ပလက်ဝမြို့တွင် လူနာတင်ကားအပါအဝင် အောက်ဆီဂျင်စက် အသုံးပြုရန်မီးစက်လိုအပ်လျှက်ရှိနေ

ပလက်ဝမြို့တွင် လူနာတင်ကားအပါအဝင် အောက်ဆီဂျင်စက် အသုံးပြုရန်မီးစက်လိုအပ်လျှက်ရှိနေ

နှင်းနှင်း — ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့သည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောကြောင့် အရေးပေါ်လူနာများကို လျှင်မြန်စွာသယ်ယူပို့ဆောင်နိုင်ရန် လူနာတင်ကားနှင့် ဆေးရုံတွင်အရေးပေါ်လူနာများပြားလာမည်ဆိုပါက အောက်ဆီဂျင်စက်အသုံးပြုရန်မီးစက်လိုအပ်လျှက်ရှိသည်ဟု ပလက်ဝမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးသက်ဝင်းကပြောသည်။

“အခုလတ်တလောမှာပဲလိုတာမဟုတ်ပဲ ကျွန်တော်တို့နောက်ပိုင်းအတွက်ကြိုတင်စဉ်းစားပြီး လိုအပ်လာတာတွေကတော့ အောက်ဆီဂျင်စက်လိုမယ်၊ သူနဲ့တွဲပြီးအလှည်းလှယ်လုပ်ရတဲ့မီးစက်ပေါ့၊ မီးစက်အကြီးရှိပြီးသားအပြင် နောက်အရံ အသေးလေးတစ်လုံး၊ နှစ်လုံးရှိတယ်ဆိုရင်တော့ ကိုဗစ်လူ နာတင်မဟုတ်ပဲ ကျန်တဲ့အရေးပေါ်လူနာ၊ ဆေးရုံတက်တဲ့လူနာတွေအတွက်အဲတာတွေရှိထားရင်ပို အဆင်ပြေမယ်” ဟု ဒေါက်တာစိုးသက်ဝင်းကပြောသည်။

ပလက်ဝမြို့နယ်ရှိ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက်ရှိသော်လည်း လူနာ အနည်းငယ်အတွက်သာ အဆင်ပြေပြီး ယခုထက် ကိုဗစ်လူနာ ပိုများလာပါက လုံလောက်မည် မဟုတ်ကြောင်း ဒေါက်တာစိုးသက်ဝင်းကပြောသည်။

ထို့ပြင် ပလက်ဝမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာတွင်ရှိသဖြင့် အရေးပေါ်လူနာများ သယ်ပို့နိုင်ရန် လမ်းကြမ်းသည့်နေရာများတွင် မောင်းနှင်နိုင်သည့် မော်တော်ယာဉ်တစ်စီးလည်း လိုအပ်နေကြောင်းသိရသည်။

ဒေါက်တာစိုးသက်ဝင်းမှ “လူနာတင်ကားက ကျန်းမားရေးဌာနပေးထားတာရှိတယ်၊ ဒါပေမယ့် ကားကနမ့်နေတော့ ခရီးကြမ်းသွားလို့ရမဲ့ ဖောဝှီးကား တွေရှိရင်လူနာတွေလှဲရ ၊ပြုရပိုပြီးတော့ အဆင်ပြေမယ် ၊ခုကျွန်တော်တို့သုံး ပြုတာက ဒီကနေ ပလက်ဝ၊ဆမီးတူ၊မတူပီ၊ မင်းတပ်လမ်းကြောင်းဖက်ကနေ လူနာတွေကိုသယ်ရတာဖြစ်တယ်” ဟု ပြောသည်။

ပလက်ဝမြို့တွင်ကိုဗစ်ပိုးတွေ့ရှိမှုရှိလာသောကြောင့် လမ်းပန်းဆက်သွယ်ရေး၊လုံခြုံရေး အခက်အ ခဲကြားမှ နည်းလမ်းမျိုးစုံအသုံးပြီး ပလက်ဝမြို့ဆေးရုံတွင်လိုအပ်သောဆေးဝါးပစ္စည်းများကို ပို့ဆောင်ပေးနေပြီး အခြားသောလိုအပ်သည့်ဆေးဝါး များကိုပို့ဆောင်ပေးနိုင်ရန် ပြည်နယ်အစိုးရထံတွင်တင်ပြထားကြောင်း ချင်းပြည်နယ်၊ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှုး ဒေါက်စံအောင်ငွေစံ ကပြောသည်။

“ပလက်ဝမြို့အတွက် လိုအပ်တဲ့ PPE ဝတ်စုံ၊ 95 Mask ၊ Test Kit တို့ကိုလည်းနည်းမျိုးစုံနဲ့ ရှာဖွေပြီးပို့ဆောင်ခဲ့ပြီးပါပြီ၊ များသောအားဖြင့် ပစ္စည်းတွေကို မတူပီမှာသွားပြီး စုပုံရတယ်၊ ပြီးမှ မတူပီဆရာဝန်နဲ့ ပလက်ဝဆရာဝန်တွေ ဆက်သွယ်ပြီးတော့ လူကြုံတွေနဲ့ပို့ရတာ တွေရှိပါတယ်၊ သွားရေးလာရေး၊ လုံခြုံရေးအခက်အခဲ အနေအထား ကြောင့် ပလက်ဝမြို့နယ်ရဲ့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေလောက်ပဲ မဟုတ်ဘူး တခြားသောဆေးဝါးရေး ပစ္စည်းထောက်ပံ့ရေး ပစ္စည်းတွေကအခြားသောမြို့နယ်တွေထက်ရရှိမှုနည်းတယ်လို့ပြောလို့ရမယ်၊ လက်ရှိအနေအထားမှာတော့ ပလက်ဝမြို့ နယ် ဆရာဝန်အနေနဲ့ အခြားမဖြစ်မနေ ဆောင်ရွက်ရမဲ့လိုအပ်တဲ့ပစ္စည်းတွေ ဘာအခက်တွေရှိနေလည်း ဆိုတာသိရဖို့ကျွန်တော်နဲ့ အမြဲမပြတ်အဆက်အသွယ်ရှိပါတယ်” ဟု ဒေါက်စံအောင်ငွေစံ ကပြောသည်။

ပလက်ဝမြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၁၆ ဦးထိရှိပြီး ၁၄ ဦးမှာ ကျန်းမာရေးကောင်းမွန်လာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေသူ ၂ ဦးရှိကြောင်းသိရသည်။

Most read this week

November 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...