“မြစ်ဆုံကျေးရွာအုပ်စုက ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် မြစ်ဆုံကာကွယ်ဖို့ အမြဲတမ်းနံပါတ်တစ်နေရာမှာထားပါတယ်”

“မြစ်ဆုံကျေးရွာအုပ်စုက ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် မြစ်ဆုံကာကွယ်ဖို့ အမြဲတမ်းနံပါတ်တစ်နေရာမှာထားပါတယ်”

ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရရှိခဲ့သည့် အမျိုးသမီးကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်နှင့် အင်တာဗျူး

ဒေါ်မရန်ဂျာဆိုင်းခေါန်သည် ယခုနှစ် ရွေးကောက်ပွဲတွင်  ကချင်ပြည်နယ် အင်ဂျင်းယန်မြို့နယ်၏ ပြည်နယ်လွှတ်တော်၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၅ ခုနှစ်ကလည်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ကိုယ်စားပြု၍ အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်သည်။

ထို့ကြောင့် အင်ဂျင်းယန်မြို့နယ်တွင် ယခုနှစ်၌ တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသည့် နောက်ကွယ်က အကြောင်းအရာများ ၊ လွှတ်တော်ကိုယ်စားတစ်ဦးအနေဖြင့် အတွေ့အကြုံများ၊ မိမိမဲဆန္ဒနယ်အတွက် ရှေ့ဆက် လုပ်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရရှိခဲ့သည့် ဒေါ်ဂျာဆိုင်းခေါန်အား ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဘယ်လိုကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာလဲ။

ဖြေ - ပါတီအနေနဲ့ ယှဉ်ပြိုင်ဖို့ နဂိုကလည်း လက်ရှိ ကိုယ်စားလှယ်ဖြစ်တဲ့ အတိုင်း အဲ့ဒီလိုပဲဖြစ်မယ်ထင်တာပေါ့။ ဖြစ်လာတဲ့ အခြေအနေအရ တစ်သီးပုဂ္ဂလယှဉ်ပြိုင်မှဖြစ်မယ့် အခြေအနေဖြစ်လာတော့လည်း တစ်သီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်တယ်လို့ပဲ အတိုချုပ်ပြောချင်ပါတယ်။

မေး - တခြားမြို့နယ်မှာမပြိုင်ပဲ အင်ဂျန်းယန်မြို့နယ်မှာပဲ ဘာကြောင့်ထပ်ပြီးယှဉ်ပြိုင်ခဲ့တာလဲ။  

ဖြေ - အင်ဂျန်းယန်က မြစ်ကြီးနားမြို့နဲ့ ထိစပ်နေတယ်။ ပြီးတော့ သိပ်မဝေးဘူး ဆိုပေမယ့် ဂွေထော်ကူးတို့ဆိပ် ကနေ မြစ်ရဲ့ဟိုဘက်ကမ်း ကူးလိုက်တာနဲ့ ဘဝချင်းက အရမ်းကွာခြားတယ်။ အသိပညာချင်းကလည်း အရမ်းကွာ တယ်။ သူတို့ရဲ့ အခြေအနေတွေကို ဒီဘက်ပြည်သူတွေနဲ့က အရမ်းကွာတယ်။ သူတို့ရဲ့ မတိုးတက်မှု၊ အသိပညာ နောက်ကျမှု၊ မဖွံ့ဖြိုးမှုတွေကို ပြောင်းနိုင်ဖို့အတွက် ကြိုးစားချင်တယ်။  အခြေခံအဆောက်အအုံကအစ ပညာရေး မြင့်တက်လာဖို့၊ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားတွေလည်း ဖွံ့ဖြိုးလာဖို့အတွက် ကြိုးစားခဲ့ တယ်။ စပြီးတော့ လုပ်နေရင်းပဲ ပထမ သူတို့ကိုတောင် သေချာ မဆွဲခေါ်နိုင်သေးဘူး။ ၂၀၁၈မှာ စစ်ဖြစ်ခဲ့တယ်။ စစ်ဖြစ်တော့ စစ်ဘေးရှောင်အနေနဲ့ သူတို့ရဲ့ ရွာတွေကို စွန့်ခွာပြီး မြစ်ကြီးနား စစ်ရှောင်စခန်းတွေမှာ လာနေတာ အခုဆိုရင် နှစ်နှစ်ကျော်၊ သုံးနှစ်လောက် ဖြစ်သွားပြီ။ကျွန်မ ခုဏက ပြောသလို သူတို့ရဲ့ အသိအမြင်တွေကို ဖွင့်ပေးရမယ်။ သူတို့ ကလည်း အစိုးရကပဲ လုပ်ပေးတယ် ဆိုတာထက် ပြည်သူတွေကလည်း လိုက်လာဖို့ အရေးကြီးတယ်။ တောင်ယာ အသက်မွေးဝမ်း ကျောင်းကနေ အခြား အသက်မွေးဝမ်းကျောင်းတွေ တနိုင်တပိုင် လုပ်နိုင်ဖို့ လမ်းဖွင့် ပေးပေမယ့်လည်းပဲ သူတို့က ချက်ချင်း မလိုက်နိုင်ဘူး။ တစ်ဝက်တပျက်မှာပဲ ဦးဆောင်မှု မလုပ်နိုင်ခင်မှာ တန့်သွားတဲ့ ပုံစံ ဖြစ်သွားတယ်။ကျွန်မ စလုပ်ထားတဲ့ လုပ်ငန်းတွေကလည်း အများကြီး ရှိတယ်။ တစ်ဝက်တပျက် ဖြစ်နေတယ်။ နောက်ပြီး ဒါတွေကိုလည်း အသီးအပွင့် နည်းနည်းမြင်ရအောင် အများကြီး အားစိုက်ရအုံးမယ်။ ဒါတွေကိုလည်း ဆောင်ရွက်ဖို့အတွက် လိုအပ်နေသေးတယ်။

