ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာ ကျေးရွာအတွင်းရှိ နေအိမ်များကို PDF နဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေက မီးရှို့ခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကို အညာသား ဆိုသူ Facebook အကောင့်ပိုင် ရှင်က နေအိမ်တွေ မီးလောင်နေတဲ့ ဓာတ်ပုံနဲ့အတူ ဒီဇင်ဘာလ ၄ ရက်နေ့ (ယနေ့)မှာ ရေးတင်ထားပါတယ်။
ထန်တလန်လို အကြမ်းဖက်တွေ လုပ်ပြန်ပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ထူလွှီးဘီလာ ကျေးရွာ အတွင်းရှိ နေအိမ်များကို PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက မီးရှို့ခဲ့တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။
ဒါဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခုမီးလောင်နေတဲ့ အိမ်တွေရဲ့ ပုံတွေဟာ ဒီဇင်ဘာလ ၃ ရက်နေ့က ကရင်နီတပ်မတော် KA၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တို့နဲ့ စစ်ကောင်စီတပ်တို့အကြား ထူလွှီးဘီ လာကျေးရွာနဲ့ ခြေတော်ရာ ဘုရားအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က နေအိမ် တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေရဲ့ ပြောဆို ထုတ်ပြန်ချက်တွေ အရ သိရပါ တယ်။
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က နေအိမ်မီးလောင်နေတာတွေကို ဒရုန်းရိုက်ချက်က နေတစ် ဆင့် ရရှိထားတဲ့ မှတ်တမ်း ဓာတ်ပုံနဲ့ အတူ သတင်းထုတ်ပြန်ထားပြီး အဲ့ဒီ သတင်းထုတ်ပြန်ချက်ထဲက ဓာတ်ပုံ တွေကို အညားသားဆိုသူက ရယူကာ PDF တွေက နေအိမ်တွေကို မီးရှို့ထားသယောင် Facebook မှာ စာတွေနဲ့ အတူ ပြန်ပြီးရေးတင်ခဲ့တာ ဖြစ်ပါတယ်။
မီးလောင်နေတာနဲ့ ပတ်သက်ပြီး KNDF က ထုတ်ပြန်ချက် ၂ ခုကို ဒီလင့်တွေမှာ HTTPS://BIT.LY/3EQXBLO ၊ HTTPS://BIT.LY/31URW8U တွေ့နိုင်ပါတယ်။
နေအိမ်မီးလောင်တွေနဲ့ ပတ်သက်ပြီး KNDF ခေါင်းဆောင်တစ်ဦးရဲ့ ပြောဆိုမှုကို ကိုးကားပြီး မဇ္ဈိမ သတင်းဌာန ကလည်း သတင်းရေးသားထားတာကို ဒီမှာ https://bit.ly/3lz332C တွေ့နိုင်ပါတယ်။
ဒါကြောင့် အချက်အလက် အားလုံးကို ကြည့်မယ်ဆိုရင်တော့ အညာသားဆိုသူရဲ့ ရေးသားမှုနဲ့ ဓာတ်ပုံပါ အဖြစ် အပျက်တွေဟာ တကယ့် မြေပြင်မှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အကြောင်းအရာကို အမှန်ရေးသားထားတာ မဟုတ်တဲ့ သတင်းအမှား တစ်ခုဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။
အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာ ကို လည်း တွေ့ရတဲ့အတွက် သတင်းတွေကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သေချာ စီစစ်ပြီးမှ ဖြန့်ဝေကြဖို့ လိုပါ တယ်။