Covid-19 ဆိုင်ရာရောဂါအကြောင်းကို အများပြည်သူတစ်ရပ်လုံး သိသင့်သိထိုက်ခြင်းနှင့် လိုက်ပါလုပ်ဆောင်နိုင်စေရေး အတွက် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ငှက်ဖျားကျန်းမာရေးနှင့် ဆေးသုတေသနအဖွဲ့ (Shoklo Malaria Research Unit – SMRU) မှ အကြီးတန်း သုတေသနပညာရှင် ဒေါက်တာအောင်ပြည့်ဖြိုးအား KIC - ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်ကို ဖော်ပြလိုက်ပါသည်။
KIC - ပထမဆုံးမေးခွန်းအနေနဲ့ ဒီကမ္ဘာ့ကပ်ရောဂါဆိုတဲ့ အမျိုးမျိုးရှိမှာပေါ့နော်။ ကမ္ဘာ့ကပ်ရောဂါဆိုတာက ကျနော်တို့ အခု ကြုံတွေ့နေရတဲ့ ဒီ Covid-19 ပေါ့နော်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဆိုတဲ့အကြောင်းလေးတွေကို အရင်ဦးဆုံး ရှင်းပြပေးလို့ရမလား။
ဒေါက်တာ - ကမ္ဘာ့ကပ်ရောဂါ မသွားခင်မှာပေါ့နော်။ ကပ်ရောဂါကို ကျနော်တို့ အရင်ကြည့်ရမယ်။ ကပ်ရောဂါ ပေါ့နော်။ အင်္ဂလိပ်လိုအခေါ်ကတော့ outbreak ပေါ့နော်။ epidemic လို့လည်း ခေါ်တယ်ပေါ့နော်။ ကပ်ရောဂါဘာလဲ ဆိုလို့ရှိရင် အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ အရပ်ဒေသတစ်ခုပေါ့နော်။ ရွာဖြစ်စေ၊ မြို့ဖြစ်စေ အရပ်ဒေသတစ်ခုမှာ လူအစု အစည်းတစ်ခုမှာပေါ့နော်။ လူအစုအဝေးတစ်ခုမှာ လူအများမှာ အဲ့လိုကူးစက်ပြီး ဖြစ်တတ်တဲ့ရောဂါမျိုး။ ဥပမာဆိုလို့ရှိ ရင် ကျနော်တို့ကြည့်ကြမယ်ဗျာ။ လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကဆိုရင် မဲဆောက်မှာဆို ကလေးတွေ တော်တော်များများ မှာ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်တယ်။ ထိုနည်းလည်းကောင်းပဲ။ ဒီကရင်ပြည်နယ်ထဲမှာပဲ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်လောက်က ကျနော်တို့ ဝမ်းလျှောရောဂါတွေ ကူးစက်ဖြစ်ပွားတယ်။ တချို့မှာပေါ့နော်။ ဟို လူနှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် အဲ့လိုမျိုးပေါ့နော် ကူးစက်ကြတယ်။ အဲ့လိုဟာမျိုးက ဒီကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားတယ်ပေါ့နော်။ outbreak (သို့) epidemic လို့ခေါ်တာပေါ့။
ဆိုတော့ ကမ္ဘာ့ကပ်ရောဂါကျတော့ သူက ပိုပြီးတော့ ကျယ်ပြန့်သွားတယ်။ ဘယ်လိုကျယ်ပြန့်သွားတာလဲဆို ရင် ဒေသတစ်ခုထဲ မဟုတ်တော့ဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အရပ်ဒေသတွေအကုန်လုံး၊ နိုင်ငံအကုန်လုံး ပါတယ်။ အသက်အရွယ်ပိုင်းခြားအားလုံး၊ လူမျိုး၊ ဘာသာမရွေးအကုန်လုံး နေရာ၊ ဒေသမရွေးအကုန်လုံးကို ဖြစ်နိုင်တယ်။ ဖြစ် လိုက်လို့ရှိရင်လည်း တစ်ကမ္ဘာလုံးပေါ့နော်။ နိုင်ငံအားလုံးပါတဲ့ဟာကို ကမ္ဘာ့ကပ်ရောဂါပေါ့။ ဥပမာပြောရရင် အခု ကျနော်တို့တွေ့နေရတဲ့ covid-19 ပေါ့နော်။ အဲ့လိုမျိုးကို ကျနော်တို့က ကမ္ဘာ့ကပ်ရောဂါလို့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပေး တာပေါ့နော်။
KIC - ကျနော်တို့ အခုပြောနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (covid-19) ဒီရောဂါကို အများပြည်သူတွေသိအောင် ဒေါက်တာအနေနဲ့ နဲနဲလေး ဝေမျှပေးပါ။
ဒေါက်တာ - ကျနော်တို့ ဒီ covid-19 ရောဂါစပြီးတော့ဖြစ်တာက ၂၀၁၉ အကုန်၊ ၂၀၂၀ အဆန်းပိုင်းလောက်မှာ ဖြစ်တယ်။ သူက ဒီဖြစ်ပွားတဲ့နေရာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးတယ်။ ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာ သော လူတွေကို ကူးစက်ထားတာဖြစ်တယ်။ အခုချိန်ထိဆိုလို့ရှိရင် သန်း ၂၀၀ ကျော်ကို ကူးစက်ထားတာ တွေ့ရှိရပါ တယ်။ အခု လောလောဆယ် ကျနော်တို့ ဒီ covid-19 ရောဂါဟာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ဒီတရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ခဲ့တယ်။ ပြီးလို့ရှိရင် ၂၀၂၀ခုနှစ်အစပိုင်းမှာ စပြီးတော့ ကမ္ဘာ့နိုင်ငံကို ပြန့်တယ်။
Covid-19 ရောဂါရဲ့ ပြန့်နှံ့မှုလှိုင်းလုံးတွေပေါ့ဗျာ။ အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ wave ပေါ့ဗျာ။ ပထမ wave ကတော့ ၂၀၂၀ခုနှစ် ၁၁လပိုင်းလောက်မှာဖြစ်တယ်။ ၂၀၂၁ မတိုင်ခင်မှာ ပြီးသွားတယ်။ နောက်တော့ ဒုတိယ လှိုင်း လာတယ်။ နောက်ဆုံး တတိယလှိုင်းကကျတော့ ၂၀၂၁၊ ၃လပိုင်းလောက်မှာ စတယ်ပေါ့နော်။ ဆိုတော့ ပြောချင် တာက အခုဆို ဒီတတိယလှိုင်းသည် အနည်းငယ်ကျော်လာပြီးလို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ UK နိုင်ငံ၊ အမေ ရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ကြည့်ရင်လည်း ဒီကူးစက်မှုနှုန်းသည် အနည်းငယ် ကျဆင်းလာ တာကို တွေ့ရတယ်။ ကျနော်တို့ တတိယလှိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် ကျလာပြီး။ အာရှတိုက်အနေနဲ့ဆိုရင် ကျလာ ပြီး။ ဒါပေမယ့်လည်း ဘာကိုသတိထားဖို့ လိုနေလဲဆိုရင် အရှေ့မှာပဲ ပထမလှိုင်း၊ ဒုတိယလှိုင်း ကျသွားပြီးလို့ ကျနော်တို့ ယူဆခဲ့တယ်။ ဒုတိယလှိုင်းတုန်းကလည်း အဲ့လိုပဲ ကိုဗစ်ကြီး ပြီးတော့မယ်ပေါ့။ ၂၀၂၁ ဖေဖော်ဝါရီလမှာ ကြည့်လိုက် မယ်ဆိုရင် ကိုဗစ်သည် အရမ်းကျနေပြီး။ ဟိုးအောက်ရောက်နေပြီး ပြန်တက်လာတယ် တတိယလှိုင်းအနေနဲ့။ အဲ့ဒါ ကြောင့် ပေါ့ဆလို့မရဘူး။
အခု ကူးစက်မှုနှုန်းတွေ ကျလာပြီး။ မြန်မာနိုင်ငံမှာလည်း ကျလာပြီး။ ကမ္ဘာ့နိုင်ငံ အများစုမှာလည်း ကျလာပြီး။ ဒါပေမယ့် ကျနော်တို့သည် ပေါ့ဆလို့မရဘူး။ အရင်လှိုင်းတွေလိုမျိုးပဲ ပြန်တက်လာနိုင်သလို ပြီးရင် သူကျသွားတယ်ဆို တာ ကူးစက်မှုနှုန်း သုညအထိ ကျသွားတာ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ သတိထားဖို့ လိုသေးတယ်ဆိုတာ ပြောချင် ပါတယ်။
KIC - ကျနော်တို့ပြန်ကြည့်မယ်ဆိုရင် ဒီမြန်မာပြည်မှာဆိုရင် Covid-19 ဆိုင်ရာ သတင်းအချက်အလက်တွေက ဒေါက်တာအနေနဲ့ မျှဝေပေးဖို့ ဘာရှိမလဲ။ တစ်ဆက်တည်းမှာပဲ ဒီနယ်စပ်ဒေသအပြင် အိမ်နီးချင်းနိုင်ငံတွေမှာ ဆက်စပ်တဲ့ အကူအညီလေးတွေ ဒေါက်တာအနေနဲ့ မျှဝေပေးလို့ ရမလား။
ဒေါက်တာ - ခုဏက ကျနော်ပြောခဲ့သလိုပဲ။ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းပေါ့နော်။ ဒီဟာကျတော့ ဘာလဲဆိုတော့ တစ်ပတ်စာ လူနာအသစ်တွေပေါ့နော်။ Covid-19 လူနာအသစ်တွေ ဘယ်လောက်ထပ်တွေ့လဲဆိုတာ ကို ထည့်ပြီးပြထားတာ။ အခုဆိုရင် တတိယလှိုင်းကနေ နဲနဲလေးကျော်လာပြီးလို့ ပြောလို့ရတယ်ပေါ့နော်။ တတိယ လှိုင်း ကူးစက်မှုနှုန်း ကျလာတယ်။ အမေရိကန်နိုင်ငံ (United State)၊ ထိုင်းနိုင်ငံမှာလည်း ကျလာတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့လည်း ကျလာသလို မြန်မာနိုင်ငံဘက်ကို ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ သိတဲ့အတိုင်းပဲ။ သတင်း အချက်အလက်တွေသည် ရရှိတာနည်းတယ်။ ပြီးရင် ကျနော်တို့မြန်မာနိုင်ငံမှာလည်း Covid-19 နဲ့ပတ်သက်ပြီး စစ် ဆေးနိုင်မှုသည် တစ်ရက်တစ်ရက်မှာ စစ်ဆေးနိုင်တဲ့ test အရေအတွက်သည် တော်တော်လေးနည်းတယ်။
ဒါပေမယ့်လည်း စစ်ထားတဲ့ ပမာဏမှာပြန်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဘက်မှာလည်း ကူးစက်မှုနှုန်း အနည်းငယ်ကျလာတာကို ကျနော်တို့ တွေ့ရပါတယ်။ နောက်တစ်ခု စိတ်ဝင်စားစရာတစ်ခုကတော့ ဘာလဲဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ပေါ့နော်။ Covid-19 ကြောင့် ကူးစက်မှုနှုန်း ၁၀၀ မှာ သေဆုံးနှုန်းသည် ၄% ပတ်ဝန်းကျင်မှာ ရှိနေတာကို ကျနော်တို့ တွေ့ရပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ ကျနော်ပြောချင်တာက ပေါ့ဆလို့ မရဘူး။ ဟိုကူးစက်မှုနှုန်းတွေ ကျလာပြီးမှန်တယ်။ မြန်မာနိုင်ငံမှာကော၊ အိမ်နီးချင်းနိုင်ငံမှာကော ကျလာပြီး။ သို့သော်လည်း ဒီကူးစက်မှုနှုန်းသည် သုညအထိ ကျသွားတာ မဟုတ်သေးဘူး။ ပြီးရင် သေဆုံးတဲ့နှုန်းတွေကလည်း ရှိနေသေးတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ၄% (ရာခိုင်နှုန်း) အထိ သေဆုံးနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ပေါ့ဆလို့မရဘူးဆိုတဲ့ သတင်းအချက်အလက်လေးကို ကျနော် မျှဝေပေးချင်ပါတယ်။
KIC - ခုဏ ဒေါက်တာပြောသွားတာလည်းပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းအထိ ရောက်ရှိလာပြီးပေါ့နော်။ ဒီ covid-19 ကိစ္စနဲ့ ပတ်သက်ပြီးတော့ မှန်ကန်တဲ့ ထိန်းချုပ်ကာကွယ်မှုမျိုး၊ မပေါ့ဆသင့်ဘဲ အားလုံးက ဘယ်လိုမျိုး ထိထိရောက်ရောက် ဒီရောဂါကို ကျနော်တို့အတူတကွ တိုက်ဖျက်ကြမယ်ဆိုတာလေးကိုလည်း ပြောပြပေးပါအုံး။
ဒေါက်တာ - အခြေခံကစပြီး ပြောရမယ်ဆိုရင်တော့ ကျနော်တို့မြန်မာနိုင်ငံကော၊ အခုနယ်စပ်ဒေသမှာကော ကြည့်မယ်ဆိုရင် အများစုသည် ချမ်းသာတဲ့နိုင်ငံ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့သည် ကျန်းမာရေး အခြေခံ အဆောက် အအုံတွေလည်း ကျနော်တို့မှာ မပြည့်စုံတဲ့ ဒေသနိုင်ငံတစ်ခုပေါ့နော်။ ဆိုတော့ ကျနော်တို့သည် ကိုဗစ်ဖြစ်လာမှ ကုသ ရေးထက် ကာကွယ်ရေးကို ပိုပြီး အားထည့်ဖို့ လိုတယ်ပေါ့နော်။ ကုသရေးမှာလည်း ကျနော်တို့ကြည့်မယ်ဆိုရင် ကျနော် တို့ထက် အများကြီးချမ်းသာတဲ့ နိုင်ငံကြီးတွေ USA တို့၊ အင်္ဂလန်၊ တခြားဥရောပနိုင်ငံကို ကြည့်မယ်ဆိုရင် သူတို့တွေ တောင်မှ ဒီလိုမျိုး ကျန်းမာရေး အခြေခံအဆောက်အအုံတွေ တော်တော်လေးကောင်းတဲ့ နိုင်ငံတွေမှာတောင် ဒီလိုမျိုး ဖြစ်ခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဆီမှာလည်း ကုသရေးထက် ကျနော်တို့သည် ကာကွယ်ရေးကို ပိုပြီးဖိဖို့ လိုတယ်။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ နိုင်ငံရေးအခြေအနေအရပေါ့နော်။ ဟို သီချင်းထဲကလိုမျိုးပေါ့ဗျာ။ တစ်ယောက်ချင်းကနေပြီးတော့ ကာကွယ်ရမှာပေါ့နော်။ လက်ကို ခဏခဏဆေးမယ်။ mask တပ်မယ်။ လူစုလူဝေး ရှောင်မယ်။ ကျနော်တို့ အလှူတို့၊ ဘုရားပွဲတို့ပေါ့။ ဒါတွေကတော့ ကိုဗစ်ကြီး ပြီးသွားတဲ့အချိန် မဟုတ်ရင်တောင်မှဗျာ။ ကာကွယ်ဆေး အများစုထိုးပြီးတဲ့အချိန်ထိတော့ စောင့်ကြပါဦးပေါ့နော်။
KIC - ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ကျနော်တို့ ဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားတဲ့ ကာကွယ်ဆေးတွေအပြင် တချို့တွေလည်း ရွာတွေမှာ နယ်မှာနေတဲ့ လူတွေကျတော့ တိုင်းရင်းဆေးတွေနဲ့ ကုတာတွေ၊ တချို့ကျတော့ ဂျင်းပြုတ် ရည်သောက်တာတို့ ကြက်သွန်နီလား၊ ကြက်သွန်ဖြူလား နောက်ပြီးတော့ အသီးအရွက်လေးတွေ အရည်ညှစ်သောက် ရတာတို့ ဘာတို့။ ဒီအပေါ်မှာကော ဒေါက်တာအနေနဲ့ ပြည်သူလူထုတွေကို ဘာများအကြံပြုချင်၊ တိုက်တွန်းချင်လဲ။ အဲ့လိုမျိုးသုံးခြင်းအားဖြင့် သူတို့အတွက် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လား။
ဒေါက်တာ - ကျနော်ကတော့ ဒီဟာနဲ့ပတ်သက်ပြီး အကျယ်တဝင့်ပြောရမယ်ဆိုရင် ဟို ဆေးမြီးတိုလို့ ပြောလို့ရတယ်။ တိုင်းရင်းဆေးလို့ ပြောလို့လည်း ရတယ်ပေါ့နော်။ သစ်သီးသစ်ရွက်ကရတဲ့ဟာတွေနဲ့ အတတ်နိုင်ဆုံး ကိုဗစ်ကို ကာကွယ်ဖို့ ကုသဖို့လုပ်နေတာကို တွေ့ရတယ်။ အထူးသဖြင့် ပြည်တွင်းမှာပေါ့။ ဒါတွေက တကယ်တော့ ဒါသည် ဘယ်လိုနိုင်ငံတွေ၊ ဘယ်လိုအရပ်တွေမှာ ပိုပြီးအဖြစ်များလည်းဆိုရင်ဗျာ ဟို ကာကွယ်ဆေးရရှိဖို့ ခက်ခဲတဲ့နေရာတွေ ဒါမှမဟုတ်လို့ရှိရင် ဟိုကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့နေရာတွေမှာ အဖြစ်များတယ်။
ပြည်သူလူထုသည် အားကိုးရာမဲ့သလိုမျိုးဖြစ်နေတယ်။ ပြောရမယ်ဆိုရင်တော့ ကာကွယ်ဆေးလည်း မရှိဘူး။ ကုပေးမယ့်လူလည်းမရှိဘူး။ ဒါဆိုရင် ကိုယ်ကြားဖူးတဲ့ဟာ သို့မဟုတ် ကိုယ်က ဒီ social media၊ facebook တို့မှာ အား ကိုးရမှာပဲ။ ပြောရင်တော့ဗျာ ရေနစ်နေတဲ့ လူတစ်ယောက်က ကောက်ရိုးမျှင်တစ်မျှင်ကို ဆွဲသလိုမျိုးပဲ။ ဒါသည် ဂျင်းပြုတ်ရည်တို့ ခုဏပြောတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ဒါတွေကို သုံးစွဲနေကြတယ်လို့ ကျနော်မြင်တယ်။ ဒီဟာ တွေသည် ထိရောက်မှုရှိခြင်း၊ မရှိခြင်းက ပျောက်မှပေါ့နော်။ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းလောက် ကာကွယ်တယ်ဆို ရင်တောင်မှ မဆိုးဘူးပေါ့ဆိုပြီးတော့ ဒါ ဟိုကောက်ရိုးမျှင်တစ်မျှင်နဲ့ပေါ့ဗျာ။ မှီခိုနေတယ်လို့ ကျနော့်အနေနဲ့ကတော့ မြင်တယ်ဗျာ။ အားကိုးရာမဲ့နေလို့ ဒီဟာတွေကို အားကိုးကြတယ်လို့ ကျနော်မြင်တယ်။
နောက်တစ်ခုကတော့ ဒီတိုင်းရင်းဆေးတွေ၊ ဘိန္ဓောဆေးတွေဖြစ်ဖြစ်ပေါ့ဗျာ။ ဆေးမြီးတိုတွေသည် research လုပ်ထားတာ မဟုတ်ဘူးပေါ့နော်။ သုတေသနလုပ်ထားတာ မဟုတ်ဘူး။ ဥပမာ ကျနော်တို့ အခုထိုးနေတဲ့ကာကွယ် ဆေးတွေ Astrazeneca တို့၊ Sinovac၊ Sinopharm တို့ အဲ့လိုအမျိုးမျိုး ရှိတယ်ပေါ့ဗျာ။ ကာကွယ်ဆေးကို ထိုးတဲ့လူအုပ် စု၊ ကာကွယ်ဆေးထိုးမထားတဲ့ လူအုပ်စုပေါ့နော်။ လူဦးရေ ရာနဲ့၊ ထောင်သောင်းနဲ့ချီ စုပြီးတော့ စမ်းသပ်ထားတယ်။ အဲ့ဒီမှာမှ တကယ်ကို ကိုဗစ်မဖြစ်ဘူးဆိုတာကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်။ သို့မဟုတ် ဖြစ်ရင်တောင်မှ ဆေးရုံမတက်ရဘူး။ သို့မဟုတ် ကိုဗစ်ဖြစ်ရင်တောင်မှ ပြင်းထန်တဲ့လက္ခဏာ မခံစားရဘူးဆိုတဲ့ဟာကို approve မှပဲ ဒါကို ကာကွယ်ဆေးအနေနဲ့ လုပ်ပေးတယ်ပေါ့နော်။
ဆိုတော့ ခုဏပြောတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ တွေ့ရတယ်ဆိုတဲ့ ဂျင်းပြုတ်ရည်တို့၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူတို့ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ လုပ်ထားတဲ့ သုတေသနကတော့ ကျနော် အခုချိန်ထိ မတွေ့သေးပါဘူး။ မရှိလည်း မရှိသေးဘူး။ သို့သော်လည်း ဒီဟာတွေကို သုံးနေတဲ့လူတွေကိုလည်း ကျနော် အများကြီး အပြစ်မပြောချင်ဘူး။ ဘာလို့ မပြောချင်လဲဆိုတော့ အားကိုးရာမဲ့နေတဲ့ လူတစ်ယောက်အတွက်ကတော့ ဒါတွေကို သုံးမှာပဲ။ ကျနော့်အနေနဲ့ ပြော ချင်တာက မီးဖိုချောင်မှာရတဲ့ပစ္စည်းတွေဆိုတော့ ဘေးထွက်ဆိုးကျိုးကတော့ အများကြီး ထွေထွေထူးထူး မရှိပါဘူး။
ဒါပေမယ့် တစ်ခုက ဘာလဲဆိုတော့ ဒီဟာသောက်ထားလို့ ကိုယ့်ကိုယ်ကို လုံခြုံနေပြီးလို့ထင်တာပေါ့။ တချို့ ဆိုလို့ရှိရင် ငါကတော့ ဂျင်းပြုတ်ရည်သောက်ထားတယ်။ မကုတော့ဘူး။ အေးဆေးပဲ။ mask တပ်စရာ မလိုတော့ဘူး။ အဲ့လိုမျိုးဖြစ်သွားရင်တော့ အန္တရာယ်ရှိတယ်ပေါ့။ ခုဏလိုမျိုး သောက်တာတွေ၊ ဘာတွေတော့ ကျနော် ဘာမှပြောစရာ မရှိဘူး။ ဟို ငရုတ်ကောင်းပဲသောက်သောက်၊ ဂျင်းပြုတ်ရည်ပဲသောက်သောက် ပြောစရာမရှိဘူး။ သောက်လို့ရတယ်။ ဒါတွေသည် မီးဖိုချောင်ကနေရတဲ့ဟာတွေ ဘာမဖြစ်ဘူး။ စိတ်ကြိုက်သာသောက်။ ဘေးထွက်ဆိုးကျိုးလည်း အလွန်အ မင်းမဟုတ်ရင် ပြဿနာ မရှိဘူး။ သို့သော် ဒီဟာတွေကြောင့် ငါ့ကိုယ်ငါ ကာကွယ်နေပြီဆိုပြီးတော့ အရမ်း အားမကိုးဖို့ လိုတယ်။ အဲ့ဒီဟာလေးကို ကျနော် အကြံပေးချင်တယ်ပေါ့နော်။
KIC - ကျနော်တို့ အခုပြောနေတာက ကာကွယ်ဆေးပေါ့နော်။ ကာကွယ်ဆေးဆိုတာ အမျိုးအစား ဘယ်နှစ်မျိုးရှိလဲပေါ့။ အရင်ဆုံး အကျယ်တဝင့် ရှင်းပြပေးပါ။ နောက်တစ်ဆက်တည်းမှာပဲ ဘယ်ကာကွယ်ဆေးအမျိုးအစားက အကောင်းဆုံး ကာကွယ်ဆေးဖြစ်လဲပေါ့ အဲ့ဒါလည်း အကြံပြုပေးပါ။
ဒေါက်တာ - ကာကွယ်ဆေး ဘယ်နှစ်မျိုးရှိလဲဆိုတော့ covid-19 vaccine အမျိုးအစားတွေကြည့်မယ်ဆိုရင် vaccine (ကာကွယ်ဆေး) ၁၈၅ မျိုးမှာ ဒီဓာတ်ခွဲခန်းမှာ စမ်းသပ်နေတဲ့အဆင့်၊ တိရိစ္ဆာန်တွေမှာ စမ်းသပ်နေတဲ့အဆင့်မှာ ရှိတယ်ပေါ့နော်။ လူကို မရောက်သေးဘူးပေါ့နော်။ နောက်ပြီးတော့ ၃၇ မျိုးကကျတော့ ကျန်းကျန်းမာမာရှိနေတဲ့လူငယ်တွေမှာ စမ်းသပ်ဆဲအဆင့်တွေမှာ ရှိတယ်။ စမ်းသပ်စဉ်အဆင့်မှာတင်ကို ကြည့်မယ်ဆိုရင် အမျိုးပေါင်းက ၃၀၀ နီးပါးလောက် ရှိနေပြီး။ အခုထိ စမ်းသပ်ဆဲအဆင့်မှာပေါ့နော်။ တချို့တွေကတော့ တကယ်အာနိသင်မရှိလို့ ပြုတ်ထွက်သွား တာတွေ၊ ရပ်လိုက်တာတွေ ရှိမယ်ပေါ့နော်။ အခု လောလောဆယ် အသုံးပြုနေတာက ၂၁ မျိုးလောက် ရှိတယ်။ အဲ့ထဲမှာ မှ တကယ်ကို ကျယ်ကျယ်ပြန့်ပြန့် လူဦးရေ အများကြီးမှာ သုံးနေတာတော့ ၈ မျိုး ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်လည်း သုံးနေတယ်။ ဒီရဲ့ဘေးထွက်ဆိုးကျိုးတို့၊ ထိရောက်မှုတို့ လေ့လာနေတဲ့ဟာတော့ ၈မျိုးလောက် ရှိနေတယ်ပေါ့နော်။
အဲဒါကို တစ်မျိုးချင်းကို ကျနော်တို့သွားမယ်ဆိုရင် လက်ရှိ သုံးနေတဲ့အထဲမှာ Pfizer biontech လို့ခေါ်တဲ့ vaccine ပေါ့နော်။ ဒါကကျတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကနေပြီးတော့ ထုတ်ထားတာ။ နောက်တစ်မျိုးကျတော့ ကျနော်တို့ Moderna လို့ခေါ်တဲ့ Pfizer vaccine လိုမျိုးပဲပေါ့နော်။ ဒီကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကနေပြီးတော့ ထုတ်ထားတာပဲဖြစ်တယ်။ နောက်တစ်မျိုးက Astrazeneca ကျတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပုံစံတူတဲ့ ဗိုင်းရပ်စ်အမျိုးအစားကို လူခန္ဓာကိုယ်ထဲကို ထိုးထည့်ပေးတာပေါ့နော်။ အဲ့လိုလုပ်ပြီးတော့ သူက ကိုယ်ခံအားကိုရအောင် လုပ်ထားပေးတဲ့သ ဘောပေါ့။ အပေါ်က သုံးမျိုးစလုံးသည် နှစ်ကြိမ်ထိုးဖို့လိုတယ်။
နောက်ထပ်တစ်မျိုးက Johnson and Johnson လို့ ခေါ်တယ်ပေါ့နော်။ ဒီကောင်ကကျတော့ တစ်ကြိမ်ပဲ ထိုး ဖို့လိုတယ်။ သူသည်လည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပုံစံတူတဲ့ ဗိုင်းရပ်စ်အမျိုးအစားကို ပြုပြင်ပြီးတော့ ထိုးပေးတာပေါ့။ နောက်တစ်မျိုးကျတော့ Sinopharm လို့ခေါ်တယ်။ တရုတ်နိုင်ငံက ထုတ်တယ်ပေါ့နော်။ ကိုရိုနာဗိုင်းရပ်စ်အသေ ကောင်ကို ဒီကာကွယ်ဆေးထဲမှာ ထည့်ထားတယ်။ ဒီအသေကောင်ကိုပဲ လူ့ခန္ဓာကိုယ်ထဲ ထိုးထည့်ပေးလိုက်တာ။ သူက နှစ်ကြိမ် ထိုးရတယ်။ ဒီကောင်တွေကတော့ အသုံးများဆုံးပေါ့နော်။ တချို့ဟာတွေ ရှိပါသေးတယ်။ ရုရှားကထုတ် တဲ့ Sputnik တို့၊ နောက်တရုတ်နိုင်ငံကထုတ်တဲ့ Sinovac တို့ဟာမျိုး ရှိပါသေးတယ်။ ဆက်ပြောမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။
ကျနော်အကျဉ်းချုပ်ပြောချင်တာကတော့ ခုဏကမေးတဲ့ ဘယ်ဟာသည် အကောင်းဆုံးဆိုတဲ့ မေးခွန်းကို ပြန်ဖြေဖို့အတွက်က ကမ္ဘာပေါ်မှာရှိနေတဲ့နိုင်ငံတွေမှာ Covid-19 ကာကွယ်ဆေးကို အနည်းဆုံးတစ်ကြိမ် ရထားပြီးတဲ့နိုင်ငံ တွေ ဖြစ်တယ်။ အင်္ဂလန်နိုင်ငံမှာဆိုရင် UK မှာဆိုရင် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ရရှိပြီးတဲ့လူသည် တစ်နိုင်ငံ လုံးမှာရှိတဲ့လူရဲ့ ၇၀ ရာခိုင်နှုန်းရှိတယ်။ နောက် တစ်လိုင်း ထပ်ကြည့်မယ်ဆိုရင် Europe ပေါ့နော်။ ဥရောပတိုက်တစ် တိုက်လုံးအနေနဲ့ကြည့်မယ်ဆိုရင် လူဦးရေတစ်ဝက်ကျော်သည် 1-Dose (တစ်ကြိမ်) ရပြီးဆိုတော့ ကျနော်တို့နေတဲ့အာရှ တိုက်မှာဆိုရင် ၄၅ ရာခိုင်နှုန်းလောက် ရထားပြီးသားရှိတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ ခြုံကြည့်မယ်ဆိုလို့ရှိရင် ၄၀ရာခိုင် နှုန်းလောက် ရှိတယ်။ သူတို့နောက်မှာ လိုက်လာတာကတော့ ထိုင်းပေါ့။ ထိုင်းကတော့ ၃၅ ရာခိုင်နှုန်းလောက်ရှိတယ်။
အဲ့ဒီမှာ ကျနော်တို့ပြချင်တာက မြန်မာပေါ့နော်။ ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ကာကွယ်ဆေး အနည်း ဆုံး တစ်ကြိမ်ရဖူးတဲ့လူသည် ၁၀ရာခိုင်နှုန်း မပြည့်တပြည့်ပဲ ရှိနေတယ်ပေါ့နော်။ မြန်မာနိုင်ငံလူဦးရေက။ ဒါထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာတစ်ခုကဆိုရင် ကာကွယ်ဆေးအပြည့်ရထားတဲ့ လူဦးရေကို ကြည့်မယ်ဆိုရင် ကျနော်တို့ ခုဏကလိုပဲ။ ဒါကာကွယ်ဆေး အပြည့်ရပြီးသား။ နှစ်ကြိမ်သော်လည်းကောင်း၊ ဒါမှမဟုတ် တစ်ကြိမ်ပဲထိုးရမယ့်ဟာဆို လည်း တစ်ကြိမ်ပေါ့နော်။ ကာကွယ်ဆေးအပြည့် ထိုးထားပြီးသားလူကိုကြည့်ရင် UK သည် အမြင့်ဆုံး ၆၀ ရာခိုင်နှုန်း အထက်မှာရှိတယ်။ ဥရောပတိုက်ကလည်း သူ့ရဲ့လူဦးရေ တစ်ဝက်လောက်သည် ကာကွယ်ဆေးအပြည့် ထိုးထားပြီး သား။ ဆိုတော့ ကျနော်တို့ အာရှတိုက်မှာကြည့်ရင်တော့ ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။
ပြောချင်တာက ဒီကမ္ဘာ့နိုင်ငံကြီး အများစုပေါ့နော်။ US အပါအဝင် အာရှနိုင်ငံအများစုသည် သူတို့ရဲ့ နိုင်ငံလူဦး ရေအများစုကို ကာကွယ်ဆေးထိုးပြီးသား။ ဒီစီးပွါးရေး ကျဆင်းတာကနေပြီးတော့ ပြန်ပြီးတော့ နလန်ထူဖို့လုပ်နေပြီး။ သူတို့တွေ စီးပွားရေးတွေ၊ ခရီးသွားလာမှုတွေ အကုန်လုံး အပြည့်ဖွင့်ဖို့အတွက် သူတို့တွေ လုပ်နေကြပြီး။ ကျနော်တို့ ဆက်ကြည့်လိုက်မယ်ဆိုရင် တစ်ကမ္ဘာလုံး အနေအထားအရကြည့်ရမယ်ဆိုရင် တစ်ကမ္ဘာလုံးလူဦးရေရဲ့ ၃၀ရာခိုင်နှုန်း လောက်သည် ကာကွယ်ဆေးအပြည့် ထိုးထားပြီးသားဖြစ်နေရမယ်။ ဆိုတော့ နောက်ထပ်ကျနော်တို့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းသည်လည်း သူ့လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းနီးပါး ထိုးထားနိုင်တာကို တွေ့ရတယ်။ အဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာသည် အကြောင်းကြောင်းဗျ။ စီးပွားရေး၊ နိုင်ငံရေး အကုန်လုံးအားနည်းချက်တွေကြောင့်မို့လို့ ကျနော်တို့ ဆီမှာ ကာကွယ်ဆေး အပြည့်ထိုးနိုင်တဲ့လူဦးရေရာခိုင်နှုန်းသည် အများကြီးနည်းသေးတယ်။ အများကြီး နည်းသေး တယ်ဆိုတော့ ခုဏကမေးတဲ့ အကောင်းဆုံးက ဘယ်ဟာလဲ။ ကျနော်တို့ ဘယ်ဟာကို ရွေးသင့်လဲဆိုတော့ အဲ့မေးခွန်း ကို ဖြေမယ်ဆိုရင်ပေါ့ဗျာ။ ကျနော်တို့မှာ ရွေးခွင့်ရှိသလားပေါ့နော်။ ရွေးခွင့်ရှိတယ်။ အကယ်၍ ထားပါတော့။ ဟိုအပေါ် က နိုင်ငံကြီးတွေလိုမျိုး ရွေးခွင့်ရှိတယ်ဆိုလို့ရှိရင်တော့ တစ်မျိုးပေါ့။
အခုလို အခြေအနေမှာကျတော့ ကျနော်တို့မြန်မာနိုင်ငံအထဲမှာ ပြည်တွင်းမှာနေတဲ့လူတွေကိုကြည့်မယ်ဆိုရင် ဘာကာကွယ်ဆေးကိုသုံးလဲဆိုရင် ကျနော်တို့ Covishield လို့ခေါ်တဲ့ ကာကွယ်ဆေးပေါ့နော်။ သူက အိန္ဒိယက ထုတ် တယ်။ သူက ဘာနဲ့တူလဲဆိုတော့ Astrazeneca နဲ့တူတယ်။ ဒီအင်္ဂလန်ကထုတ်တဲ့ Astrazeneca ကာကွယ်ဆေးကို အိန္ဒိယမှာ လိုင်စင်ယူပြီးတော့ အဲ့က ဖော်မြူလာအတိုင်းပဲ ထုတ်ထားတဲ့ဟာပေါ့နော်။ ဆိုတော့ အိန္ဒိယက ကာကွယ် ဆေးရှိတယ်။ တရုတ်ကလာတဲ့ Sinovac နဲ့ Sinopharm ရှိတယ်။ ဆိုတော့ အဲ့ဒီကာကွယ်ဆေးသုံးခုကို အဓိကထားပြီး တော့ ပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို ထိုးနေရတာပေါ့နော်။ ထိုင်းမှာပြန်ကြည့်မယ်ဆိုရင် ထိုင်း မှာကကျတော့ အမျိုးအစား နဲနဲစုံတယ်။ Pfizer ရှိမယ်။ Moderna ရှိမယ်။ သို့သော်လည်း ရာခိုင်နှုန်း အနည်းစုပဲဗျ။ ဘာက အများစုကို ထိုင်းကထိုးထားလဲဆိုတော့ Sinovac၊ Sinopharm ကိုတော့ အများဆုံးထိုးထားတာကို တွေ့ရတယ်။
ပြောချင်တဲ့အချုပ်က ဘာလဲဆိုတော့ နိုင်ငံအများစုသည် ကာကွယ်ဆေး မလောက်တဲ့ပြဿနာကို ကြုံနေရ တယ်။ မလောက်တဲ့ ပြဿနာကြုံရတာ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးအခြေအနေအရသော်လည်း ကောင်း၊ နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း အမျိုးမျိုးကြောင့်ပေါ့နော်။ ချမ်းသာတဲ့နိုင်ငံတွေမှအပ ကျနော် တို့လိုမျိုး ငွေကြေးမပြည့်စုံတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင် ကာကွယ်ဆေးရှားပါးမှု၊ ကာကွယ်ဆေးအလုံအလောက် မရရှိတာ ကို ကြုံနေရတယ်။ အဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့သည် အကောင်းဆုံးဆိုတာထက်ကို ကျနော်တို့နဲ့အသင့်တော်ဆုံး ကျနော်တို့ဆီမှာ ကျနော်တို့ဒေသတွေမှာရဖို့ အလွယ်ကူဆုံး ရှင်းရှင်းပြောရရင်တော့ဗျာ။ ကိုယ့်မျက်စိရှေ့မှာ ရောက် လာနိုင်မယ့်ကောင်ကိုပဲ ကျနော်တို့တွေ့ရမယ်ဆိုတာကို ကျနော်မြင်ပါတယ်။
KIC - မေးခွန်းအသစ်တစ်ခုအနေနဲ့ ကျနော်တို့တွေ့နေရတာကိုပြောရမယ်ဆိုရင် ဒီကိုဗစ်ကာကွယ်ဆေးဆိုရင် အသက် ၁၈နှစ်အထက်ပဲ ထိုးကြတယ်ပေါ့နော်။ ပြီးတော့ ရောဂါအခံရှိတဲ့လူတွေဆိုရင် မထိုးကြဘူးပေါ့။ ထိုးလို့ အဆင်မပြေကြ ဘူးပေါ့။ ဒီကိုယ်ဝန်ဆောင်မိခင်တွေပဲဖြစ်ဖြစ်၊ နောက်ပြီး မွေးဖွားခါစ ကလေးမိခင်တွေပဲဖြစ်ဖြစ် မထိုးသင့်ဘူးပေါ့။ အဲ့ဒီအပိုင်းမှာရော နည်းနည်း ရှင်းရှင်းလင်းလင်း၊ တိတိကျကျလေး ပြောပေးလို့ ရမလားဆရာ။
ဒေါက်တာ - အဲ့ဒါကလေ ဒီခုဏကပြောတဲ့ ဟိုကိုဗစ်ကာကွယ်ဆေးမထိုးသင့်တဲ့ဟာပေါ့နော်။ ထိုးသင့်တဲ့ဟာ၊ မထိုးသင့်တဲ့ဟာကို ခွဲခြားတဲ့ဟာ သူက ဒီလိုရှိတယ်ဗျ။ သူ့သုတေသနရလဒ်က အမြဲထွက်နေတာ အမြဲထွက်နေတာဆို တော့ အရင်ကထိုးလို့ မရဘူး။ အခုနောက်ပိုင်း ထိုးလို့ရတယ်။ အခုနောက်ပိုင်း ခဏခဏ ဖြစ်နေတဲ့ဟာပေါ့နော်။ အလွယ်ဆုံး ဥပမာပေးရမယ်ဆိုရင် အစပိုင်းက ဒီကိုဗစ်ကာကွယ်ဆေးကို ဒီဗိုက်ကြီးသည်တွေမှာ မထိုးဘူး။ အထူးသ ဖြင့် ဒီထိုင်းနိုင်ငံမှာဆိုရင် မထိုးဘူး။ မထိုးတာကနေပြီးတော့ ဒီဗိုက်ကြီးသည်တွေကို ထိုးရပါမယ်။ ကိုယ်ဝန်ဆောင်တွေ ထိုးရပါမယ်ဆိုပြီးတော့ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလကနေပြီးတော့ သူတို့ရဲ့ ကျန်းမာရေးပေါ်လစီကို ပြောင်းလိုက်တယ်။ ဗိုက်ကြီးသည်တွေလည်း ထိုးနေပြီး။ အဲ့ဒါအပြင် USCDC ဌာနကလည်း ကာကွယ်ဆေးကို ဗိုက်ကြီးသည်တွေမှာလည်း ထိုးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကာကွယ်ဆေးထိုးလို့ရလာမဲ့ ဒီဘေးထွက်ဆိုးကျိုးထက်စာရင် ကာကွယ်ဆေး မထိုးလို့ ဖြစ်လာမဲ့ထိခိုက်မှုသည် အများကြီး ပိုကြီးတယ်။ အဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်တွေသည် ကာကွယ်ဆေး ထိုးသင့်တယ်ပေါ့နော်။ အဲ့ဒါကတစ်ချက် ဒါကိုယ်ဝန်ဆောင်ကလေးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်။
ကလေးကကျတော့ တစ်မျိုးဗျ။ ကလေးကကျတော့ ၁၈နှစ်အောက်တွေ အထူးသဖြင့် ကလေးငယ်တွေမှာဆို ရင် ဒီကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သုတေသနအချက်အလက်က မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကလေးတွေမှာ ဆိုရင် သုတေသနလုပ်လို့ မရဘူးဗျ။ (research) က နောက်ပိုင်းအဆင့်မှာမှ လုပ်ရတယ်။ လူကြီးတွေမှာ safe ဖြစ် တယ်။ လူကြီးတွေမှာ သုံးလို့ရတာ သေချာပြီး လူကြီးတွေမှာလည်း ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုမှ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်ကိုသွားတာကိုး။ ဆိုတော့ ကာကွယ်ဆေး ထိုးမယ်၊ မထိုးဘူးဆိုတာ အမြဲတမ်း ပြဿနာတက်တာ။ ဘာလဲဆိုတော့ ကလေးနဲ့ ကိုယ်ဝန်ဆောင်ဘဲ သူတို့တွေဆီကို ကျနော်တို့ရဲ့ သုတေသနသည် နောက်ဆုံးမှလုပ်တာ ကျနော်တို့ ဒီလိုကျန်းမာတဲ့လူတွေ၊ လူကြီးတွေမှာလုပ်ပြီးတော့မှ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေဆီရောက်တာ ဆိုတော့ ကလေးတွေနဲ့ကိုယ်ဝန်ဆောင် ထိုးမထိုးသည် အမြဲတမ်း အငြင်းပွားရတာပေါ့။ အခုကတော့ ဒီ USCDC က ရော တွေ့ရှိချက်တွေအားလုံးအရ ကိုယ်ဝန်ဆောင်တွေကို ထိုးပါမယ်။
ဘာကြောင့်လဲဆိုရင် ဒီလိုမျိုး ဆေးရဲ့ဘေးထွက်ဆိုးကျိုးထက်စာရင် ဆေးမထိုးလို့ ကိုဗစ်ဖြစ်ရင် ခံစားရတဲ့ ထိခိုက်မှုက ပိုပြီးကြီးမားတယ်။ အဲ့တာကြောင့် ကိုယ်ဝန်ဆောင်တွေ ထိုးမယ်ပေါ့နော်။ ကလေးဘက်ကို ပြန်ကြည့်ရင် အရင်က သူတို့ထင်ထားတာ ကလေးတွေမှာ ကိုဗစ် သိပ်မကူးဘူးပေါ့နော်။ ကူးရင်လည်း သိပ်မပြင်းထန်ဘူးလို့ ယူဆခဲ့ တယ်။ အစပိုင်းက တွေ့ရှိချက်တွေကို သုတေသနတွေအရ။ နောက်ပိုင်းမှာတော့ အဲ့လိုမဟုတ်ဘူး။ တချို့ကလေးတွေ မှာ ကိုဗစ် ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ဒီသိပ်မကြာခင်က အင်ဒိုနီးရှားမှာ လုပ်သွားတဲ့ တွေ့ရှိချက်တစ်ခုအရပေါ့နော်။ ကလေးတွေမှာကိုဗစ်ကြောင့် သေတဲ့နှုန်းက လူကြီးတွေသေနှုန်းနဲ့ တန်းတူနီးပါးရှိတယ်ပေါ့နော်။ အဲ့ဒါကိုတွေ့ပြီးတော့ နောက်ပိုင်း သူတို့ ဘယ်လိုကောက်ချက်ပြန်ဆွဲလဲဆိုတော့ ထိုးမယ်။ ဒီ USCDC ကရော ဘာအကြံပြန်ပေးလဲဆိုတော့ အသက် ၁၂နှစ်အထက်တွေဆိုရင် ထိုးမယ်။ ၁၂နှစ်နဲ့ ၁၈နှစ်ကြားသည် ထိုးမယ်ဆိုတဲ့ သဘောတရားတွေ ရှိသွားပြီပေါ့ နော်။ ဆိုတော့ ၁၂နှစ်အောက်တွေအတွက် လာဖို့ကကျတော့ နည်းနည်းစောင့်ရဦးမယ်။ နောက်ပိုင်း သုတေသနအဖြေ တွေထွက်မှ ထိုးရမဲ့အလားအလာရှိတယ်။ ဒါပေမဲ့လည်း ကျနော်တို့ဒေသအခြေအနေအရ ပြန်ကြည့်မယ်ဆိုရင်ပေါ့။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသအခြေအနေတွေကို ကျနော်တို့ပြန်ကြည့်မယ်ဆိုရင် ကာကွယ်ဆေးတွေက လူ ၁၀၀ရှိရင် လူ ၁၀၀ ကာကွယ်ဆေး မရနိုင်ဘူး။ အဲ့အတွက်ကြောင့် ကျနော်တို့သည် ရတဲ့ကာကွယ်ဆေးကို ပထမဆုံး အန္တရာယ်အရှိဆုံး၊ ကူးစက်ဖို့ အမြင့်ဆုံး သို့မဟုတ် ကူးစက်ရင်လည်း ထိခိုက်နိုင်တဲ့လူပေါ့နော်။ အဲ့လူအုပ်စုတွေကို ရွေး ပြီးတော့ ပေးဖို့လိုတယ်။ အထူးသဖြင့် အသက်ကြီးတဲ့လူပေါ့နော်။ အသက် ၆၀အထက် သို့မဟုတ် ရောဂါအခံရှိတဲ့လူ တွေပေါ့နော်။ သွေးတိုးတို့၊ ဆီးချိုတွေပေါ့နော်။ ရောဂါအခံရှိတဲ့သူ သူတို့တွေက ကိုဗစ်ရောဂါကူးစက်ခံရရင် သူတို့သည် သေဖို့အတွက် ရာခိုင်နှုန်းများတယ်ပေါ့နော်။ အဲ့အတွက်ကြောင့် ကျနော်တို့သည် အဲ့လိုသေနိုင်တဲ့လူတွေမှာ အသက် ကြီးတဲ့လူတွေကို ပိုပြီးတော့မှ ဦးစားပေးထိုးမယ်ပေါ့နော်။
KIC - အဲ့လိုရည်ရွယ်ထားတော့ ကျနော်တို့ မြန်မာနိုင်ငံ သို့မဟုတ် နယ်စပ်ဒေသတွေမှာဆိုရင်တော့ ကလေးတွေကို အရင်ထိုးနိုင်မှာ မဟုတ်သေးဘူးလို့ ဆေးတွေရလာပြီးဆိုရင်လည်း Risk Population လို့ ခေါ်တာပေါ့နော်။ အန္တရာယ်ရှိတဲ့ ဒီကိုဗစ်ဖြစ်ရင် အန္တရာယ်ရှိနိုင်ဆုံးသောလူတွေကို ဒီလူငယ်ပိုင်း၊ လူကြီးပိုင်းတွေမှာ Positive ဖြစ်ခဲ့ဖူးတဲ့လူတွေက ဘယ်အချိန်အကန့်အသတ်လောက်မှ ကိုဗစ်ကာကွယ်ဆေးထိုးသင့်လဲဆိုတာ ပြောပြပေးပါဦး။
ဒေါက်တာ - အဲ့တာနဲ့ပတ်သက်ပြီးတော့လည်းတွေ့ရှိချက်တွေက အမျိုးမျိုး ရှိတယ်။ အစပိုင်းကပေါ့နော်။ ကိုဗစ်ဖြစ်ခဲ့ပြီးဆိုရင် လနဲ့ချီပြီး စောင့်ရတယ်။ စောင့်ပြီးတော့မှ ပြန်ထိုးရတယ်။ ဒါပေမဲ့ နောက်ပိုင်း တွေ့ရှိချက်တွေအ ရ ဘာတွေ ဖြစ်လာလဲဆိုတော့ ကိုဗစ်ဖြစ်ပြီးရင်လည်း နောက်ထပ် တစ်ကြိမ်ပြန်ဝင်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ပိုးမတူတဲ့ မျိုးကွဲတွေရှိတယ်ဆိုတော့ ကိုဗစ်ပိုး ပြန်ဝင်နိုင်တယ်။ ဆိုတော့ ဖြစ်ပြီးရင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးသင့်တယ်ဆိုတဲ့ ကောက်ချက်တွေချကြတယ်ပေါ့နော်။ အဲ့ကြောင့်မို့လို့ ဘယ်အချိန်မှာ ထိုးမလဲဆိုတဲ့ ဆုံးဖြတ်ချက် က သူ့နိုင်ငံရဲ့ ကျန်းမာရေးပေါ်လစီအရ သွားမှာပေါ့နော်။
ဒါပေမဲ့လည်း တွေ့ရှိချက်အများစုအရတော့ ကိုဗစ်ဖြစ်ခဲ့ပြီးတဲ့လူမှာတောင်မှ ဘယ်အချိန်မှာထိုးလို့ရလဲဆိုရင် ကိုဗစ်လက္ခဏာ မရှိတော့ဘူး။ ဥပမာ အဖျားမရှိတော့ဘူး။ ခေါင်းကိုက်တာ ဘာမှမရှိတော့ဘူးဆိုမှ ကာကွယ်ဆေးထိုး လို့ရပြီးလို့ ပြောလို့ရတယ်။ ဆိုလိုတာက သူ့ရဲ့ကိုယ်ခံအားရှိလာပြီးဆိုရင် ထိုးလို့ရပြီနော်။ အထူးသဖြင့် အဖျားမရှိတော့ ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အချိန်မှာ အဖျားရှိနေရင် မထိုးပေးဘူးပေါ့နော်။ အဖျား ကြီးရင် မထိုးပေးဘူး။ အဲ့ကြောင့်မလို့ ကိုဗစ်ဖြစ်ဖူးတဲ့လူတွေမှာဆိုရင်လည်း အဖျားမရှိတော့ဘူး။ ရောဂါလက္ခဏာ မရှိ တော့ဘူးဆိုမှ ရောဂါကာကွယ်ဆေးထိုးလို့ ရပါပြီး။
KIC - ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုတွေက ဆိုရှယ်မီဒီယာမှာလည်း အမျိုးမျိုးကြားနေရတယ်။ အထူးသဖြင့် ဒီတရုတ်နိုင်ငံကလာတဲ့ Sinovac တို့လို မကြိုက်ကြဘူး။ ဒီအမေရိကန်ကလာတဲ့ဆေး၊ အင်္ဂလန်ကလာတဲ့ဆေးမှ ထိုးချင်ကြတာရှိတယ်။ အဲ့အပေါ်အကြံပြုချက်လေး…
ဒေါက်တာ - ကျနော်တို့ ကာကွယ်ဆေးတွေအားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ခုဏကပြောတဲ့ လက်ရှိသုံးနေ ပြီးဆိုတဲ့ ကာကွယ်ဆေးတွေကို အားလုံးခြုံကြည့်မယ်ဆိုရင် ဒီကာကွယ်ဆေးတွေသည် ထိုးပြီးရင် Dose (ကြိမ်ရေ) ပြည့်အောင်ထိုးပြီးရင် နှစ်ကြိမ်ဆိုလည်း နှစ်ကြိမ်ပြည့်အောင်ထိုးပြီးရင် သူတို့သည် ပြင်းထန်တဲ့ ကိုဗစ်မဖြစ်အောင် ကာကွယ်နိုင်စွမ်း ၇၀% ကနေ ၉၀% ဝန်းကျင်လောက်တော့ ရှိကြတယ်ဗျ။ အဲ့ကြောင့် ခုဏကပြောတဲ့ Sinovac, Sinopharm ဆိုရင်လည်း ၇၀% ပတ်ဝန်းကျင်ရှိတယ်။ အမေရိကန်တို့ UK တို့ကထုတ်တဲ့ ကာကွယ်ဆေးတွေဆိုရင် လည်း ၈၀-၉၀% လောက် ရှိတယ်။ အားလုံးကတော့ ကာကွယ်နိုင်စွမ်းသည် ရှိကြတာပဲ။ ကျနော်တို့ ၇၀, ၈၀, ၉၀% တော့ ရှိကြတာပဲပေါ့နော်။
အခုဟာ ခုဏက ဆွေးနွေးခဲ့သလိုပဲ။ ဘာကာကွယ်ဆေးမှမရလို့ ဂျင်းပြုတ်ရည်သောက်ရ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူသောက်နေရတဲ့ အခြေအနေထက်စာရင်တော့ ဂျင်းတို့၊ ကြက်သွန်နီ၊ကြက်သွန်ဖြူတို့က ဘယ်လောက်ရာခိုင်နှုန်းကာကွယ်လဲဆိုတာတော့ မသိဘူးပေါ့လေနော်။ တရုတ်နိုင်ငံက ထုတ်တယ်ပဲထားဦးဗျာ။ ၇၀%လောက် ကာကွယ်တယ်ဆိုတဲ့ သုတေသနအဖြေတွေ ရှိနေပြီဗျာ။ ဆိုတဲ့အတွက်ကြောင့်မို့လို့ မှန်တယ်။ US, UK က ရတဲ့ဟာတွေရှိရင် ထိုး ချင်တယ်။ ဒါက တစ်ပိုင်းပေါ့။ ဒါပေမဲ့ ဘာမှမရှိဘူးဆိုတဲ့ အခြေအနေမှာ ဘာကာကွယ်ဆေးမှမရှိဘူး။ US, UK ပဲ မရှိ ဘူး။ ဒီတစ်ခုပဲရှိတယ်ဆိုရင် ခုဏကပြောတဲ့ ဂျင်းပြုတ်ရည်၊ ဘာတို့ညာတို့ သောက်တာထက်စာရင်တော့ ဘာမှမရှိတဲ့ နေရာမှာတော့ တစ်ခုခုနဲ့ ကာကွယ်ထားမယ် ဆိုတဲ့ဟာလေးပေါ့ဗျာ။ ဒီ Sinovac ဖြစ်ဖြစ်၊ Sinopharm ဖြစ်ဖြစ်ပေါ့ဗျာ။ ၇၀ ရာခိုင်နှုန်းလောက် ကာကွယ်ထားတာတစ်ခုဖြစ်ဖြစ် dose ပြည့်အောင် ထိုးထားမယ်ဆိုရင်တော့ ကိုယ့်အရပ်ဒေသ မှာရှိတဲ့ လူတွေအတွက်ကို အများကြီး ကာကွယ်သွားမှာပေါ့နော်။
KIC - တချို့ကာကွယ်ဆေးမထိုးခင်မှာ ကြုံတွေ့ရတာက အဖြစ်ဆိုးပေါ့နော်။ ကာကွယ်ဆေးထိုးပြီးတဲ့အချိန်မှာ တစ်ခုခု ရှော့ခ်ဖြစ်တာမျိုးတွေ ရှိတယ်ပေါ့နော်။ တချို့တွေက ကာကွယ်ဆေးထိုးပြီးရင် မကူးစက်နိုင်တော့ဘူးဆိုပြီးတော့ ပြောကြတာတွေရှိတယ်။ အဲ့တာမျိုးတွေဆိုရင် ဘယ်လိုနေထိုင်သွားရမလဲဆိုတာရော ပြောပြပေးပါဦး။
ဒေါက်တာ - ကျနော်တို့ ခုဏက ဆွေးနွေးထားသလိုမျိုးပေါ့။ Social Media ရဲ့ သက်ရောက်မှု (Effect) ပါတာ ပေါ့ဗျာ။ ဆိုလိုတာက ကာကွယ်ဆေးသည် ကျနော်တို့ဆွေးနွေးခဲ့သလိုပဲ။ ဘယ်ကာကွယ်ဆေးမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်တာမရှိဘူးပေါ့နော်။ ဒါက တစ်အချက်။ အနည်းဆုံး ၆၀-၇၀ ကနေ အများဆုံး ၉၀-၉၅ ရာခိုင်နှုန်းလောက် ရှိနိုင်တယ်။ အဲ့ဒါတောင်မှ သူက ဘာကိုပဲကာကွယ်လဲဆိုရင် ပြင်းထန်တဲ့ကိုဗစ်ပဲ။ ဒီကိုဗစ်ရောဂါကြောင့် ဆေးရုံမတက်ရအောင် သူသည် ကာကွယ်ပေးနိုင်တယ်။ ဒါတောင်မှ သူသည် တစ်ကြိမ်ပဲထိုးလို့မရဘူး။ နှစ်ကြိမ် ထိုးပြီးတော့မှသာ ကာကွယ်မှာ။ နှစ်ကြိမ်အပြည့်တောင်မှ နှစ်ကြိမ်ထိုးပြီးပြီးချင်း မရသေးဘူး။ နှစ်ကြိမ်ထိုးပြီးလို့ နှစ်ပတ်ကြာတော့မှ ကာကွယ်ဆေးရဲ့အာနိသင်ကို ကျနော်တို့ရမှာ။ ဆိုလိုတာက ပထမတစ်ကြိမ်ထိုးမယ်။ အဲ့တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ ၃ ပတ် သို့မဟုတ် ၄ ပတ်၊ တစ်ခါတစ်လေ တစ်လလောက် ခြားထားမယ်။ ပြီးရင် ဒုတိယတစ်ကြိမ်ထိုးမယ်။ ဒုတိယတစ်ကြိမ်ထိုးပြီးရင် နှစ်ပတ်နေမှ ဒီကာကွယ်ဆေးရဲ့ ကာကွယ်နိုင်စွမ်းကို အပြည့်ရမှာ။
တချို့တွေက ဘယ်လိုထင်ကြလဲဆိုတော့ ပထမတစ်ကြိမ်ထိုးပြီးတာနဲ့က အေးဆေးပဲဆိုပြီးတော့ mask မတပ်တာတွေ ရှိကောင်းရှိနိုင်တယ်။ ဆိုတော့ အကြံပေးချင်တာကတော့ ကာကွယ်ဆေးတွေရဲ့ အာနိသင်သည် ပထမတစ်ကြိမ် ထိုးပြီးပြီးချင်းမှာလည်း မရပါဘူး။ ဒုတိယတစ်ကြိမ် ထိုးပြီးပြီးချင်းမှာလည်း မရဘူး။ ဒုတိယတစ်ကြိမ်ထိုးပြီးလို့ နှစ်ပတ်လောက်နေတော့မှ သူတို့ရဲ့အာနိသင်ကိုရမယ်။ အဲ့အတွက်ကြောင့်မို့လို့ ကာကွယ်ဆေး စထိုးပြီးဆိုရင်တောင်မှ တောက်လျှောက် ကျနော်တို့ လက်ဆေးတာ၊ mask တပ်တာ၊ လူစုလူဝေးကိုရှောင်တာ အဲ့ဒါတွေကတော့ ဆက်လုပ်သွားရပါမယ်ခင်ဗျ။
KIC - ကာကွယ်ဆေးထိုးပြီးတော့ ရှော့ဖြစ်သွားတဲ့လူတွေကကျတော့ရော အဲ့တာ ဘာနဲ့ဆိုင်မလဲ မသိဘူးခင်ဗျ။
ဒေါက်တာ - ကာကွယ်ဆေးသည် safe (လုံခြုံ) ရဲ့လားပေါ့နော်။ ဘေးကင်းလုံခြုံသလားဆိုတဲ့ဟာနဲ့ ပတ်သက် ပြီးတော့ သုတေသနလုပ်ထားတာ ရှိပါတယ်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်တောင်မှရှိနေပြီပေါ့နော်။ ကျနော်တို့တွေ့ရှိချက်တွေက ကာကွယ်ဆေးကြောင့် ဆိုးဆိုးရွားရွားဖြစ်တဲ့ဟာ ထိခိုက်တာသည် အများကြီး မတွေ့ရပါ ဘူး။ တွေ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းပဲ အများစုသည် တုပ်ကွေးရောဂါလိုလက္ခဏာမျိုးတွေ တွေ့ရတယ်။ ကိုယ်လက်နာကျင်တာတွေ ခံစားရတာတွေ့ရတယ်။ ဒါတောင်မှ ဖြစ်တဲ့ဟာတွေသည် ပြင်းပြင်းထန်ထန် ခံစားရတာတွေကိုတော့ မတွေ့ရပါဘူး။ ဒါက သုတေသနတွေအရရော၊ အဲ့မှာထိုးထားတဲ့လူတွေရဲ့ တွေ့ရှိချက်တွေအရရောပေါ့နော်။
KIC - ကာကွယ်ဆေးမထိုးမီ ရှောင်ရန်၊ ဆောင်ရန်တွေလည်း နည်းနည်း ပြောပြပေးပါလား။
ဒေါက်တာ - ကာကွယ်ဆေးမထိုးမီ ရှောင်ရန်ဆောင်ရန်ကဗျာ။ ပထမအချက်ကတော့ ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးစေချင်တာပေါ့နော်။ နံပါတ်တစ်က ကာကွယ်ဆေးထိုးခြင်းသည် ကိုယ်တစ်ယောက်တည်းကို ကာကွယ်တာတောင် မကတော့ဘူးပေါ့နော်။ ကိုယ့်မိသားစုကိုလည်း ကာကွယ်တာ ဖြစ်မယ်။ ကိုယ့်မိသားစုတောင် မကဘူး။ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်တာလည်းဖြစ်မယ်။ ဘာဖြစ်လို့ပဲဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာထဲမှာ ကာကွယ်ဆေးထိုး ထားတဲ့လူများရင် ဒီကိုဗစ်ရောဂါသည် ကိုယ့်ရွာထဲမှာ နောက်တစ်ခါ outbreak လိုပေါ့နော်။ ဖြစ်ဖို့က အရမ်းခဲယဉ်း သွားပြီး။ အဲ့ကြောင့်မို့လို့ ထိုးကြပါလို့ အကြံပေးချင်တယ်ပေါ့နော်။ နောက်တစ်ချက်က ဘာလဲဆိုတော့ ကျနော်တို့ ကာကွယ်ဆေးထိုးပြီးပြီးပေါ့နော်။ ခုဏက ဆွေးနွေးခဲ့သလိုပါပဲ။ ကာကွယ်ဆေးသည် တစ်ကြိမ်ထိုးပြီးတာနဲ့ အကုန်လုံးကို ကာကွယ်သွားတာမဟုတ်ဘူး။ အဲ့အတွက်ကြောင့်မို့လို့ ကာကွယ်ဆေးကို နှစ်ကြိမ်ပြည့်အောင်ထိုးရပါမယ်။
နှစ်ကြိမ်ပြည့်အောင် ထိုးတဲ့အခါမှာလည်း ကိုယ့်ရဲ့ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အထောက်အထား လက်မှတ်တွေကို သေသေချာချာသိမ်းကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကိုကြည့်ပြီးတော့ ဘယ်နေ့မှာ ကာကွယ်ဆေးထိုးခဲ့လဲ။ ဘာအမျိုးအစားလဲဆိုတာ သိနိုင်မယ်။ နောက်တစ်ကြိမ် ဘယ်တော့ထိုးရမလဲ အဲ့တာသိဖို့လိုတယ်။ ဆိုတော့ ကျနော်တို့ ဒီနယ်စပ်ဒေသမှာ မကြာခင် ကာကွယ်ဆေးတွေက လာတော့မှာပါ။ ဦးစားပေးအုပ်စုတွေကို အရင်ထိုးမှာပါ။ ကာကွယ်ဆေး လာတော့မှာဖြစ်တယ်။ ထိုးဖို့ကိုလည်း ပြင်ဆင်ထားကြပါ။ ဒီကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အထောက်အထား ဒီလက်မှတ်တွေကိုလည်း သေသေချာချာ သိမ်းကြပါ။ ပြီးရင် ကာကွယ်ဆေး တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ပေါ့ပေါ့ဆဆမနေဘဲနဲ့ mask တပ်တာ၊ လက်ဆေးတာ၊ လူတွေအုပ်ဖွဲ့ပြီး သွားတာလာတာ အဲ့တာမျိုးတွေကို ခဏလေးတော့ ရှောင်ရှားပေးကြပါဦးလို့နော်။
KIC - ဖြည့်စွက်ပြီးပြောကြားချက်
ဒေါက်တာ - ကျနော်ဖြည့်စွက်ပြီး ပြောချင်တာတော့ အခုနယ်စပ်ဒေသမှာရှိတဲ့ လူထု (population) အတွက်ကို ကာကွယ်ဆေးတွေရရှိဖို့အတွက် ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေအများကြီးက လုပ်နေကြတာပေါ့နော်။ ဆိုတော့ မကြာခင် မှာလည်း ကာကွယ်ဆေးတွေ ရောက်လာတော့မှာပါ။ ရောက်လာတဲ့အခါမှာလည်း ဘာကာကွယ်ဆေးတွေဖြစ်မယ် ဆိုတာတော့ အတိအကျ မပြောနိုင်ဘူးဗျ။ အဖွဲ့အစည်းတွေကတော့ အများကြီးပဲ။ သူတို့တွေက ကာကွယ်ဆေးရရှိဖို့ ကြိုးစားနေကြတာတွေရှိတယ်။ တစ်ချို့က Sinopharm ရမှာရှိတယ်။ တစ်ချို့က Sinovac ပေါ့နော်။ ခုဏကပြောတဲ့ တရုတ်က ကာကွယ်ဆေးတွေ ရဖို့ရှိတယ်။ Pfizer လိုမျိုးလည်း ရကောင်းရနိုင်တယ်။ ဒါပေမဲ့ ဘာမှတော့ မသေချာသေးဘူး။ ဒီ border (နယ်စပ်) မှာရှိတဲ့လူထုကိုပေးဖို့ဟာ ဘာရမှထိုးမယ်ဆိုပြီးတော့ အစွဲအလမ်း မထားပါနဲ့ပေါ့နော်။ ကျနော်တို့ပြောခဲ့သလိုပဲ ဘာမှမရှိတဲ့အချိန်မှာ ဂျင်းပြုတ်ရည်နဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူလိုဟာမျိုးတောင် ကျနော်တို့ အားကိုးနေရတဲ့အချိန်မှာဆိုရင် ဒီလိုမျိုး ၆၀-၇၀ ကာကွယ်တဲ့ဟာမျိုးလေးတွေရရင်လည်း ယူထားပေးကြပါလို့ အဲ့တာလေးကိုပဲ ကျနော် အကြံပေးချင်တာဗျ။