မေး - ကိုယ့်ရဲ့မဲဆန္ဒနယ်မှာ အောင်နိုင်ရေးအတွက်ရော ဘယ်လိုမျိုးတွေ လုပ်ဆောင်ခဲ့ရလဲ။

ဖြေ - အောင်နိုင်ရေးအတွက်ကတော့ သိပ်ပြီး အထူးထွေပြင်ဆင်တာတော့ မရှိပါဘူး။ ကျွန်မတို့ လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက တိတိကျကျ ခိုင်ခိုင်မာမာ ရှိခဲ့တယ်။ ပြီးတော့ ပြလည်း ပြနိုင်တယ်။ နိုင်ငံရေးကလည်း အခုမှလုပ်တာမဟုတ်ဘူး။ အဓိကကတော့ နိုင်ငံရေးမျိုးရိုးလည်း ဟုတ်တယ်။ ကျွန်မကိုယ်တိုင် ကလည်း ကျောင်းပြီးတဲ့နောက် ကျောင်းဆရာမနှစ်နှစ် ဝင်လုပ်ပြီးတဲ့နောက်မှာ တောက်လျှောက် နိုင်ငံရေးပဲ လုပ်ခဲ့တာ ဆိုတော့ ကိုယ့်ရဲ့ နောက်ကြောင်း ခိုင်ခန့်မှုကြောင့် သော်လည်းကောင်း၊ပြနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် သော်လည်းကောင်း၊ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဆောင်ရွက် နေဆဲ ဖြစ်တဲ့အတွက်သော်လည်းကောင်း ကိုယ့်ရဲ့ပြည်သူတွေနဲ့ အမြဲတမ်း ထိတွေ့ပြီး လွှတ်တော်မှာ  ပြောဆို ဆွေးနွေးတင်ပြမှု၊ အကောင်အထည်ဖော်နိုင်မှုများကို ချပြနေတဲ့အတွက် သူတို့အနေနဲ့ကလည်း ကျွန်မကို ယုံကြည်တယ်။ ယုံကြည်တဲ့အတွက် အခုလည်း ထူးခြားပြီး အောင်နိုင်ရေးဆိုပြီး အထူးထွေလုပ်ဆောင်တာတော့ မရှိပါဘူး။ ခဏကပြောသလိုပဲ သူတို့အတွက် လိုအပ်တဲ့အရာတွေကို အမြဲတမ်းလုပ်ပေးနေတယ်။ ယုံကြည် တဲ့အတိုင်းပဲ ကျွန်မဘယ်လိုပုံစံမျိုးနဲ့ပဲ ယှဉ်ပြိုင်ယှဉ်ပြိုင် သူတို့အနေနဲ့ အန်တီကို လက်ခံတယ် အဲ့ဒါပါပဲ။ အခြေအနေအရတော့ တစ်သီးပုဂ္ဂလ အနေနဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်လာပြီ။ ဘယ်သူ့ကိုမှ မှီခိုတာမရှိဘူး။ လွတ်လပ်စွာနဲ့ ကိုယ့်ရဲ့ ပြည်သူနဲ့ပဲ ရပ်တည်ပြီး တိုက်ရိုက်ဆွေးနွေးပြီး ကိုယ့်ပြည်သူအတွက် လုပ်လို့ရတယ်။ လွှတ်တော်ထဲ ရောက်ရင်လည်း ကိုယ်နဲ့ ရပ်တည်ချက်၊ ခံယူချက် တူညီတဲ့ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး ပြည်သူတွေ အတွက် ဆောင်ရွက်လို့ရတယ်။ အဓိကကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အလုပ်လုပ်သလား၊ မလုပ်ဘူးလား ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ မူဝါဒ ဘယ်လောက်ပဲ ကောင်းကောင်း အလုပ်မလုပ်တဲ့ ကိုယ်စားလှယ်ဆိုလို့ ရှိရင် လွှတ်တော်ထဲ ပို့ထားရင်လည်း ဒါအလုပ်ဖြစ်မှာ မဟုတ်ဘူးပေါ့။ အဓိက,ကတော့ သူ့ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်မှုပေါ်မှာပဲ မူတည်တယ်ဆိုတာကို ရှင်းပြတော့ ပြည်သူတွေက လက်ခံတယ်။

