တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ကရင်နီပြည်ကို စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်း

တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ကရင်နီပြည်ကို စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်း

စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေနဲ့ အင်အားအလုံးအရင်း ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ကရင်နီပြည်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီက နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနား သဝဏ်လွှာမှာ ထည့်သွင်း ကမ်းလှမ်းလိုက်ပါတယ်။

တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တပ်မတော်နဲ့အတူ နိုင်ငံ့ဝန်ထမ်းအားလုံး၊ အရပ်ဘက် အဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှ အချိန်တိုအတွင်း ရရှိနိုင်မယ်လို့ သဝဏ်လွှာမှာပါရှိပါတယ်။

စစ်ကောင်စီရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အနေနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ အတွင်းရေးမှူး ( ၁ ) ခူဒယ်နီယာယ်က ပြောပါတယ်။

“ တိုင်းရင်းသား ပြည်သူက အဓိကဘဲ ကျနော်တို့ တိုင်းရင်းသားပြည်သူက သူ့ကို လက်မှမခံဘဲကို ဆိုတော့ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက လက်ခံရခက်တယ်ပေါ့။ ဆိုတော့ သူပြောတာက တိုင်းရင်းသားပြည်သူ အဖွဲ့အစည်းတွေကလည်း ပြည်သူလူထုတွေအတွက် အလုပ်လုပ်တယ်။ ဆိုတာက နဂိုကတည်းက ရည်ရွယ်ချက်ရှိပြီးသားဘဲပေါ့နော။ ဆိုတော့ ဒီပြည်သူလူထုက သူ့ကို လက်မခံဘူး။ ပြည်သူလူထုကိုယ်၌က သူ့ကို တိုက်နေတယ်။ အဲ့လိုမျိုး သွားဖြစ်နေတော့ အဲ့လိုသွားဖြစ်နေတော့ လူထုက လက်မခံတဲ့ အလုပ်တစ်ခုကို အဖွဲ့အစည်းတွေကလည်း လက်ခံနိုင်တဲ့ အကြောင်းမရှိဘူး။” လို့ပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း KA ၊ KNDF PDF နဲ့ စစ်ကောင်စီတို့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းပါ အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။ ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့ပေါ်မှာပါလည်း ဆက်တိုက်ပွဲဖြစ်ပွားပြီး ကရင်နီပြည်ရဲ့ လူဦးရေ ထက်ဝက်ကျော်က စစ်ဘေးဒုက္ခသည်ဖြစ်နေကြရပါတယ်။

နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ကျင်းပခဲ့ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး အပါအဝင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီယာယ် ဦးရွှေကျင်း ဦးထွန်းထွန်းနောင် စတဲ့ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ ဌာနဆိုင်ရာ ဝန်ကြီးတွေနဲ့ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူတွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပိုင်မီဒီယာမှာ ထုတ်ပြန်ထားပါတယ်။

November 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက နိုးကိုးကျေးရွာအုပ်စုအတွင်းမှာနေထိုင်တဲ့...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်းများ။  (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )
November 19, 2024
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက...
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
November 18, 2024
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈...