ဒေသခံတိုင်းရင်းသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် ဘာတွေဆက်လုပ်ဖို့ရှိမလဲ

ဒေသခံတိုင်းရင်းသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် ဘာတွေဆက်လုပ်ဖို့ရှိမလဲ
by -
ကန္တရဝတီ
မေး။      ။ ဦးသဲရယ်အနေနဲ့ အခု လွှတ်တော်မှာ ကျမ်းတွေစကြိမ်ပြီးသွားပြီဆိုတော့ ဘာလုပ်ဖို့ စီစဉ်နေလဲ။ ဖြေ။       ။ လောလောဆယ်မှာတော့ ဒီလွှတ်တော်မှာမေးခွန်းတွေ မေးဖို့ သိမ်းထားတယ် ။ ကျနော့်ကို ဒီလွှတ်တော်ရုံးပေါ့နော ရုံးဆောက်ဖို့အတွက် ကော်မတီအနေနဲ့လည်း ကျနော့်ကိုတာဝန်ပေးထားတဲ့အပိုင်းတွင်ရှိတယ်ပေါ့နော်။

UThenRehမေး။      ။  ဆရာ လွှတ်တော်မှာဆိုရင် ဆရာအချိန်အရွေးဆွေးနွေးလို့ရနိုင်မဲ့ အခြေအနေမျိုးရှိလား မေးမြန်းဖို့ အဆိုတင်သွင်းဖို့တွေလေး ဘယ်လို့ပုံစံမျိုးရှိလဲ။

ဖြေ။       ။ အဲ့ဒါတော့ ကျနော်လည်းသေချာမသိရသေးဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်သိရသလောက်နဲ့ ကျနော် သိရသလောက်နဲ့သိထားသလောက်ဆိုလို့ ရှိရင် ဥပမာ ကျနော်တို့ မြို့နယ် အထူးသဖြင့် ကျတော်တို့ မဲဆန္ဒနယ်ပေါ့နော်။ အဲ့တာတွေဖြစ်လာနိုင်တဲ့ ဒီဒေသဖွံ့ဖြိုးဖို့အတွက်လည်း ဖြစ်ဖြစ်နောက်ပြီးတော့မှ ဒီဒေသခံပြည်သူတွေနဲ့ ဥပမာ-ကြံုတွေ့နေတဲ့အခက်ခဲတွေ နဲ့ပတ်သက်တာပဲဖြစ်ဖြစ် ပေါ့နော် လွှတ်တော်ထဲမှာလည်း အဆိုတင်သွင်းနိုင်ဖို့အတွက်လည်း လုပ်ထားတဲ့ဟာတွေ မရှင်းမလင်း ဖြစ်တဲ့ဟာတွေလည်း မေးခွန်းမေးတဲ့အပိုင်းတွေမှာ ကျနော်အတတ်နိုင်ဆုံး စုဆောင်းပြီးမှ လုပ်ပေးဖို့တော့စဉ်းတော့စဉ်းစားထားပါတယ်။ ဒါပေမဲ့ ကျတော်လည်း  ဒီမေးခွန်းရော နောက်ပြီးတော့မှ အဆိုနဲ့ပတ်သက်တဲ့ ဟာတွေရော လုပ်ဖူးတာတွေမရှိသေးတဲ့အခါကျတော့ ဘယ်လောက်လွယ်မလဲ ဘယ်လောက်ခက်မလဲဆိုတာတဲ့ ဟာကျတော့ ကျနော် လောလောဆယ်ဆယ်မှာတော့ နည်းနည်း ပြောရခက်တယ်။

မေး။      ။ ဆရာ့မဲဆန္ဒနယ်မဟုတ်ပဲနဲ့ တခြားမြို့နယ်တွေမှာ မြေယာပြဿနာတွေဆိုရင်ကော ဆရာမလုပ်ပေးနိုင်ဘူးလား။ ဥပမာ ဒေါဆို့ရှေ့တွေဘက်မှာပြောသံကြားနေတဲ့ကိစ္စတွေမျိုးပေါ့ ဆရာ။

ဖြေ။       ။ ကိုယ့်မြို့နယ် ပြင်ပဆိုတော့ ရှင်းရှင်းပြောရရင်ဒါတွေက သိပ်လုပ်ဖို့ကမလွယ်ဘူး ဆိုတာက ဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သူရဲ့ ဘယ်လို့ပြောရမလဲဆိုရင် သူရဲ့ဒီ မိမိမဲဆန္ဒနယ်မှာ အဓိကတာဝန် ရှိတယ်ဆိုတော့ တခြားမြို့နယ်မှဖြစ်တဲ့ပြဿနာတွေက ကိ်ုယ်နဲ့တိုက်ရိုက်မဆိုင်ပါဘူး။

ဒါပေမဲ့ ဥပမာ- မြို့နယ် တခြားမြို့နယ်ဘက် ဥပမာ ပြည်နယ်တစ်ခုလုံးမှာ မြို့နယ်တိုင်းမှာက ဒီလို့ပြဿနာတွေက ဒီဟာတွေရှိတယ်ဆိုရင်တော့ ကျနော့်အနေနဲ့က ပြည်နယ်တစ်ခုလုံး ကိုခြံုပြီးတော့မှ မေးတဲ့မေးခွန်း မျိုးတော့ ရနိုင်လောက်တယ်ပေါ့နော။ ဒါပေမဲ့ ဒီလွိုင်ကော်မှာ ဖြစ်နေတဲ့ကိစ္စက ဒီမော့ဆိုမှာ ဖြစ်နေတဲ့ကိစ္စကိုကျနော်အဲ့ဟာပဲ သွားမယ်ဆိုရင်တော့ နည်းနည်းတော့ အခက်အခဲရှိမယ်။ အခက်ခဲရှိမယ်ဆိုတာကလည်း မြို့တော်မှာရှိတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိနေတဲ့အခါကျတော့ ဒါကျနော်ကလည်း သူတို့ကို သွားပြီးတော့မှကျော်တဲ့သဘောမျိုးလည်း တက်ရောက်နိုင်တဲ့အနေထားမျိုးရှိတာပေါ့နော။ ဒါပေမဲ့ သူတို့က တကယ်လို့ခွင့်ပြုတယ် သူတို့ဆွေးနွေးလို့ သူတို့က ကျနော်မေးလို့ရတယ်။ သူတို့ ခွင့်ပြုတယ်လို့ရှိရင်တော့ ဒါကျနော်မေးဖို့တော့ ဝန်မလေးပါဘူးနော အဲ့တစ်ခုတော့ရှိတာပေါ့။

မေး ။     ။ ဒါဆိုလွှတ်တော်ဘယ်ချိန်စမလဲ အဲ့ချိန်ကျရင်ဆရာဘာလုပ်ဖို့ရှိလဲ။

ဖြေ။       ။ ဒီလွှတ်တော်ကတော့ ဘယ်ချိန်စမလဲဆိုတာ ကျနော်လည်းတိကျမသိဘူးသေးဘူးပေါ့ နောအဲ့ဟာ သူတို့ဒီလွှတ်တော်ခေါ်မယ်ဆိုလို့ရှိရင်တော့ စာထွက်မယ် ဆက်သွယ်မယ် ဖုန်းခေါ်မယ် အဲ့လို့မျိုးပေါ့နော။ ပြောပြထားတာတော့ မရှိဘူးလောလောဆယ် ကျနော်သိရသလောက်ဆိုလေး။ နောက်ပြီးတော့မှ  ဒီလာမဲ့လွှတ်တော်ထဲမှာဆိုလို့ရှိရင်တော့  ကျနော်နဲ့ မေးခွန်းတွေမေးနိုင်အောင် နောက်ပြီးတော့မှ အဆိုတင်သွင်းနိုင်အောင်ဆိုတဲ့ဟာတွေလည်း ကျနော်စဉ်းစားထားတယ်။ နောက်ပြီးတော့မှ ဟို လိုအပ်တဲ့ဟာတွေလည်း ကျနော်လုပ်ပြီးတော့မှ သူတို့ကို ဒီလွှတ်တော်ထဲမှာလည်း အဆိုတင်သွင်းတဲ့အပိုင်းပဲဖြစ်ဖြစ်မေးခွန်းမေးတဲ့အပိုင်းပဲဖြစ်ဖြစ်ပေါ့နော။ ပထမကျနော်တက်မဲ့ ပထမလွှတ်တော်ကိုတော့ ကျနော်အတတ်နိုင်ဆုံးလူငယ် အတွက်ကျနော်လု ပ်ပေးဖို့ ရှိပါတယ်။ အခုလောလောဆယ်မှာလည်း ကိုယ်မြို့နယ်တွေမက တခြားမြို့နယ်မှာလည်း မြေယာပြဿနာလည်းအများကြီးရှိပါတယ်။ မြေယာပြဿနာတွေဟာလည်း ကျနော်အရင်က လုပ်နေတဲ့အလုပ်ဖြစ်တဲ့အခါကျတော့ ကျနော်လည်း လုပ်ဖို့လည်း ဟိုဒါရှင်းရှင်းပြောရင် ကျနော်အနေနဲ့ ပြည်သူလူထုပြောထားတဲ့ဟာလည်း ရှိတာပေါ့နော် ဆိုတော့ မြို့နယ်တစ်မြို့နယ်ကိုပဲ ခြံုပြီးတော့မှ လုပ်ပေးပြီးတော့မှ မေးတာထက် ပြည်နယ်တစ်ခုလုံးမှာ ဖြစ်ပေါ်နေတဲ့ မြေယာပြဿနာ အားလုံးတွေရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ လက်ရှိတောင်သူတွေ တောင်ယာစိုက်ချိန်ရောက်နေတဲ့ အခါမှ သူတို့အခက်ခဲရှိနေတဲ့အပိုင်းကို ကျနော်ထည့်ပေးပြီးတော့မှ မေးဖို့လည်း ကျနော်  ပြောပြထားပါတယ်။

မေး။      ။ အခုကော ဆရာတို့ရုံးသွားရတာတွေ အဲ့ဒါတွေလုပ်ရလားဆရာ။

ဖြေ။       ။ လိုအပ်ရင်တော့ တက်ရပါတယ်။ ဒီရက် ကျနော်ဒီ ပြီးခဲ့တဲ့တစ်ရက်နှစ်ရက် ဒီမိုးတွေရွာ လေတိုက်တဲ့အခါကျတော့ တစ်ချို့ဘုရားကျောင်း မိုးတွေလှန်တဲ့ကိစ္စတွေ ရုံးတွေတက်ပြီးတော့ ဒီလွှတ်တော် ဥက္ကဌနဲ့ နည်းနည်းဆွေးနွေးရင်ကောင်းမလားပေါ့။

မေး။      ။ ဒီလွှတ်တော်ခေါ်မှ ဆရာတို့လည်းလုပ်ရတယ်ဆိုတော့ ဆရာတို့လည်း လွှတ်တော်မခေါ်ခင်မှာကော ဘာမှအဆိုတင်သွင်းဖို့ မေးခွန်မေးဖို့ ဆရာအရင်စလို့မရဘူးလား စာတင််ရတာတို့ အဲ့လို့မျိုး လုပ်လို့ကောမရဘူးလား ဆရာ။ လွှတ်တော်ခေါ်မှ သွားရမလား။

ဖြေ။  ရတယ် ရတယ် ရတယ်ဆိုတော့ ခုနကကျနော်ပြောတဲ့ ဒီမေးခွန်းက အဆိုအတွက်လည်း ကြိုပြီးတော့မှပြင်ရတယ်နောက်ပြီးတော့မှ မေးခွန်းတွင်ကိုကြိုပြီးပြင်ထားရပါတယ်။ ဥပမာ- မေးခွန်းဆိုတာကလည်း ခုဏကျယ်ပွင့်မပြမေးခွန်းဆိုလိုရှိရင်တော့ ကိုယ်စာတင်လိုက်တယ်။ ကိုယ်မေးချင်တဲ့မေးခွန်း စာနဲ့ပဲတင်တာပေါ့နော။ အဲ့ဒါကို သူတို့က ဆိုင်ရာဝန်ကြီးဌာနသို့မဟုတ် ဌာနတစ်ခုခုက ပြန်ပြီးတော့မှ စာနဲ့လည်းပြန်ဖြေ ကိုယ့်ကိုယ်တိုင်းလည်း ထပ်ပြီးတော့မှ မေးရမယ်။ ပြီးတော့မှလည်း သူတို့ကလည်း ဒီဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် ဌာနတစ်ခုခုကလည်း ပြန်ပြီးတော့မှလည်းနှုတ်နဲ့ပြန်ပြီးတော့မှဖြေကြားပေးတဲ့အပိုင်းရှိတာပေါ့နော။ ဆိုတော့ ဒီလူထုထဲမှာ လိုအပ်တဲ့ဟာရှိလို့ရှိရင် အခါအားလျော်စွာ စာတွေဘာတွေတင်လို့ရတယ်။ မေးခွန်းတွေ ကျယ်ပွင့်ပြမေးခွန်းတွေ၊ ကျယ်ပွင့်မပြမေးခွန်းတွေကြိုတင်ထားလို့ရပါတယ်။

မေး။      ။ တိုင်းရင်းသားပါတီ ဆရာတစ်ယောက်ပဲရှိတယ်ဆိုတော့ ဆရာအမြင်ကော ဘယ်လို့ရှိလဲဆရာ။

ဖြေ။       ။ ကျနော့်အနေနဲ့လည်း တိုင်းရင်းသားပါတီက ကျတော်တစ်ယောက်တည်းဆိုတော့ ဒီအဆိုတင်သွင်းတဲ့အခါမှာ ကိုုယ်ဘက်ထောက်ခံပေးမဲ့ ပုဂ္ဂိုလ်ကိုတော့ ကိုယ်ရှာထားရမှာပေါ့နော။ ပြောရမယ်ဆိုတော့ ကိုယ့်ပါတီထဲက ပါလာတယ် ကိုယ့်အဖော်တစ်ယောက်ပါလာတယ်ဆိုလို့ ရှိရင်တော့ ဒါပြောစရာတော့မရှိဘူး။ ဒါပေမဲ့ဒီထဲမှာတော့ ကိုယ်တစ်ယောက်တည်းဖြစ်နေတဲ့အခါကျတော့ ဥပမာ တခြားပါတီကကိုယ်စားလှယ်တွေ ဥပမာ အထူးသဖြင့် NLD ဘက်ကကိုယ်စားလှယ်ကို အဆိုတင်သွင်းတဲ့အခါမှာ သူတို့ကိုယ့်ကိုထောက်ခံဆွေးနွေးပေးနိုင်ဖို့အတွက်လည်း အတတ်နိုင်ဆုံးသူတို့နဲ့လည်း ပူးပေါင်းပြီးမှလည်း လုပ်ဖို့လည်း ဒီမှာပြောပြထားတယ်ပေါ့နော။

မေး။      ။ လာမည့်လွှတ်တော်သက်တမ်းတစ်လျှောက်မှာပေါ့နော ဘာစိန်ခေါ်မှုတွေ ဘာအခက်အခဲရှိလာမယ်လို့ထင်လဲ ဘယ်လို့ကျော်ဖြတ်ဖို့ စီစဉ်လဲ။

ဖြေ။       ။ ကျနော်ထင်တာကတော့ ကျနော်တို့ တိုင်းရင်းသားပါတီကလည်း အခုမှာပဲ တစ်ယောက်တည်း ဝင်တဲ့အခါကျတော့ ကျနော်တို့ဒီ အထူးသဖြင့် စိန်ခေါ်မူဆိုတဲ့နေရာမှာ ကျတော်တို့ ဒီလွှတ်တော်ထဲမှာ အဆိုတင်သွင်းတဲ့အပိုင်းတွေကိုတော့ ကိုယ့်ကိုထောက်ခံဆွေးနွေးပေးမည့်ပုဂ္ဂိုလ်တွေက  နည်းမလာများမလား ဆိုတဲ့ဟာတွေကတော့ စိန်ခေါ်မှု နည်းနည်းတော့ရှိတာပေါ့နော။ ဆိုတာက အထူးသဖြင့် ကျတော်တို့တိုင်းရင်းသားပါတီအနေနဲ့ ကျနော်အဆိုတင်သွင်း မည့်ကိစ္စတွေကတော့ ခက်ခဲတာကမြေယာနဲ့ပတ်သက်တဲ့ကိစ္စကိုလည်း ပိုပြီးတော့မှ ခက်ခဲမယ်။ ပိုပြီးတော့မှ ကျနော်အတွက် စိန်ခေါ်မှုရှိမယ်လို့တော့ ကျနော်ထင်ထားပါတာပေါ့နော။ ဒါပေမဲ့ ကျန်တဲ့အဓိကဖွံ့ဖြိုးရေးအတွက်ကျတော့ ဥပမာ ဘာပြဿနာမှမရှိဘူး။ ဒီပုဂ္ဂိုလ်တွေကို သွားပြီးတော့မှထိခိုက်မှုမရှိဘူးဆိုရင်တော့ ဒါပြဿနာတော့မရှိဘူးပေါ့နော။ အထူးသဖြင့် ဒီဟာနဲ့ပတ်သက်လာတဲ့ကိစ္စတွေကတော့ အစိုးရ သို့မဟုတ်လည်း ဒီ…ဆိုင်ရာနဲ့ပတ်သက်တဲ့ ကိစ္စတွေက ပိုများလာတဲ့ခါကျတော့ အဆိုတွင်ရော နောက်ပြီးတော့ မေးခွန်းတွေကော ကိုယ့်ဘက်ထောက်ခံချက်…ပုဂ္ဂိုလ်တွေကတော့ နည်းနိုင်တယ်လို့တော့ ကျနော်အနေနဲ့တော့ ကောင်းကောင်းမြင်ပါတယ်။