မေး - လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘယ်လိုခံယူထားလဲ။ သိလို့ရမလား။

ဖြေ - လွှတ်တော်သက်တမ်းက လေးနှစ်ခွဲ၊ ငါးနှစ်တာဆိုတော့ ကြားထဲမှာလည်း အဓိကတော့ လုပ်ရတဲ့ လုပ်ငန်း က သုံးမျိုးရှိတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ပေါ့။ နံပါတ်တစ်ကတော့ ကိုယ့်ပြည်သူတွေကို ကိုယ်စားပြုတယ်။ ကိုယ့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြတယ်။ လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် ကြိုးစားတယ်။ နှစ်အချက်က လွှတ်တော်ဆိုတာ ဥပဒေပြုတဲ့ နေ ရာဖြစ်တဲ့အတွက် လက်ရှိ အားလုံးအတွက် စိန်ခေါ်မှုဖြစ်တဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရက ဇယား(၁) နဲ့(၂) ဆိုတဲ့ နေရာမှာ ပြည်နယ်ကို ဥပဒေပြုခွင့်ပေးထားတဲ့ ဇယား(၂)နဲ့ ပါဝင်တဲ့အသေးအဖွဲ့လောက်ပဲ  ခွင့်ပြုတဲ့ အနေ အထားရှိတယ်ဆိုတော့ ဥပဒေပြုတဲ့ လွှတ်တော်ရဲ့ ကဏ္ဍက အရေးကြီးဆုံး အရာဖြစ်ပေမယ့် ထိထိရောက်ရောက် လုပ်ခွင့်မရှိတဲ့ အခြေအနေဖြစ်နေတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ပြင်ပြီးမှပဲ ဖွဲ့စည်းပုံအရ ကိုယ့် ပြည်သူတွေ လိုအပ်တဲ့အရာ၊ ကိုယ့်ပြည်နယ်အတွက် လိုအပ်တဲ့ အရာကို လွတ်လွတ်လပ်လပ် ဥပဒေ ပြုနိုင်ခွင့် ရတဲ့ အခြေအနေတစ်ရပ် ရောက်ရှိဖို့အတွက်ကတော့ အခက်အခဲတွေကို တဆင့်တက်လှမ်းပြီးမှပဲ လုပ်နိုင်မှာ ဖြစ်တယ်။ နံပါတ်သုံးကတော့ ကိုယ့်ဒေသအတွက် လုပ်ဆောင်တဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူတွေ အတွက် အကျိုးပြုသလား၊ မပြုဘူးလား နောက်ပြီးတော့ ဘာတွေ လိုအပ်နေသလဲဆိုတာ အစိုးရကို ပြည်သူတွေ ရဲ့ ကိုယ်စားပြန်ပြီးမှ Check & Balance လုပ်ပေးရတယ်။ ပြည်သူတွေကနေ ကိုယ့်ကို ယုံကြည်ပြီး ရွေးချယ်တင် မြောက်ထားတယ်။ အစိုးရကနေ ပြည်သူတွေရဲ့ အရေးဆောင်ရွက်တဲ့အခါ ဘာတွေ အားနည်းချက်ရှိလဲ၊ လိုအပ် သလဲ၊ အားသာချက်ရှိသလဲ ဆိုတာကို ထောက်ပြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်တယ်။

