မြောက်ပိုင်းအဖွဲ့များနှင့်တွေ့ဆုံရန် အစိုးရ ညှိနှိုင်းဆဲ

မြောက်ပိုင်းအဖွဲ့များနှင့်တွေ့ဆုံရန် အစိုးရ ညှိနှိုင်းဆဲ
by -
မဇ္ဈိမ
​မြောက်​ပိုင်​းလက်​နက်​ကိုင်​အဖွဲ့​တွေဖြစ်​တဲ့ UWSA, KIA, AA, TNLA, MNDAA, NDAA, SSPP/SSA တို့ဟာ ​၂၁ရာစု ပင်​လုံညီလာခံတက်​ရန်​ ​မေ ၂၃ရက်​​က ​နေပြည်​​တော်​သို့ လာရောက်စဉ်။ ဓာတ်​ပုံ -U Zaw Htay facebook)
​မြောက်​ပိုင်​းလက်​နက်​ကိုင်​အဖွဲ့​တွေဖြစ်​တဲ့ UWSA, KIA, AA, TNLA, MNDAA, NDAA, SSPP/SSA တို့ဟာ ​၂၁ရာစု ပင်​လုံညီလာခံတက်​ရန်​ ​မေ ၂၃ရက်​​က ​နေပြည်​​တော်​သို့ လာရောက်စဉ်။ ဓာတ်​ပုံ -U Zaw Htay facebook)
 မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်က ညှိနှိုင်းဆဲအနေအထားသာ ရှိနေသေးသည်ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

"အစီအစဉ်ဘာမှမရှိသေးဘူး၊ အခုအချိန်ထိ ညှိနှိုင်းနေဆဲပဲ" ဟု ဦးအောင်စိုးက ဆိုသည်။

ယနေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး(NRPC) ရုံးတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင်၏ လစဉ်ပုံမှန်အစည်းအဝေးအပြီးတွင် ဦးအောင်စိုးက အထက်ပါအတိုင်းဖြေဆိုလိုက်ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် မြောက်ပိုင်းအဖွဲ့များကို တွေ့ဆုံရန် ညှိနှိုင်းဆောင်ရွက်နေမှုများ ပြုလုပ်နေသော်လည်း အသေးစိတ်အခြေအနေကို ပြောပြနိုင်သေးခြင်းမရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေးမှ မဇ္ဈိမသို့ ဇွန်လ ၁၉ ရက်နေ့တွင် ပြောဆိုထားသည်။

မြောက်ပိုင်းအဖွဲ့များက ၎င်းတို့ ဖွဲ့စည်းထားသည့် “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’’ အနေဖြင့် တွေ့ဆုံနိုင်မှသာ ဆွေးနွေးမည် ဖြစ်သည်ဟု တရုတ်အထူးသံကိုယ်စားလှယ်ထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်လပ်ရေးတပ်ဦး(PSLF/TNLA) အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောဆိုထားသည်။

ဝအဖွဲ့ (UWSA) ဦးဆောင်ပြီး ပလောင်အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်အဖွဲ့( KIO)၊ ရှမ်းအဖွဲ့(SSPP) စသည့် မြောက်ပိုင်းအဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် "ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ" FPNCC ကိုဖွဲ့စည်းခဲ့သည်။

Most read this week

September 6, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့အဝင် ကျန်ဂပ်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာလ ၆ ရက်)...
September 2, 2024
သံဖြူဇရပ်- ဘုရားသုံးဆူ ကားလမ်းဘေးရှိ စစ်ကောင်စီ၏ အနန်းကွင်း ဗျူဟာစခန်းအနီး...
August 30, 2024
နောင်ချိုမြို့နယ်၏ အရှေ့တောင်ဘက်ရှိ တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်စခန်းများဖြစ်သော အမတ (...
August 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ စော်ဘွားရေရှင်ကျေးရွာ၌ ယာယီဖွင့်လှစ်ထားသည့်...