင်သန့်ကနေရေသန့်စက်လှူပေးတာ သူလှူတာကနေစပြီး ကျနော်တို့ဌာနကနေ ကျောက်ကပ်စက်တစ်လုံးပေးတယ်။ ရေသန့်စက်အလှုရှင်လဲရှိတယ် နောက်ပြီးတော့ အခန်းအလှူရှင်တွေလည်းရှိတယ်။ အဲ့လိုပဲတစ်ခြားရွေလွိုင်ကော်အသင်းတို့ စင်ကာပူမှာရောက်နေတဲ့ကယားအသင်းတို့ သူတို့အလှုရှင်တွေအားလုံးက ကျောက်ကပ်ဆေးစက်ကို အကုန်လုံးဝိုင်းလှု ကြတယ်။ ကျောက်ကပ်ဆေးစက်စစချင်းအလုပ်လုပ်မှာ ပဲတော်တော်လေးအဆင်ပြေလာတယ်။ လုပ်ပြီဆိုတဲ့အခါမှာ အရင်အစိုးရပေါ့နော အရင်အစိုးရကိုပြောတော့ သူတို့ကလည်းတစ်လုံးထပ်ပေးတယ် ကျနော်တို့ကျောက်ကပ်ဆေးစက်နှစ်လုံးနဲ့ နောက်ပြီးတော့ ရုံချုပ်က တစ်လုံးထပ်ထုတ်ပေးတယ် သုံးလုံးနဲ့လုပ်တယ် သုံးလုံးနဲ့လုပ်ရင်းကနေလူနာကများလာတယ် များလာတော့သုံးလုံးနဲ့မလုံလောက်တော့ဘူး ဒီအစိုးရလက်ထပ်မှာပြောလိုက်တဲ့အချိန်မှာ ပြီးတော့အလှုရှင်တွေကလည်းဝိုင်းလှူ၊ အစိုးရအဖွဲ့ကသိန်းရ၀ လှူပြီးသွားရင် နောက်ထပ်စက်တစ်လုံးနဲ့ဆို အခုဆိုရင် ကျောက်ကပ်ဆေးစက်လေးလုံးနဲ့ ကယားမှာ နာတာရှည်ကျောက်ကပ်ဝေဒနာရှင်တွေကို ကောင်းကောင်းမွန်မွန်ကျနော်တို့ကုပေးလို့ရတယ်။ ဆိုလိုချင်တာက ကျနော်တို့ဌာနအပြင် အစိုးရအဖွဲ့ကကော အပြင်ကအလှူရှင်တွေကော အကုန်ပေါင်းပြီးလုပ်ခြင်းအားဖြင့် တိုးတက်မှုရလာတယ်။

မေး။ ။ ကုသရေးဘက်အနေနဲ့ တခြားကော ပြည်သူတွေအတွက်ဘယ်လိုဆောင်ရွက်မှုတွေ လုပ်ပေးသေးလဲရှင့်။