မေး - ပြီးခဲ့တဲ့လွှတ်တော်တက်တမ်းမှာ အားရတဲ့ လုပ်ဆောင်ချက်တွေရှိခဲ့လား။ အားမရခဲ့တာကရော ဘာတွေဖြစ်မလဲ။ သိချင်ပါတယ်။

ဖြေ - ကိုယ်က မပါဝင်ဘဲနဲ့ ဘော်လုံးပွဲ ကြည့်သလို ဘေးကနေကြည့်ပြီးတော့ ဟိုလိုကန်ပါလား။ ဒီလို ကန်ပါလား အပြစ်ပြောနေမယ့်အစား ကိုယ်ကိုယ်တိုင်လည်း ဝင်အရွေးခံမယ်။ လွှတ်တော်ထဲ ရောက်လာတဲ့အခါ တရားဝင် အသိအမှတ်ပြုမှုနဲ့ အခွင့်အခါရှိလာမှာ ဖြစ်တဲ့အတွက် ကျွန်မက ၂၀၁ဝကနေ ဝင်ဖို့ ကြိုးစားလာတာ ဖြစ်တယ်။ ဒါပေမယ့် ပါတီဖွဲ့ခွင့်မရတော့ မဝင်ခဲ့ရဘူးပေါ့။ ၂၀၁၅မှာတော့ ရွေးချယ်ခံခဲ့တယ်။ မကောင်းဘူးပဲ ပြောနေမယ့်အစား ကိုယ်က တရားဝင် လုပ်နိုင်ခဲ့တယ်။ နည်းသည်၊ များသည်ပဲ ဖြစ်စေ။ အားရခဲ့တဲ့ အချက်တွေ ပေါ့။ ပထမ တစ်နှစ် လောက်ကတော့ အရင်အစိုးရရဲ့ ချမှတ်ထားတဲ့ လုပ်ငန်းတွေအရ အကုန်လုံး ချမှတ်ထားပြီး ဖြစ်တဲ့အတွက် တစ်နှစ်လောက် ကတော့ သိပ်ပြီးတော့ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူး။ ဒါပေမယ့် ကိုယ်ကတော့ လွှတ်တော်ထဲရောက်တာနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်၊ ကွင်းဆင်းတယ်။ သူတို့အသံကို နားထောင်တယ်။ တိုင် ပင်တယ်။ ကျွန်မကတော့ ကိုယ့်ရဲ့ ပြည်သူတွေအတွက်ဆိုရင် ဘယ်သူကြိုက်တယ်၊ မကြိုက်ဘူး၊ ကိုယ့်အတွက် ထိခိုက်မယ်၊ မထိခိုက်မယ် ဆိုတာထက်ကို လွှတ်တော်ထဲမှာ ဆွေးနွေးနိုင်ဖို့ အဓိက တော်တော် ကြိုးစား ခဲ့ပါ တယ်။ မေးခွန်းတွေမေးခဲ့တယ်။ အဆိုတွေလည်း တင်ခဲ့တယ်။ အဆိုတင်တာတွေကလည်း တင်သလောက်တော့ အောင်မြင်ခဲ့ပါတယ်။ အားမရတဲ့ အချက်ကတော့ ၂၀၀၈ဖွဲ့စည်းပုံပေါ့။ ဒါကို အများကြီး ဆက်ပြီးတော့ ကြိုးစား ပြောင်းလဲဖို့အတွက် တကယ်လိုချင်တဲ့ ပုံစံမျိုး ဖြစ်လာဖို့ အားလုံးတွက် စိန်ခေါ်မှု ဖြစ်နေသေးတယ်။ ဒါပေမယ့် နည်းနည်းလေးပဲ ရတဲ့အခွင့်အလမ်းမှာပဲ ကိုယ့်ရဲ့ လူတွေအတွက် တော်တော်များများ လုပ်ပေးနိုင်ခဲ့တာတော့ အားရခဲ့ပါတယ်။

