စစ်တပ်က ရွာထဲကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေပစ်တော့ အိမ်တွေလူတွေ ထိခိုက်ပျက်စီးတာပေါ့-KNU တပ်မဟာ (၅) နယ်မြေဗျူဟာမှူးနှင့် မေးမြန်းချက်

စစ်တပ်က ရွာထဲကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေပစ်တော့ အိမ်တွေလူတွေ ထိခိုက်ပျက်စီးတာပေါ့-KNU တပ်မဟာ (၅) နယ်မြေဗျူဟာမှူးနှင့် မေးမြန်းချက်

မေး – အခု နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှု အခြေအနေနဲ့ တိုက်ပွဲဖြစ်ပွားမှုက ဘယ်လိုတွေရှိလဲ။

ပြီးခဲ့တဲ့ တစ်ရက်က စစ်ကြောင်း တစ်ကြောင်း ဝင်လာတာ အင်အား ၄၀၀လောက်ရှိတယ်လို့ အောက်ခြေက နေ သတင်းပို့လာတယ်။ တိုက်ပွဲက နေ့တိုင်းဖြစ်တယ်လို့ ပြောလို့ရတယ်။ ဖာပွန်နဲ့ ကမမောင်း ကြားနဲ့၊ ဖာပွန်အထက် ဘက်ခြမ်းအဲ့ဘက်မှာဖြစ်တယ်။ ပြီးတော့ ဖာပွန်နဲ့ တောင်သုံးလုံးကြား၊ တောင်သုံးလုံးနဲ့ ဝါသိုးခို့ကြား ပြီးတော့ ကတိုင် တိနဲ့ ကမမောင်းကြား ပုံစံမျိုးစုံနဲ့ နေ့တိုင်းဖြစ်တာပေါ့။

မေး – အခု စစ်ရေးလှုပ်ရှားမှု အများဆုံးမြို့နယ်က ဘယ်မြို့နယ်ဖြစ်မလဲ။

အခုက ဒွယ်လိုမြို့နယ်တွင်းလို့ပဲ ပြောရမှာပေါ့။ အဲ့မြို့နယ်ထဲမှာက ပိုလှုပ်ရှားကြတာပေါ့။ ဘာဖြစ်လဲဆိုတော့ ကမမောင်းကနေ ဖာပွန်ကို တက်လာတဲ့လမ်းက ဒွယ်လိုးမြို့နယ်အစပ်နဲ့ ဘူးသိုမြို့နယ်အစပ်ပေါ့။

မေး – ဒီလို စစ်ရေးလှုပ်ရှားမှုတွေ များလာတဲ့အပေါ်မှာ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘော ထားရှိလဲ။

ဒီစစ်အာဏာရှင်ကိုတော့ လက်ခံစရာ နေရာပေးစရာကို မရှိတာပါ။ အခုက တစ်နိုင်ငံလုံးကလည်း ဒုက္ခပေါင်းစုံ ကို ရင်ဆိုင်နေရပြီး။ သူတို့ကိုတော့ လက်ခံစရာ အကြောင်းမရှိဘူး။ အရင်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည် ဆောက်မယ်လို့ပြောပြီး အခုက အာဏာသိမ်းတာ ပြန်ဖြစ်တော့ ဒါက ငြိမ်းချမ်းတဲ့ နည်းလမ်းမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့က ဒီနယ်မြေရဲ့ တာဝန်ရှိသူဖြစ်သလို ဒီနယ်မြေရဲ့ နယ်မြေခံလည်းဖြစ်တဲ့အလျှောက် သူတို့ဝင်လာတာကို တော့ ကျနော်တို့ဘက်က ကာကွယ်ရမယ်။ တွန်းလှန်ရမယ်။ တော်လှန်ရမယ်။ တိုက်ထုတ်လိုက်ရမယ်။

ဒီမှာက BGF က နှစ်ဖွဲ့ရှိတာပေါ့။ သူတို့က စစ်တပ်အောက်က စစ်တပ်ကြိုးဆွဲတာ လုပ်နေရတာကို နားလည် တယ်။ အရင်ကလည်း ကျနော်တို့ အချင်းချင်းကြားမှာက ဆက်ဆံမှုတွေရှိနေတာပဲ။ စစ်တပ်က လုပ်ချင်ရင် လုပ်ပါစေ ပေါ့။ သူတို့အစီအစဉ်ရှိသလို သူတို့လုပ်သလို ကျနော်တို့ အစီအစဉ်ရှိသလို ကျနော်တို့ လုပ်မှာပေါ့။ သူတို့က ဘေးမှာနေ ပေါ့။ နောက်ပိုင်း စစ်တပ်ရဲ့ အစီအစဉ်အတိုင်း သူတို့ပါလာတော့ တိုက်ပွဲဖြစ်တာပေါ့။ စစ်တပ်နဲ့အတူ မလာဘူးဆိုရင် သူတို့အတွက်ကော၊ ကျနော်တို့အတွက်က မခက်ခဲဘူးလေ။