ဖြေ။ ။ ကျနော်တို့က ကွင်းဆင်းပြီးဆေးကုတာတွေလုပ်သေးတယ် အထူးကုတွေပါတယ်။ ကျနော်တို့ဆရာဝန်အဖွဲ့တွေ သူနာပြုတွေပါတယ် ကွင်းဆင်းပြီးလုပ်တယ်။ ရွာတွေထိက်ိုသွားတယ် ဒေါဝယ်ရောက် ဟိုစဲ၊ ဟိုယာတို့ရောက်တယ်။ ရွာတွေကိုကွင်းဆင်းပြီးတော့ ဆေးကုပေးတာတွေရှိတယ် အဲ့ဒါတွေကလည်းတော်တော်အဆင်ပြေတယ်။ ဘာလို့လဲဆို ကျနော်တို့ဌာနကနေပြီးတော့ ဆေးတွေထောက်ပံ့ပေးတာတွေရှိတယ် ဆရာဝန်တွေခန့်ထားပေးတယ် သူနာပြုတွေရှိတယ် အဲ့တော့ ဒီအဖွဲ့တွေကနေပြီးတော့ ကျေးရွာအရောက်သွားတာက ဘာကောင်းတာလဲဆိုတော့ ရွာကလူတွေက ကျနော်တို့ကိုရင်းနှီးမှုရှိတယ်။ သူတို့ကကျေးရွာကလူတွေကဆေးရုံကိုလာပါဆိုရင် ပြောတာဆိုတာက နဲနဲလေးခက်တယ် ဒါပေမယ့် ကျနော်တို့ရွာတွေကိုသွားတဲ့အခါကျတော့ ရင်းနှီးမှုပိုရှိတယ် သူတို့ဒီဆေးရုံကိုလာရမှာမကြောက်တော့ဘူး တစ်ခုခုတကယ်ဖြစ်လာရင်ကျနော်တို့က ဆေးရုံကိုလာစေချင်တယ်နော အဲ့လုုိမျိုးတွေဖြစ်အောင်လို့ ကျနော်တို့ရွာကိုသွားတယ်။ သွားတွေကိုလည်း လုပ်ပေးနိုင်တယ်။ နုတ်ပေးလို့ရတဲ့လူနာတွေဆိုရင် တခါတည်လုပ်ပေးတယ်။

မေး။ ။ အခုဆိုရင် ဆေးရုံတက်တဲ့လူနာတွေကို ဆေးဝါးအလကားပေးတာတွေရှိနေပြီပေါ့နော။ အဲ့ဒီအပိုင်းမှာကော လုံလောက်မှုအခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ဆေးဝါးကလည်းဒီလိုပါပဲ။ ကျနော်ဒီကိုတာဝန်ယူတဲ့အချိန်ပေါ့နော ၂၀၁၅ မတ်လ (၁၈)ကစရောက်တာပေါ့လေး။ အဲ့ဒီအချိန်ကစလို့ ဆေးဝါးတွေကိုတော်တော်အများစုပေးနိုင်တယ်။ ဒါပေမဲ့လည်း ပြောစရာတစ်ခုရှိတာက ဆေးအများစုဆိုပေမဲ့ အကုန်လုံးပေးလားဆိုတော့မဟုတ်ဘူး။ ကျနော်တို့အကုန်မပေးနိုင်ဘူး။ တစ်ကယ့်ကိုလိုအပ်တယ်ဆိုတဲ့ဟာကို မပေးနိုင်သေးဘူး။ တစ်ချို့ဟာတွေက ဒီအထူးကုတွေကဒီဆေးကိုမှသုံးချင်တယ်။ ဒီဟာကိုကျနော်တို့အကုန်လုံးတော့ ဝယ်မပေးနိုင်ဘူး အဲ့လိုဟာမျိုးဆိုရင်တော့ သူတို့အပြင်မှာဝယ်ရတာတွေရှိတယ် ဒါပေမဲ့လည်း အများစုသည် အဓိကဆေးဝါးတွေကို မဝယ်ရအောင်လို့ ကျနော်တို့လုပ်ပေးနိုင်တယ်။ အများစုပေးနိုင်တယ်။