မေး - လာမယ့်သက်တမ်းမှရော ကိုယ့်ရဲ့မဲဆန္ဒနယ်အတွက် ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ - ပညာရေး၊ ကျန်းမာရေးကတော့ အမြဲတမ်း ဦးစားပေးရမယ့်အပိုင်းဖြစ်တယ်။ လုပ်လည်း လုပ်နေတယ်။ နှစ်တိုင်းလည်း တိုးပြီးတော့ လုပ်နေတယ်။ အခြေအခံအဆောက်အအုံ လိုအပ်ချက်တွေကိုလည်း အစိုးရရဲ့ ဘတ်ဂျက် မှာ လိုအပ်တဲ့ နေရာမှာ တည်ဆောက်နိုင်ရေးအတွက် အမြဲတမ်း ဆောင်ရွက်နေတယ်။ များသောအားဖြင့် ကိုယ့်ရဲ့ နယ်မြေမှာက တောင်ယာလုပ်ကိုင်ကြတယ်။ အခြားဝင်ငွေ မရှိကြဘူး။  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သာ ရေး၊ နာရေးအတွက် အသုံးစရိတ် မရှိဘူး။ သူတို့ကို ဒီထက်ပိုပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ အရေးကြီး တယ်။ အစိုးရတွေကိုလည်း အမြဲတမ်း အဆိုတွေတင်တယ်၊ ကတိကဝတ်တွေ ယူတယ်။ အခုလည်းပဲ သူတို့အ တွက် စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေလည်း လုပ်ဆောင်နေတာတွေ ရှိပါတယ်။NGO / INGOဘက်ကလည်း သူ တို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကူညီပေးနိုင်တဲ့ အခွင့်အလမ်းရှိရင်  အမြဲတမ်း ကျွန်မက သူတို့အတွက် ရှာ ဖွေပြီးတော့ ပံ့ပိုးမှာ ဖြစ်တယ်။ သူတို့ရဲ့ သက်မွေး နေထိုင်ဖို့ ပြောင်းလဲလာဖို့အတွက်ပေါ့။ သယံဇာတဆိုရင် အင် ဂျန်းယန်ဘက်က သိပ်မရှိဘူး။ ဒါပေမယ့် အန်တီကလည်း မြစ်ဆုံကျေးရွာအုပ်စုက ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အ တွက် ဖြစ်ဆုံကာကွယ်ဖို့ အမြဲတမ်း နံပါတ်တစ်နေရာမှာ ထားပါတယ်။ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ လွှတ်တော် မှာ နှစ်ကြိမ်အဆိုတင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆိုတင်ခွင့် မရခဲ့ဘူး။ ဆက်ပြီးတော့ ကာကွယ်ဖို့ အရမ်းအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

မေး - အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ဖို့ရှိလား။ ရှိတယ်ဆိုရင် ဘယ်လိုအရာတွေ လုပ်ဆောင်သွားမလဲ။

ဖြေ - အင်ဂျန်းယန်မြို့နယ်မှာ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်တာတို့ သိပ်ပြီးတော့ မရှိဘူး။ အဲ့ဒီတော့ ပညာပေးတာတွေပဲလုပ်ပေးဖို့ ရှိတယ်။ Kachin Women Union (KWU) ကို ကျွန်မတည်ထောင်ခဲ့တယ်။ အဲ့ဒီ အဖွဲ့အစည်းက အင်ဂျန်းယန်ကိုလည်း လာတယ်။ သူတို့က အမျိုးသမီးအရေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတယ်။ အန်တီအနေနဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တာတွေ ပြောဆိုဆွေးနွေးမှု ပြုလုပ်နေတာတွေ ရှိပါတယ်။ သက်ငယ်မုဒိမ်းမှုဆိုတာတွေက တခြားမြို့နယ်တွေမှာ ဖြစ်တယ်။ ကျွန်မရဲ့ အင်ဂျန်းယန်မှာတော့ မရှိ ဘူး။ အဲ့ကိစလွှတ်တော်မှာ ဝိုင်းဝန်း ဆွေးနွေးဖြစ်ပါတယ်။ လာမယ့်ကချင်ပြည်နယ် လွှတ်တော် ငါးနှစ်သက်တမ်း မှာ အမျိုးသမီးနဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ရင် အမျိုးသမီးများအ ခွင့်အရေးနဲ့ ကလေးသူငယ်များအခွင့်ရေးကို ပိုပြီး ကာကွယ်ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...