ကော့ကရိတ်မြို့တောင်ပိုင်းဒေသမှ စစ်ဘေးရှောင်ပြည်သူများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ UNICEF ထောက်ပံ့

ကော့ကရိတ်မြို့တောင်ပိုင်းဒေသမှ စစ်ဘေးရှောင်ပြည်သူများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ UNICEF ထောက်ပံ့
Photo_ကဆောဝါး ( KIC Logo ထည့်မယ်)
Photo_ကဆောဝါး ( KIC Logo ထည့်မယ်)

ကေအဲန်ယူ၏ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့တောင်ပိုင်းဒေသတွင် နယ်မြေခံ ကရင်လက်နက်ကိုင်တပ်ဖွဲ့ နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခကြောင့် ဒေသခံကျေးရွာများမှ စစ်ဘေးရှောင်ရ သူ ပြည်သူလူထု (၃၀၀၀)ကျော်အတွက် ကုလသမဂ္ဂကလေးသူငယ်များရံပုံငွေအဖွဲ့ (UNICEF)မှ ထောက်ပံ့‌ ပေးသော တစ်ကိုယ်ရေသုံးပစ္စည်း (၄၀၀)ဦးစာအား ယမန်နေ့ အောက်တိုဘာလ ၃၁ရက်နေ့တွင် အံဖကြီး ကျေးရွာ၌ စုဝေး၍ ဝေငှပေးခဲ့ကြောင်း သိရသည်။

အဆိုပါ UNICEF မှ ထောက်ပံ့ပေးသော ပစ္စည်းများမှာ အသက် (၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက်ရည်ရွယ်သော တစ်ကိုယ်ရေသုံးပစ္စည်း (၄၀၀)ဦးစာကို ခရိုင်/မြို့နယ် ကရင်အမျိုး သမီးအစည်းအရုံး(KWO)အဖွဲ့က ဝာာဝန်ယူ ဝေငှပေးခဲ့ခြင်းဖြစ်သည်။

"စစ်တပ်က ရွာကိုလက်နက်ကြီးနဲ့ပစ်လို့ အိမ်တွေပျက်စီး၊ မွေးထားတဲ့တိရိစ္ဆာန်တွေလည်းသေတယ်။ သူတို့ တွေ ဝင်လာကြပြန်တော့ ကျနော်တို့တွေ အိုးအိမ်ပစ်ပြီး ထွက်ပြေးလာခဲ့ရတာပေါ့။ ပြီးတော့လည်း အိမ်က ရှိတဲ့ပစ္စည်းတွေယူကြ၊ မွေးထားတဲ့ ကြက်၊ ဝက်တွေကိုလည်း သတ်စားကြပြီးတာတောင် မကျေနပ်သေးဘူး။ ယူလို့မရတဲ့ပစ္စည်းတွေကို အကုန်ဖျက်ဆီးသွားကြတာ။ အခုလို ထောက်ပံ့ပေးလို့ သက်ဆိုင်တဲ့အဖွဲ့အားလုံး ကို ကျေးဇူးတင်တာပေါ့"ဟု ရွာသစ်ကုန်းကျေးရွာဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့တောင်ပိုင်းဒေသတွင် စစ်ရှောင်ပြည်သူပေါင်း (၃၀၀၀)ကျော်ရှိသည့်အနက် ယခု‌ ထောက်ပံ့‌ ပေးမှုမှာ လူဦးရေ (၄၀၀)စာအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ မိမိနေရပ် ရင်း ကျေးရွာများသို့ ပြန်လည် နေထိုင်ရေရှည်ဘဝရပ်တည်နိုင်ရန် ပြန်လည်ထူ‌ထောင်နိုင်ရေးအတွက် လိုအပ် ချက်များစွာ ရှိနေသေးကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။



Photo_ကဆောဝါး ( KIC Logo ထည့်မယ်) 

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှ လကုန်ပိုင်းအထိ ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့ တောင်ပိုင်းဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားမှုကြောင့် နယ်မြေ ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA)၊ တပ်မဟာ ၆ တပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ် ပွားခဲ့၍ ထောင်နှင့်ချီသော ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ် သည်။

လတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် ကျေးရွာဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်း များနှင့် ဒေသခံနေအိမ်များအတွင်း ဝင်ရောက်နေထိုင်တပ်စွဲထားသည့်အတွက် ရွာသစ်ကုန်းရွာ၊ ကမိုင်ကုန်း ရွာ၊ အံကလော်ကျေးရွာ ၊ အံဖလေးကျေးရွာနှင့် သုံးဆယ်သုံးဆူ ကျေးရွာများဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့်အရေးကို စိုးရိမ်ပူပန်ကာ ရှောင်တိမ်းနေထိုင်နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...