နောက်တစ်ချက်က ကယားပြည်နယ်မှာ ကျနော်တာဝန်ယူနေတဲ့အချိန်မှာပေါ့နော။ ဆင်းရဲလို့ဆေးရုံမတက်ရဘူးဆိုတဲ့လူနာမရှိစေရဘူး။ ဘာဖြစ်လို့ကျနော်ကဒီလိုပြောနိုင်လဲဆိုရင် ကျနော့်ကြောင့်မို့ ကျနော့်ကိုကူညီချင်တဲ့ လွိုင်ကော်မြို့ က ရပ်မိရပ်ဖတွေရှိတယ်။ အဖွဲ့အစည်းတွေရှိတယ်။ အသင်းတွေရှိတယ်။ ကျနော်ကသာ ဒီလူနာကမတတ်နိုင်ဘူး ဘယ်လိုရှိတယ်လို့ပြောလို့ရှိရင် အနောက်ကနေဘယ်လောက်ကုန်မှာလဲလို့ပြောတဲ့သူတွေက အဆင်သင့်ရှိတယ်။ ဒါကြောင့်မလို့ အခုလက်ရှိအခြေအနေမှာတော့ ဆင်းရဲလို့ဆေးရုံကနေလုပ်မပေးနိုင်ဘူးဆိုတဲ့သူမရှိစေရဘူး။ ဒါကျနော်ကုန်ပြောလိုက်မယ်။ အခုချိန်ထိလည်းကျနော်လုပ်ပေးနိုင်တယ်။ ညီမတို့ ကြိုက်တဲ့လူနာပြော အိုကေ ဆင်းရဲတယ်ဆိုတာ ကျနော်တို့ကိုသိအောင်လုပ်ပေး ဒါဆိုလို့ရှိရင် ဒီလူနာကို ဘာမှကိုမကုန်ရအောင် ကျနော်တို့လုပ်ပေးမယ်။

ထားပါတော့ ဒီလူနာက နာတာရှည်ကြီးဖြစ်တယ် အမြဲတမ်းတော့လုပ်ရမယ် ဒါကိုလည်းမတတ်နိုင်ဘူးဆိုရင် ဒီအတွက်တော့ မတတ်နိုင်ဘူးဆိုတာကိုပြော ဒီတလောတော့ အဲ့လိုမျိုးမရှိသေးဘူး။ တစ်ချို့ဟာတွေဆိုရင် မျက်စိခွဲရမယ်ပေါ့ မျက်စိခွဲပြီးတော့ မှန်ဘီလူးထည့်တဲ့ဟာက တစ်ချို့လူတွေက မှန်ဘီလူးကို တစ်သိန်းတန်လောက်ထည့်ချင်တယ်။ ကျနော်တို့မှာ တစ်သိန်းတန်တော့မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ဌာနကနေ ဝယ်ပေးတဲ့ မှန်ဘီလူးနဲ့ပဲ ထည့်ပေးမယ်။ မှန်ဘီလူးကလည်း လုံးဝအည့ံစားလည်းမဟုတ်ဘူး။ ပုံမှန်ဟာပဲ ဒါပေမဲ့ လုံးဝအကောင်းစားကြီး ပြန်လှန်နေတဲ့ဟာတော့ ကျနော်တို့ဆီမှာမရှိဘူး။ ဒါပေမဲ့ အများသူသုံးနေတဲ့ မှန်ဘီလူးဆို ကျနော်တို့ထည့်ပေးမယ်။ ဒါဆိုရင် ကလကား ကျနော်တို့လုပ်ပေးမယ်။ ဆေးရုံတက်တဲ့လူနာတိုင်းကို အခမဲ့လုပ်ပေးနိုင်လားဆိုရင် အဲ့အဆင့်ထိတော့ မရောက်သေးဘူး။

မေး ။ ။ လက်ရှိဒီဆေးရုံမှာဆိုရင် ဘယ်လို ဆရာဝန်က အားနည်းနေလဲ။

ဖြေ ။ ။ ပြည်နယ်တစ်ခုအနေနဲ့ ရှိသင့့်ရှိထိုက်တဲ့ ဆရာဝန်တွေတော့ အများစုရှိတယ်။ ဒါပေမဲ့ လတ်တစ်လောတော့ ကျနော်တို့ဆီ နား၊ နာခေါင်း၊ လည်ချောင်းဆရာဝန်မရှိဘူး။ နောက်တစ်ခုက ကျနော်တို့ဆီမှာ လက်ထောက်ဆရာဝန်တွေနည်းတယ်။ ဆရာနေရာထက်စာရင် ကျနော်တို့ဆီက လက်ထောက်ဆရာဝန်တွေက တော်တော်ကိုနည်းနေတယ်။ ကျနော်က ဘာဖြစ်လို့ ဒီဟာတွေကို ပြောနေရလဲဆိုတော တစ်ကယ်လို့ ကျနော်တို့ဆီက လက်ထောက်ဆရာဝန်တွေက အခုဆိုရင် ကိုးလပိုင်းဆိုရင် သူတို့က စာမေးပွဲဖြေတော့မယ် ဘွဲ့လွန်စာမေးပွဲဖြေမယ်။ ဖြေပြီးရင် ၁၂ လပိုင်းဆိုရင် ကျောင်းတက်တာတွေဘာတွေရှိမယ်။ အဲ့အချိန်မှာ ကျနော်တို့လည်း အခုကတည်းက လက်ထောက်ဆရာဝန်တွေတောင်းနေပြီ။ တစ်ကယ်လို့များ ထပ်ဖြည့်မပေးနိုင်ဘူးဆိုရင် ကျနော်တို့ဆေးရုံနဲ့ ဒီဆရာဝန်အင်အားနဲ့တော့ လုံလောက်မှာ မဟုတ်တော့ဘူးပေါ့နော။ ဒါကြောင့် လတ်တလောဘာလိုလဲဆိုရင် နား၊ နာခေါင်း၊ လည်ချောင်းဆရာဝန်လိုတယ်။ လက်ထောက်ဆရာဝန်တွေလိုတယ်ပေါ့။

နောက်ပြီးတော့ သမားတော် အခုကတော့သမားတော်တစ်ယောက်တည်းပဲရှိတယ်။ ဒါပေမယ့် သမားတော်ကအလွန်တော်တယ်။ တော်တယ်ဆိုတာကတော့ သူ့ပါရမီနဲ့ဆိုင်တယ်။ ကုသတာတွေ ဆေးစားတာတွေ ဆေးပေးတာတွေ သူနဲ့တွေ့မှ လူနာက သက်သာတယ်။ ပြီိးတော့ တကယ့်ဆေးရုံကြီးလို အကောင်းဆုံး သင်းတန်းဆရာကိုထားပေးတယ်။ ကယားအတွက်ဆေးရုံမှာရှိတဲ့လက်ထောက်ဆရာဝန်တွေ အနည်းဆုံးတော့ ဒီလက်ထောက်ဆရာဝန်ကနေ တခြားနေရာကို သွားရင်အခြေခံခွဲစိတ်မူရှိတယ်။ အူအသည်း ပေါက်တာတို့ ဒါတွေက သူတို့ ခွဲနိုင်စိတ်နိုင်ဖြစ်အောင် ကျနော်တို့လုပ်နေပေးတယ်။ နောက်တစ်ခု ကတော့ ဖျားနာတာတွေ အထွေထွေလေးတွေလည်းသူတို့နိုင်ရမယ်။ အဲလိုမျိုးတွေ အတွက်လည်းကျနော်ရည်ရွယ်ပြီးတော့ ဒီလိုမျိုးလုပ်တာဖြစ်တယ်။

မေး။ ။ တစ်ကယ်လို့ အကြောင်းကြောင်းကြောင့် လူနာကိုလွဲရမယ်ဆိုရင်ကော အများအားဖြင့် ဘယ်မှာလွဲတာလဲရှင့်။ ပြီးတော့ ဘယ်လိုလူနာတွေကို လွဲရတာလဲရှင့်။

