သတင်းထောက်များကို တပ်မတော်က ဖမ်းဆီးအရေးယူမှုအပေါ် တိုင်းရင်းသားခေါင်းဆောင်များ၏ အမြင်

သတင်းထောက်များကို တပ်မတော်က ဖမ်းဆီးအရေးယူမှုအပေါ် တိုင်းရင်းသားခေါင်းဆောင်များ၏ အမြင်
by -
မဇ္စျိမ/ဖနိဒါ
နိုင်ဟံသာ ဥက္ကဋ္ဌ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
နိုင်ဟံသာ ဥက္ကဋ္ဌ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
ဒီတလောက သတင်းထောက် သုံးဦးဖြစ်တဲ့ ဒီဗွီဘီနဲ့ ဧရာဝတီက သတင်းထောက် သုံးဦးက အမှန်က သူတို့က သာမန်သွားပြီးတော့ ဆက်ဆံတာ မဟုတ်ဘူး။ ဟိုမှာ မူးယစ်ဆေးဝါး ဖမ်းထားတာကို ဖျက်ဆီးတာပေါ့ဗျာ။ သူတို့နယ်၊ သူတို့ဒေသမှာ သူတို့ မူးယစ်ဆေးဝါးကိစ္စကို တိုက်ဖျက်နေတယ်ဆိုတဲ့ကိစ္စ၊ ဒါကို တစ်နိုင်ငံလုုံးသိအောင်၊ တကမ္ထာလုံး သိအောင် ဒါက ထုတ်ပြန်တဲ့ အနေအထားပါ။ အဲဒီပွဲကြီးကလည်း ကြေညာပြီးတော့ လုပ်တဲ့ပွဲပါ။ အဲဒီပွဲမျိုးမှာ သတင်းထောက်က တက်ရောက်ပြီး လူထုကို ဖြန့်ပေးခြင်းအားဖြင့် ဒါက အမှန်ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အားပေးတယ်လို့ပဲ ကျွန်တော်မြင်တယ်။ အဲဒီလို ပွဲမျိုးမှာ ဒါက လျို့ဝှက်ဆက်သွယ်တာ မဟုတ်ဘူး။ မီးရှို့ဖျက်ဆီးတဲ့ အင်အားစုဘက်ကလည်း အများကို သိအောင်လုပ်တဲ့ ပွဲမျိုးဆိုတော့ ဒီလိုပွဲမျိုးမှာ ဒီလို ဖမ်းဆီးတယ်ဆိုတဲ့ဟာကတော့ မသင့်လျှော်ဘူးလို့ မြင်တယ်။

အမှန်က ဒို့တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်နေတယ်။ အခုဆိုရင် နယ် အနှံ့တော်တော်လည်း ပြန့်ပွားနေတဲ့ကိစ္စ၊ ဒါက တို်င်းရင်းသားတွေဘက်ကလည်း ဆန့်ကျင်နေတယ်။ တပြည်လုံး လူထုတွေကလည်း ဆန့်ကျင်နေတဲ့ကိစ္စ၊ နိုင်ငံအတွက် အကျိုးမရှိတဲ့ ကိစ္စအပေါ်မှာ သူတို့လုပ်တဲ့အပေါ်မှာ သင့်မြတ်တဲ့ အလုပ်ပေါ့နော်။ အဲလို အလုပ်မျိုးမှာ ဒီလို ဖမ်းဆီးလိုက်ခြင်းအားဖြင့် သဘော ဒီကိစ္စမှာ အစိုးရက အားမပေးချင်ဘူးလား။ သဘောတူပြီးတော့ မူးယစ်ဆေးဝါးကို တိုက်ဖျက်နေတဲ့ကိစ္စမှာ အစိုးရက သဘောတူပြီးတော့ မူးယစ်ဆေးဝါးကို အားပေးနေတဲ့ ပုံစံမျိုးလား၊ မူးယစ်ဆေးဝါးကို တိုက်ဖျက်ချင်တဲ့ဆန္ဒရှိရင် ဒါကတော့ နားလည်မှုပေးဖို့ သင့်တယ်လို့ မြင်တယ်။