မေး။      ။  ဘယ်လိုကျော်ဖြတ်သွားမလဲ။

ဖြေ= ကျတော်ပြောချင်ကတော့ ဒီအစိုးရသက်တမ်းမှာလည်း ဒီကျတော်တို့အတွက် အများကြီး အခက်ခဲရှိတယ်ပေါ့နော။ ကျတော်တို့မျှောလင့်ထားသလောက် အစိုးရရဲ့အခြေအနေထားမျိုးကိုလည်း ကျနော်တို့ တွေ့မြင်ရပါတယ်နော်။ အထူးသဖြင့် ကျနော်တို့ဒီ တိုင်းရင်းသားပါတီက NLD နဲ့မဟာမိတ်လုပ်ပြီးတော့မှ ဒါလူထုအတွက်လုပ်ပါ့မယ် ပြီးတော့မှ ဒီမိုကရေစီလမ်းကြောင်းလည်းပိုပြီးတော့မှ ထိရောက်နိုင်တဲ့အနေအထား မျိုးကို ကျနော်တို့ လက်တွဲသွားမယ်ဆိုတဲ့အနေထားမျိုး ကျတော်တို့စဉ်းစားထားပါတယ်။ ဒါပေမဲ့ ဦးနှောက်ထဲမှာတော့ ကျတော်တို့ ထင်သလောက်မဖြစ်နိုင်တဲ့ အပိုင်းတွေ ရှိတယ်ပေါ့နော။ တချို့နေရာမှာက တိုင်းရင်းသားပါတီတွေနဲ့ NLDနဲ့ မဟာမိတ်လုပ်မယ်ဆိုတဲ့နေရာမှာ ဒီ Volunteer   တော့ရှိပေးမဲ့ ပုဂ္ဂိုလ် ရေးအရတစ်ချို့မှာတော့ ခက်ခဲစေတဲ့… အပိုင်းတွင်တော့ရှိတာပေါ။ ဒါပေမဲ့ အဲ့ဒီဟာတွေကို ကျနော်အတတ်နိုင်ဆုံး အဆင်ပြေဆုံး   လုပ်သွားဖို့တော့ စဉ်းစားထားပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတ (ကယားပြည်နယ်) မှ ဦးသဲရယ်သည် ယခုအခါ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ်အဖြစ် တာဝန်စတင် ထမ်းဆောင်နေရပြီဖြစ်သည်။ ယခင်က ကရင်နီပြည်တောင်သူလယ်သမားသမ္မဂတွင် ဥက္ကဌအဖြစ်တာဝန်ယူထားရသူဖြစ် သည့်အတွက် ဒေသခံလူထုများက ကရင်နီပြည်နယ် မြေယာအရေးပြဿနာများကို ဖြေရှင်းပေးလာနိုင်မည့် ကိုယ်စားလှယ် တစ်ဦးဖြစ်လာမည်ဟု မျှော်လင့်ထားကြသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...