၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် တိုင်းရင်းသားပါတီများအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ကြသော်လည်း ရှုံးနိမ့်ခဲ့ကြသည်။ထို့ကြောင့် အနာဂတ် အထွေထွေ ရွေးကောက်ပွဲကြီးများတွင် တိုင်းရင်းသားပါတီများ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်နေ သည်များနှင့်ပတ်သက်၍ အရပ်ဖက် အဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီတို့ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးလေ့ လာသုံး သပ်သူများနှင့် နိုင်ငံရေးသုတေသီတို့၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ရပါသည်။
စောကျော်စွာ (ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး)
“အဓိကကတော့ ကျွန်တော်တို့ လက်ရှိ နိုင်ငံတော် အစိုးရရဲ့ သွားနေတဲ့ လမ်းကြောင်းက လစ်ဘရယ် ဒီမိုကရေစီပေါ့နော။ လစ်ဘရယ် ဒီမိုကရေစီ အဓိကသွားနေတာကတော့ တစ်ဦးချင်းရဲ့ အခွင့်အရေးကို သူတို့ က ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာပေါ့။ ဆိုတော့ တိုင်းသူပြည်သား တော်တော်များများက တစ်ဦးချင်း အခွင့်အရးကို သဘောပေါက်နားလည်တဲ့ အခါကျတော့ NLD ရဲ့ မူဝါဒအတိုင်း ပါလာကြတာပေါ့နော်။ ဒါပေ မယ့် တကယ်လို့ တိုင်းရင်းသားတွေက နောက်ရွေးကောက်ပွဲမှာနိုင်ရချင်တယ်ဆိုလို့ရှိရင် ပြည်သူပြည်သား တွေ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေ ကိုယ့်တိုင်းရင်းသား လမျိုးစုတွေက ဒီတစ်ဦးချင်း အခွင့်အ ရေးထက် အစုအဖွဲ့အခွင့်အရေးက အရေးကြီးတယ်လို့ ပြောပြနိုင်ရင်တော့ သူတို့နိုင်လိမ့်မယ်။ ပြောမပြနိုင်ပဲ ဒီကုလားထိုင်ပဲ ရည်ညွှန်းပြီးတော့မှ သွားနေမယ်ဆိုရင်တော့ တစ်ဦးချင်းအခွင့်အရေး စည်းရုံးသွားတဲ့သူပဲ ထပ်နိုင်အုံးမှာပါ”
ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)
“တိုင်းရင်းသား ပါတီတွေအနေနဲ့ကတော့ ယေဘုယျအားဖြင့် သူက ရှုံးတယ်လို့ပြောပေမယ့် တကယ်တမ်း ပြော မယ်ဆိုရင် ၂၀၁၅ ထက်စာရင် ၂၀၂၀ မှာ NLD အများစု မဖြစ်တဲ့ ပြည်နယ်လွှတ်တော်က သုံးခုအထိ ဖြစ်သွားပါတယ်။ ၂၀၁၅ တုန်းက NLD အများစု လွှတ်တော်သည် ရခိုင် နှင့် ရှမ်းလွှတ်တော် နှစ်ခုပဲ ရှိပါတယ်။ အခုဆိုရင် ကယားပြည်နယ်ပါ NLD က အများစု မဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းဟာ ၂၀၂၀ မှာ ပိုကြီးလာတာတွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း ရခိုင်မှာ မကျင်းပတဲ့အတွက် အမတ်နေရာ တစ်ချို့လျော့ပေမယ့် ပိုတိုးလာတာတွေ့ရပါတယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေ အနိုင်ရမှုနည်းတယ်ဆိုတဲ့ ကရင် ၊ နောက် အနိုင်ရတာ နည်းတယ်ဆိုတဲ့ကချင်၊ အနိုင် ရတာ လျော့ကျသွားတဲ့ ချင်းပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသား ပါတီတွေကတော့ ကိုယ့်ရဲ့ မူဝါဒတွေနဲ့ တိုင်း ရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီ ငါးနှစ်တာ ကာလအတွင်းမှာ သို့မဟုတ် ကြားဖြတ်ရွေး ကောက်ပွဲတွေမှာ ကိုယ့်ရဲ့စည်းရုံးရေးကို ပိုတိုးပြီးတော့ ခိုခိုင်မာမာ စည်းရုံးလှုပ်ရှားတာဖို့ပဲ လိုအပ် ပါလိမ့် မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသုံးပြည်နယ်က တစ်ကယ်တမ်းကျတော့ ပါလီမန်ဒီမိုကရေစီပေါ့။ ဥပဒေ နိုင်ငံရေး အားမကောင်းခဲ့တဲ့အခါကျတော့ ဒီ ဥပဒေတွေ နိုင်ငံရေးအားကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဖက်က စည်းရုံးဖို့လို အပ်မယ်လို့ထင်ပါတယ်”
နိုင်လယိတမ (အထွေထွေအတွင်းရေးမှူး - ၁ မွန်ညီညွှတ်ရေးပါတီ MUP)
“အဓိကအချက်က ကျွန်တော်တို့ တိုင်းရင်းသား မဲဆန္ဒရှင်တွေက တိုင်းရင်းသား ပါတီတွေရဲ့ နိုင်ငံရေးမူဝါဒ၊ သဘောထားတွေကို တိုင်းရင်းသား မဲဆန္ဒရှင်တွေကို များများ ဒီထက်ပိုပြီးတော့ ချပြဖို့လိုတယ်ပေါ့နော်။ ပါတီရဲ့ ယုံကြည်ချက် ပါတီရဲ့ ပေါ်လစီတွေကို သက်ဆိုင်ရာ တိုင်းရင်းသားတွေမှာ စိမ့်ဝင်သွားအောင် ကျွန် တော်တို့က အများကြီး ကြိုးစားဖို့လိုသေးတယ်။ နောက်တစ်ချက်ကတော့ ပါတီတည်ဆောက်ရေးတွေ ကျွန် တော်တို့ တိုင်းရင်းသား ပါတီတွေ၊ ပါတီတည်ဆောက်ရေးတွေ ခိုင်ခိုင်မာမာ လုပ်ဖို့လိုသေးတယ်။ နောက်တစ် ခုက ကျွန်တော်တို့ လက်ရှိ ၂၀၁၅ ကလောက် နေရာ မရတဲ့ အဓိကအကြောင်းအရင်းထဲမှာ တစ်ခုဖြစ်တဲ့ ဒီရွေ့ ပြောင်းလုပ်သားကိစ္စပေါ့နော်။ ဒီရွေ့ပြောင်းလုပ်သားတွေကိစ္စကို လာမယ့် လွှတ်တော်မှာ ဒီ ရက် ၉၀ မဲပေးခွင့် ကိစ္စကို ကျွန်တော်တို့ ဒါကိုပြန်လည်ပြင်ဆင်ဖို့လိုတယ် ပေါ့လေ။ အဓိက ဒီ အချက်သုံးချက်ကိုတော့ ကျွန်တော်တို့ ကြိုးစားဖို့ လိုသေးတယ်လို့ပဲ သုံးသပ်မိတယ်”
ဒေါက်တာခါလမ်တူးခေါင် (လွတ်လပ်သောသုတေသီ Independent Researcher)
“သူတို့ Assessment ကောင်းကောင်းလုပ်ရမှာပေါ့။ ဘာလိုအပ်သလဲ။ သူတို့ကို ထောက်ခံတဲ့လူနဲ့ မထောက် ခံတဲ့ လူတွေရဲ့ အမြင်သဘောထားတွေကို ကောင်းကောင်း ကောက်ပြီးမှ စနစ်တကျ သူတို့အဲဒါကို လေ့လာ သုံးသပ်ပြီးမှ လိုအပ်နေတဲ့အရာ သူတို့ရဲ့ Gap က ဘာရှိသလဲပေါ့နော်။ အခုလောလောဆယ် သူတို့နိုင်ထား တာ ဘယ်လောက်လဲ။ ကိုယ်နိုင်ဖို့လိုသေးတာ ဘယ်လောက်လဲ။ ဒီကြားထဲက Gap က ဘယ်လောက်ရှိသလဲ။ ဒါကို ကောင်းကောင်းသုံးသပ်ပြီးတော့မှ သူတို့ရဲ့ Desired State ပေါ့နော်။ သူတို့လိုချင်တဲ့ အတိုင်းအတာ တစ်ခုကို ရောက်ဖို့အတွက် သူတို့ ဘာတွေ လုပ်ဖို့ လိုအပ်သလဲဆိုတဲ့ဟာကို သူတို့က ဂဃဏန ကောင်း ကောင်း major concern တွေကို Analyze လုပ်ဖို့ လိုတယ်။ သူတို့ရဲ့ တကယ့် ဒီ Gap ဖြစ်နေတဲ့အရာတွေက လိုအပ်နေတဲ့ဟာတွေကို သူတို့ Possible solution တွေဘာရှိသလဲ။ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်းစဉ်တွေ ဘာရှိသလဲဆိုတာကို စနစ်တကျ လုပ်ပြီးတော့ အခုကတည်းကနေ လုပ်ရမှာ၊ အခုက ဒါမလုပ်ဘူးဆိုရင်တော့ လာမယ့် အချိန်မှာလည်း ဒီအတိုင်းပဲဆက်သွားမှာပဲ အဓိကကတော့ ကျွန်တော်အနေနဲ့ မြင်တာကတော့ သူတို့ needs assessment လုပ်သင့်တယ်”