သိမ်းဆည်း မြို့များတွင် အရပ်ဘက် စစ်ဘက် ပူးတွဲ အုပ်ချုပ်ရေး ဖော်ဆောင်မည်ဟု TNLA ပြော

သိမ်းဆည်း မြို့များတွင် အရပ်ဘက် စစ်ဘက် ပူးတွဲ အုပ်ချုပ်ရေး ဖော်ဆောင်မည်ဟု TNLA ပြော

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်။“၁၀၂၇” စစ်ဆင်ရေးထဲ သိမ်းပိုက်ထားoသည့် မြို့နယ်များတွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်နိုင် ရေး ဒေသခံလူထုနှင့် ပူပေါင်းလုပ်ဆောင်သွားမည်ဟု TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ပြောဆိုလိုက်သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေး      လုပ်ငန်းများကို ပူးတွဲစီမံအုပ်ချုပ်သွားမည့် ၂၀၂၅ ခုနှစ်တွင် ကြားကာလ တော်လှန်အစိုးရ ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က “ကျနော်တို့ သိမ်းလိုက်တဲ့မြို့တွေ၊ ကျနော်တို့ ထိန်းသိမ်းလိုက်တဲ့ မြို့တွေကို စီမံအုပ်ချုပ်ဖို့ ကျနော်တို့ တာဝန်ရှိတယ်။ ဒီမှာရှိနေတဲ့ ဒေသခံပြည်သူလူထုတွေ စားဝတ်နေရေး ပြေလည်ဖို့ အသက်အိုးအိမ် လုံခြုံမှု ရှိဖို့ ကျနော် တို့က အကောင်းဆုံး စီမံခန့်ခွဲ ခွင့်ပေးတယ်။ ဒါတွေအားလုံးကို စီမံခန့်ခွဲရမယ်၊ အုပ်ချုပ်သွားမယ်။ နိုင်ငံရေး အရတော့ ကျနော်ထင်တယ် စစ်အာဏာရှင်ကို အခုချိန်မှာ တက်ညီလက်ညီ ကျနော်တို့ ပြုတ်အောင် တိုက်ရမယ်။ အဲ့ဒီနောက်ပိုင်း တဆင့် ရောက်ပြီဆိုရင်တော့ ကျနော်တို့ နိုင်ငံရေးစကား ကောင်းကောင်း ပြောကြဖို့ လိုပါတယ်” ဟု ပြောသည်။

ရှမ်းမြောက်ဒေသတွင် ဖော်ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယအပိုင်းထဲ TNLA က ထပ်မံ သိမ်းပိုက် ရရှိထားသော ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကို ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အဖွဲ့တို့က သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲ၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု TNLA က ဩဂုတ်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အဖွဲ့တို့က ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်များထဲသို့ သြဂုတ်လ ၁၅ ရက်နေ့ မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုခရီးစဉ်အတွင်း ဗိုလ်ချုပ်တာဘုန်းကျော်နှင့် အဖွဲ့က TNLA က ထပ်မံ သိမ်းပိုက်ရရှိထားသည့် မြို့နယ် ၃ မြို့နယ်ထဲက အစိုးရဆိုင်ရာ ဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို သွားရောက် လေ့လာခဲ့ ကြသည်။

ဗိုလ်ချုပ်တားဘုန်းကျော်က “ကျနော်တို့က ဒီကြားထဲမှာ PSLF က အုပ်ချုပ်မှုတွေ ဖော်ဆောင်တယ် ဆိုပေမယ့် လည်း ကျနော်တို့ ဒီမှာ ရပ်မိ ရပ်ဖတွေ ပါနိုင်တဲ့ အစုအဖွဲ့ ကော်မတီတွေကို ကျနော်တို့ ဖိတ်ကြားထားပါတယ်။ ကျနော်တို့ စီမံခန့်ခွဲနေတဲ့ဟာ က လွှဲချော်မှုရှိတယ်ဆိုရင်တော့ ရပ်မိရပ်ဖကိုယ်တိုင်က ဝင်ပြီးတော့ အကြံဉာဏ် ပေးပါ။ ကျနော်တို့ အမြန်ဆုံး စောစောစီးစီး ဒီလိုကာလအတွင်းမှာ နေလို့ထိုင်လို့ အဆင်ပြေအောင် အုပ်ချုပ်မှု တွေ ကမောက်ကမ မဖြစ်အောင် အကုန်လုံးမှာ တာဝန်ရှိတယ်။ အဲ့လို ဝိုင်းလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။

PSLF/TNLA က သိမ်းပိုက်ထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး CDM ဝန်ထမ်းများပါ ပူးပေါင်းပါဝင်ကြရန်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်နိုင်ရေး ညှိနှိုင်းမှုများ လုပ်သွားကြဖို့ ဗိုလ်ချုပ်တားဘုန်းကျော်က ဖိတ်ခေါ်ထားသည်။

ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး အမြန်ဆုံး ရရှိရေး ဆောင်ရွက်လိုကြောင်း၊ လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများအတွက် မြို့နယ်များအတွင်းရှိ CDM ဝန်ထမ်းများ အားလုံး ပူးပေါင်း ပါဝင်ဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။

မိုးကုတ်မြို့နယ်ထဲက တစ်နိုင်တပိုင် အသေးစား ကျောက်ရှာဖွေရေး လုပ်ငန်းနှင့် ရိက္ခာများ အလွယ်တကူ သယ် ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေ ချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု လဗိုလ်ချုပ်တာဘုန်းကျော် က ပြောဆိုခဲ့သည်။

PSLF/TNLA ၏ အထွေထွေ အုပ်ချူပ်ရေး ဌာနမှူး ဗိုလ်မှူးချူပ် တားဂူးဇာရ်ကလည်း မြို့တွင်း အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ပတ်နိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများအနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက် ပေးရန် မြို့မိမြို့ဖများကို တိုက်တွန်းခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့က ပြန်လည် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆေးရေး” ဒုတိယပိုင်း၌ TNLA နှင့် PDF ပူးပေါင်းတပ် များက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် မြို့နယ်များကို သိမ်းပိုက်နိုင်ခဲ့သည်။

September 12, 2024
စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကန့်ဘလူက စစ်ရှောင်ပြည်သူများ ရာသီတုတ်ကွေးများ ဖြစ်နေကြပြီး ဆေးဝါး...
September 11, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးများနှင့် လူငယ်...
September 11, 2024
ကရင်နီပြည်တွင် လက်နက်ကိုင်ဆောင်ခွင့်အား ကန့်သတ်ထိန်းချုပ်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်...
September 5, 2024
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ပါရာစီတမော ၁၀ လုံးပါ တစ်ကတ်အား ၅,၀၀၀ ကျပ် အထိ...