အခုခေတ်မှာ ခေတ်ပြောင်းလဲဖို့ ဖြစ်ရှိနေတဲ့ အခြေအနေစိုးကို ပြောင်းလဲဖို့ ဒီလို ပြောင်းလဲတဲ့နေရာမှာ အမှန်တော့ သတင်းမီဒီယာကို အင်အားတစ်ခုဖြစ်တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာလည်း သတင်းလွတ်လပ်ခွင့်က တော်တော်လေး အရေးကြီးပါတယ်။ အဲဒီလို အနေအထားမျိုးမှာ အခုလို သတင်းထောက်တွေကို ဖမ်းဆီးတာက အာဏာရှင်စနစ်ကို ထိန်းသိမ်းတဲ့သဘောမျိုးဖြစ်နေတယ်။ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်တဲ့သဘောမျုုိးဖြစ်နေတယ်။ နောက် ဒီအပြောင်း အလဲကိစ္စမှာလည်း နည်းကွေးအောင် ဖြစ်စေတဲ့သဘောမျိုးဖြစ်သွားတယ်လို့ အန်ကယ်တို့ အဲဒီလိုမြင်တယ်။ ဒါက တော့ ဘယ်လိုမှ မထောက်ခံဘူးဗျ။

စိုင်းကျော်ညွန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ- (SNLD)မှ တွဲဘက် အတွင်းရေးမှူး (၂)

သတင်းသမားဆိုရင်တော့ သူတို့ကိုယ်၌က ဘယ်သတင်းဌာနကပါဆိုပြီးတော့လည်း ကဒ်ပြားတွေလည်း ရှိမှာပါ။ နောက် ပြီးရင် ဟုတ်မဟုတ်ကလည်း ဒါ သက်ဆိုင်ရာ သတင်းဌာနကိုလည်း ဆက်သွယ်မေးမြန်းနိုင်ရင်လည်း ရပါတယ်။ အဲတော့ မေးစရာရှိလာတာက သတင်းသမားတွေက ဟိုနေရာမသွားရ၊ ဒီနေရာမသွားရပါဘူးဆိုတဲ့ ကန့်သတ်ချုပ်ချယ်မှုက ရှိသလားပေါ့။ အဲဒီလို ချုပ်ချယ်ထားတဲ့ ကန့်သတ်ထားတဲ့ ဥပဒေတွေက ရှိသလားပေါ့။ ပြီးရင် တစ်ခုစဉ်းစားရမှာက သတင်းသမားတွေက နိုင်ငံတကာမှာဆိုရင်တော့ စစ်ဖြစ်နေတဲ့ စစ်မျက်နှာပြင်မှာတောင်မှ သတင်းသွားယူတာ ရှိတယ်။ အခုကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဆိုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဲတော့ သူတို့ဆီမှာ သူတို့ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတဲ့အပေါ်ကို သတင်းသွားယူတာက သတင်းသမားရဲ့ အလုပ်မဟုတ်ဘူးလား။ အဲဒီအပေါ်မှာ ဘယ်လို အကြောင်းပြချက်နဲ့ဖမ်းတယ်ဆိုတဲ့ ကိစ္စတော့ သိပ်မရှင်းလင်းဘူး။ ကျွန်တော်က အဲဒီလိုပဲ မြင်တယ်။

မီဒီယာကို ကျွန်တော်တို့က စတုတ္ထမဏ္ဍိုင်ဆိုပြီးတော့ ရည်ညွန်းပြီးတော့ ပြောနေကြတယ်ပေါ့ဗျာ။ အဲတော့ အစိုးရရဲဲ့ လုပ်မှု ကိုင်မှု လုပ်ဆောင်နေတဲ့အပိုင်းတွေကိုလည်း သတင်းထောက်သမားတွေက သတင်းဖော်ပြကြတာဘဲ။ အဲဒီလိုပဲ အစိုးရနဲ့ တိုက်ခိုက်ပြီးတော့ တော်လှန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း ဖော်ပြနေတာဘဲ။ ဒါက သတင်းပဲ ဖြစ်ပါတယ်။ သတင်းဆိုတာ တစ်ဖက်တည်း ဖော်ပြလို့ ကောင်းတဲ့အမျိုးတော ့မဟုတ်ပါဘူး။ အဖက်ဖက်အရာရာမှာ စတုတ္ထ မဏ္ဍိုင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ဖော်ပြနေတယ်ဆိုရင်တော့ဖြင့် သတင်းသမားများဟာ ဘယ်နေရာမဆို လွတ်လပ်စွာ သွားလာခွင့် ရှိသင့်တယ်လို့ မြင်ပါတယ်။ အဲဒါကြောင့်မလို့ သတင်းသမားတွေကို ဒီလို ကန့်သတ်တယ်။ သွားတဲ့အပေါ်မှာလည်း မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ တရားစွဲဆိုတယ်ကိစ္စတွေကတော့ မဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ပြောရမှာဖြစ်ပါတယ်။

