ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက်ရောက်

ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက်ရောက်

နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ စစ်ကောင်စီမှ စာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်တွင်လည်း မြို့နယ် ၄ မြို့နယ် တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော် ကျောင်းတက်ရောက်ကြောင်း သိရသည်။

“အခုက တစ်သောင်းကျော်ပဲရှိတယ်၊ ခါတိုင်းက ပုံမှန်တက်တယ်ဆိုရင်တော့ တစ်သိန်းသုံးသောင် ကျော်လောက်ရှိတယ်။ မနှစ်ကလည်း ကျောင်းမတက်တော့ ကျောင်းသားမရှိ၊ ဒီနှစ်လည်း ဒီအတိုင်းပဲဒီလိုပဲဖြစ်နေတယ်” ဟု ချင်းပြည်နယ် ပညာရေးရုံးမှ အမည်မဖော်လိုသူ ဝန်ထမ်း တစ်ဦးက ပြောသည်။

ချင်းပြည်နယ်တွင် မြို့နယ်အလိုက်ကျောင်းတက်ရောက်မှုမှာ တီးတိန် မြို့နယ်တွင် ကျောင်းသား ၁၇၈၂ ဦး၊ တွန်းဇံမြို့နယ်တွင် ၄၂၈၉ ဦး၊ မတူပီမြို့နယ်တွင် ၁၇ ဦးနှင့် ပလက်ဝမြို့ နယ်တွင် ၄၉၆၃ ဦးရှိပြီး မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့နယ်တို့တွင်မူ ကျောင်းတက်ရောက်သူ မရှိကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူ/ကျောင်းသားစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိရာတွင် စစ်ကောင်စီက နိုဝင်ဘာလ ၁ ရက်နေ့ပြန်ဖွင့်လှစ်ချိန်ပေးချိန်တွင်မူ ကျောင်းသူ/ကျောင်းသား ၁၁၀၅၁ ဦးသာ တက်ရောက်နိုင်သည်ဟု ချင်းပြည်နယ်၊ မြို့နယ်ပညာရေးဌာနမှ သိရသည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...