စစ်တပ်က အခု လက်ရှိအခြေအနေအရ အာဏာသိမ်းတဲ့ပုံစံအတိုင်း သူတို့လုပ်စရာရှိတာ လုပ်တာဖြစ်တဲ့အ တွက် ကိုယ်ကမလုပ်ရင် သူတို့လုပ်မှာပဲ။ တစ်နေ့ကျရင် သူတို့အစီအစဉ်ရှိတဲ့အတိုင်းပေါ့။ ဖာပွန်နဲ့ ကမမောင်းလမ်းက တော့ ကျနော်တို့ စစ်မျက်နှာဖွင့်ထားပြီးသားပဲ။ BGF အတွက်တော့ မရည်ရွယ်ဘူး။ ဒီစစ်အာဏာရှင်ကိုပဲ ရည်ရွယ် တယ်။ စစ်တပ်ကတော့ ဒီမှာရှိတဲ့ သူ့စခန်းတွေကို လက်နက်ခဲယမ်း ရိက္ခာပို့ဖို့က သူတို့အစီအစဉ်ရှိပြီးသားပဲ။ ရိက္ခာပို့ ပြီး လက်နက်ခဲယမ်းပို့ပြီး ကိုယ့်ကိုလာလုပ်မှာကို ကျနော်တို့က မတားဘူးဆိုရင် အခက်အခဲတွေ ဖြစ်လာမှာပေါ့။

မေး – အခု သူတို့ရဲ့ စားနပ်ရိက္ခာလမ်းကြောင်းကို ဘယ်လောက်ထိ ပိတ်ဆို့ထားနိုင်လဲ။

ဖာပွန်-ကမမောင်းဘက်ကနေ ခေါပူ ဘက်တက်တဲ့လမ်းဆိုရင်တော့ ၅၀ ရာခိုင်နှုန်းအထိ ပိတ်ဆို့ထားနိုင်တယ် လို့ ပြောလို့ရတာပေါ့။ ပြောရမယ်ဆိုရင် ဖာပွန်-ကမမောင်းလမ်းကြားဆိုရင် ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားလို့ ရတာပေါ့။ ဘာဖြစ်လဲဆိုရင် သူတို့ကားတွေ တစ်စီးမှ မတက်နိုင်ဘူး။ ကျနော်တို့ နည်းလမ်းပေါင်းစုံနဲ့ ဟန့်တားထား တော့ သူတို့ အခုထိ အဲ့လမ်းကို မသွားနိုင်ဘူး။

မေး – အခုလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ့ ဒေသခံအရပ်သားပြည်သူတွေအတွက်က ဘယ်လိုတွေ အခက်အခဲ ကြုံနေရတာမျိုးရှိလဲ။

အခက်အခဲက တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာက ပိုများတယ်။ ဖာပွန်-ကမမောင်းလမ်းကြား ဖာပွန် အနောက် ဘက်ခြမ်းက ရွာတွေက အခက်အခဲ ပိုတွေ့ရတာပေါ့။ အဲ့မှာက စစ်တပ်နဲ့နီးတော့ တိုက်ပွဲဖြစ်ရင် စစ်တပ်က ရွာထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေပစ်တော့ အိမ်တွေ၊ လူတွေ ထိခိုက်ပျက်စီးတာပေါ့။ နောက်ပြီး ဖာပွန် အထက် ဘက်က ရွာတွေဆိုလည်း စစ်တပ်ရဲ့ လက်နက်ကြီးငယ်တွေနဲ့ သူတို့နေအိမ်တည့်တည့်ကို ပစ်ခတ်ခံရတာမျိုး ခံရတာ ပေါ့။ ပြီးတော့ အခု ကွီးရှီရွာမှာ နေအိမ် ၉၀လောက်ရှိတာက အခု ၃အိမ်လောက်ပဲ ကျန်တော့တယ်။

မာထောရွာမှာဆိုလည်း နေအိမ် ၁၀၀ကျော်လောက်ရှိတာက အခု နည်းနည်းလောက်ပဲ ကျန်တော့တယ်။ ပြီးတော့ ထွီးသီအု ရွာမှာဆိုရင်တော့ အကုန်ပြေးကုန်ပြီ။ အနီးအနားက ရွာတွေလည်း ပြေးရတာပဲ။ တိုက်ပွဲဖြစ်တော့ သူတို့ကလည်း ပြေးရလွှားရ။ ကိုယ်တွေဘက်ကလည်း ကာကွယ်ဖို့အတွက်က မိုင်းတွေ သုံးရတယ်။ စစ်တပ်ဘက်က လည်း သုံးတယ်။ BGF ဘက်ကလည်း သုံးတယ်။ ဒါပေမဲ့ ကျနော်တို့မိုင်းတွေက ယာယီ(ကာလတို)ပဲဆိုတော့ ပြဿနာ မရှိဘူး။ စစ်တပ်ဘက်က မိုင်းတွေက နှစ်ရှည်လများခံတဲ့ မိုင်းတွေဆိုတော့ ပြဿနာရှိတာပေါ့။