အမျိုးသမီးအဖွဲ့ချုုပ်(မြန်မာနိုင်ငံ)- WLB မှ မူဝါဒ ဦးဆောင်အဖွဲ့ဝင်တစ်ဦး ဒေါ်တင်တင်ညို

သတင်းထောက်တွေ ဆိုတာကတော့ သူ့အလုပ်သူလုပ်တာပေါ့နော်။ ဆိုတော့ တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေလေးတွေကို မှန်မှန်ကန်ကန်နဲ့ ထောက်ပြနိုင်ဖို့အတွက်က သူက သတင်းတွေ လိုက်ယူရတယ်။ ဘယ်သူမဆို သူကတော့ ဘယ်သူဘာလုပ်လုပ်သတင်းတွေက လူထုတွေ သိဖို့ ချပြမယ်။ ပြီးရင်သူက မူပေါ်လစီတွေ ရေးဆွဲတဲ့သူတွေ သိဖို့ လိုအပ်တာတွေကို ချပြရမှာပဲ။ ဒီလို လိုက်လုပ်လို့ တရားမဝင်အသင်းနဲ့ ဆက်သွယ်လို့ ဖမ်းတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့နော်။ ဒါက ပြောမယ်ဆိုရင် သတင်းလွတ်လပ်မှုကို ပိတ်ပင်တဲ့သဘောလို့ပဲ ကျွန်မတို့ကတော့ သတ်မှတ်ပါတယ်။

ဆလိုင်းရမ်ကုလ်ကျုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (ချင်းအမျိုးသားတပ်ဦး-CNF)

ကျွန်တော်တို့နိုင်ငံက အခုအသွင်ကူးပြောင်းဖို့ ကြိုးစားနေတဲ့ကာလမှာ ကျွန်တော်တို့က ရှေကို တိုးဖို့ ကြိုးစားရင်း တခါတလေကြရင် နောက်ကို ပြန်ဆုတ်ရတဲ့အပိုင်းတွေ ရှိတာပေါ့။ ကျွန်တော်တို့ တိုးတက်မှုတွေက အစုအဖွဲ့တစ်ခုအတွက် စိုးရိမ် စရာတွေ ဖြစ်နိုင်တယ်လေ။ သူတို့ရဲ့ စိုးရိမ်မှု သူတို့ရဲ့ သတိထားမှုတွေ လည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့အသွင်ကူးပြောင်းမှု ကြိုးစားတဲ့ကာလမှာ ဒီကိစ္စတခုတည်းကို မကြည့်ဘဲနဲ့ တခြားတခြား အချက်တွေ ပြီးခဲ့တဲ့ လေး၊ ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ ကြံုခဲ့ရတဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ ပတ်သက်တဲ့ မီဒီယာပိုင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေရှိတယ်ဆိုတာ အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ ဖြစ်ပေါ်နေတဲ့ကိစ္စပေါ့။ အခု ဒီသတင်းထောက်တွေကို ဖမ်းဆီးတဲ့ကိစ္စကြတော့ တိုက်ရိုက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တာပေါ့နော်။ ဆိုတော့ ဒီကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက အဖွဲ့တချို့တွေနဲ့ သူတို့ရဲ့ ကိုင်တွယ်မှုပေါ့နော်။ ဆိုတော ့အဲဒီနေရာမှာ သူတို့ရဲ့ လုပ်ငန်းတစ်ရပ်လို့ပဲ မြင်ပါတယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...