ဖြေ။ ။ အများအားဖြင့် နေပြည်တော်မှာ လွဲတာတွေများတယ်။ ဘယ်လိုလူနာလဲဆိုတော့ ဦးနှောက်မှာ ခွဲစိတ်ရမယ့်လူနာပေါ့။ ဒီလိုဟာမျိုးမှာ ကျနော်တို့ ဆီကဘာမှလုပ်လို့ မရဘူး။ လုပ်လို့ရတာက ဦးနှောက်ကို အပေါက်ဖောက်ပြီး သွေးနဲ့ရှူတာမျိုးတော့ လုပ်လို့ရတယ်။ ဒါပေမယ့်လည်း အဲဒီဟာတွေ ကျနော်တို့ကမှန်းပြီးလုပ်ရတယ်။ အဲတော့ တချို့တွေတတ်နိုင်တယ်ဆိုရင် ရန်ကုန်သို့သွားတယ်ပေါ့။ လုံးဝမတတ်နိုင်တဲ့ သူလည်း အခမဲ့ကို ကျနော်တို့ ရအောင်ပိုးပေးတယ်။ အဲဒါကတော့ ကယားအတွက် စိတ်ချမ်းသာစရာတစ်ခုပဲ။ တကယ့်ကို စည်းလုံးညီညွတ်မူရှိတယ်။

မေး။ ။ ဆရာကယားမှာ တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ တစ်နှစ်နဲ့ တစ်နှစ် သေဆုံးမူ အခြေအနေက ဘယ်လိုရှိလဲ တိုးလာလား လျှော့လာလာ။

ဖြေ။ ။ အဲဒီဟာတွေက အချက်အလက်ကို အရင်ကြည့်မှပဲ ပြောလို့ရမယ်။ လတ်သလောက်တော့ ကျနော်တို့ ကြည့်တဲ့ အခါမှာတော့ ဘာကြောင့် အရမ်းလျော့သွားလဲ ဘာကြောင်းအရမ်းတိုးသွားလဲ ဆိုတာ ကျနော်တို့ မသိဘူး။ သေချာတာ တစ်ခုကတော့ မသေသင့်တဲ့ လူတွေကို မသေအောင် ကျနော်တို့ လုပ်နိုင်တယ်။ အဲနေ့တုန်းက (၂၀၁၇ခုနှစ်သင်္ကြန်အတွင်း နောင်ယားကန်တွင်မိုးကြိုးပစ်မှုကိုရည်ညွန်းသည်) မိုးကြိုးပစ်တယ် သားအမိ နှစ်ယောက်စလုံးထိတယ် အမေဆို တော်တော်ဆိုးတယ် နှလုံးကို ထိတယ် ဒါပေမယ့် ဒီမှာရောက်တယ် နှလုံးထိတယ်ဆိုတာသိတယ် ဒီကနေ အထူးကျန်းမာရေးကုသပြီး သေချာလုပ်ပေးတယ် သမားတော်တွေ သေချာကြည့်တယ် လူနာကောင်းပြီးဆင်းသွားတယ်။ အဲလိုမျိုးပေါ့ မသေသင့်တဲ့ လူနာတွေကို မသေအောင် လုပ်ပေးလိုက်နိုင်တယ်ပေါ့နော။ အဲဒါက ကျနော်တို့ တိုးတက်လာမူ ဖြစ်တယ်။ အခုလက်ရှိမှာ အဲဒီ ဒေတာက မရှိတော့ ဒီနှစ်ဘယ်လောက်သေလဲ အရင်တစ်နှစ်ဘယ်လောက်သေလဲ ဆိုတာ လတ်သလောက် မပြောနိုင်သေးဘူး။