ပြီးတော့ မယ်ဝေစခန်းဆိုလည်း စစ်တပ်က ဘုန်းကြီးကျောင်းဝန်းထဲမှာတပ်စွဲထားတော့ တစ်ရွာလုံးက အကုန် ရှောင်ပြေးရတယ်။ သူတို့ မနေရဲကြတော့ဘူး။ ရွာမှာရှိတဲ့ ပစ္စည်းဥစ္စာ အိမ်မွေးတိရိစ္ဆာန်ကအစ စစ်တပ်က အကုန်ယူ လိုက်တယ်။ ကျန်တဲ့ရွာတွေမှာဆိုရင် ပြန်ပြီးဝင်နေတဲ့ ရွာရှိသလို တချို့ရွာတွေက လုံးလုံးကို မပြန်ရဲကြသေးဘူး။

မေး – ဒီ တပ်မဟာ ၅နယ်မြေထဲမှာပဲ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်အင်အားက ဘယ်လောက်ရှိနိုင်လဲ။

ပြီးခဲ့တဲ့လတုန်းကဆိုရင် ကျနော်တို့နယ်မြေထဲ ဝင်လာတဲ့ အင်အားက လေးထောင်(၄၀၀၀)ကျော်ရှိတယ်။ ဒါ က BGF (အရေအတွက်)မပါသေးဘူး။ အခုက နောက်ထပ် တပ်ရင်း ၃ရင်းလောက် ထပ်တိုးလာတော့ တပ်ရင်းတစ်ရင်း မှာ ၉၀ကျော် ၁၀၀အကြားမှာရှိတယ်။ ဒါလည်း BGF မပါသေးဘူး။

မေး – မူတြော်(ဖာပွန်)ခရိုင်ရဲ့ လတ်တလော အခြေအနေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။

ဒီနယ်မြေနဲ့ပတ်သက်ပြီး ကျနော်တို့မှာ အားသာချက်ရှိသလို အားနည်းချက်လည်းရှိတာပေါ့။ တစ်ဖက်မှာက စစ်တပ်က လေယာဉ်သုံးဖို့ သူတို့မှာ အစီအစဉ်ရှိနေတဲ့အတွက် နယ်မြေနေရာတွေကို လာထောက်လှမ်းနေတာမျိုး လည်း ရှိတာပေါ့။ နောက်တစ်ဖက်မှာက လက်နက်ကြီးတွေကို ကျနော်တို့ဆီကို မရောက်ဘဲ ဒေသခံတွေရဲ့ လုပ်ကိုင် စားသောက်တဲ့နေရာတွေမှာကျတော့ ပြည်သူတွေအတွက် လုံခြုံစိတ်ချရမှု မရှိဘူးပေါ့။ ဒါကလည်း ပြည်သူလူထုတွေ အတွက် အခက်အခဲ ဖြစ်စေတာပေါ့။ ကျနော်တို့အနေနဲ့ကတော့ ရပ်တည်ချက်အပေါ် ခိုင်ခိုင်မာမာနဲ့ပဲ ဆက်သွားနေတဲ့ အတွက် အခက်အခဲတော့ အများကြီးမရှိဘူး။

ဒါပေမဲ့ စစ်ပွဲကာလဆိုတော့ ထိခိုက်သေဆုံးမှုတော့ ရှိတာပေါ့။ ရန်သူဘက်ကတော့ အစီစဉ်တကျနဲ့ အောက် ဘက်(မြေပြင်)မှာ တိုက်မရရင် အပေါ်ကနေ လေယာဉ်သုံးပြီး တိုက်တယ်။ ဒေသခံ အရပ်သားပြည်သူတွေကို ခြောက် လှန့်တယ်။ ဒါတွေအားလုံးကို ကာကွယ်ဖို့က ကျနော်တို့ချည်းပဲ လုပ်လို့မရဘူး။ အတူတကွ စုပေါင်းလုပ်ရမယ် ကိုယ့်ရဲ့ အပိုင်းလိုက်ပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ တတ်စွမ်းသလောက် အဆုံးထိ ကာကွယ်သွားမှာပါ။

December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...
December 20, 2024
ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင် အုန်းဖန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအား...
December 18, 2024
ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၇) နယ်မြေ မာနယ်ပလောဒေသရှိ စစ်ကောင်စီ၏ အမှတ် ၃၁၁...