မေး။ ။ ရှေးဆက်ပြီးတော့ကော ဒီဆေးရုံကြီးအတွက် တိုးတက်အောင် ဆရာဘာတွေစီစဉ်ထားသလဲ။

ဖြေ။ ။ လုပ်ဖို့တော့ အများကြီးပဲ။ ပထမတစ်ခု ကျနော်လုပ်ချင်တဲ့ဟာက ဘာလဲဆိုတာ ဒီဆေးရုံကြီးက နှစ်ပေါင်း ၆၀ ရှိပြီး နောက်ဆိုပြိုမှာလေး တကယ်လို့ အသစ်ပြန်ဆောက်ရင် ဟိုနေရာတစ်ဆောင် ဒီနေရာတစ်ဆောင် ကျနော်အဲလို ဖြစ်စေချင်ဘူး။ လွိုင်ကော်ဆေးရုံ ကြည့်လိုက်တာနဲ့ လှနေတဲ့ ပုံစံမျိုးကိုလိုချင်တာ။ အဲဒီအတွက်ကို ကူညီမယ့်သူ ရှိလို့ရှိရင် ကျနော်က ဘယ်သူ့ကို ဖိ်တ်ခေါ်လဲဆိုတာ ကျနော်ဂျပန်တွေကိုခေါ်ဖို့ စိတ်ကူးထားတယ်။ ပုံစံဆွဲပေး ဒီလိုမျိုးပုံစံလည်းစျေးကြီးတယ် ပုံစံဆွဲပြီးရင် ဘယ်ဘက်ကို ဆောက်မလား ညာဘက်ကိုဆောက်မလား ဘယ်နေရာဆောက်မလဲဆိုတာ အဲဒီဆောက်တဲ့ဟာက ကျနော်တို့ ဌာနကနေချတဲ့ဘတ်ဂျက်က တစ်နှစ်မနိုင်ရင် ၅ နှစ်ဆောက်သွားရင် ဆောက်သွားနိုင်တယ်။ တကယ့်ကို လှတဲ့ပုံစံကို ကျနော်လိုချင်တယ်။ လွိုင်ကော်ဆေးရုံကြီးကို တကယ့်အဆင့်မြင့်ဖြစ်ဖို့လုပ်စေချင်တယ်။

နောက်ဒုတိယ တစ်ခုကတော့ လိုအပ်တဲ့ဝန်ထမ်း အိမ်ယာတွေ သေချာဆောက်စေချင်တယ်။ ဝန်ထမ်းအိမ်ယာကို ဆောက်ဖို့က ကျနော်တို့ ကျူးကျော်အိမ် သုံးလုံးရှိတယ်။ ကျူးကျော် အိမ်သုံးလုံးကိုဖယ်ဖို့ရန် အတွက်ခက်တယ်လေး။ သူတို့ဖယ်ရဖို့ဆိုတာနစ်နာတယ်။ ဒါပေမယ့် ကျနော်တို့ကသူ့ကို ဘာဖြစ်လို့ဖယ်ခိုင်းလဲဆိုတာ သူ့တို့မဖယ်လို့ရှိရင် ကျနော်တို့ဆောက်ချင်တဲ့ အဆောက်အအုံကစနစ်မကျတော့ဘူး။ သူတို့ကို ဖယ်ဖို့ရန်အတွက်လုပ်တယ် လုပ်တဲ့အခါမှာလည်း အစိုးရအဖွဲ့ပူပေါင်းပြီး လုပ်ပေးတယ်။ ပြီးတော့ လွိုင်ကော်မှာရှိတဲ့ဆေးရုံ တစ်ခုထဲကောင်းလို့ မရဘူး ကယားမှာရှိတဲ့ ဆေးရုံတွေ အားလုံးအကုန်ကောင်းရမယ်။ ဆေးရုံတွေ ကောင်းဖို့အတွက်ဘာလုပ်မလဲဆိုတာ အဲဒါတွေ ကျနော့ခေါင်းထဲမှာ အကုန်လုံးရှိတယ်။ ကျနော်တွေ့ တဲ့လူတိုင်း ပြောပြတယ် ဒါလုပ်မယ် ဒါလုပ်မယ် အဲလိုမျိုးပေါ့။ ကယားရဲ ့ ကျန်းမာရေးဆောင်ရွက်မှု မြင့်မားလာတဲ့ အပေါ် အကောင်းဆုံးထိရောက်မူကို ကျနော်ဖြစ်စေချင်တယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...