“ဒီအစိုးရကို သဘောက်ပေါက်နားလည်တဲ့ပြည်သူက ပိုများလို့ ကျမတို့ မဲအပြတ်အသတ်နဲ့ နိုင်ခဲ့တာ”

“ဒီအစိုးရကို သဘောက်ပေါက်နားလည်တဲ့ပြည်သူက ပိုများလို့ ကျမတို့ မဲအပြတ်အသတ်နဲ့ နိုင်ခဲ့တာ”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးနှင့်အင်တာဗျူး

ရွေးကောက်ပွဲတွင် တပြည်လုံး၌ နေရာပေါင်း ၁၁၁၇ နေရာရှိသည့်အနက် NLDက နေရာ ၉၂၀ကို သိမ်းပိုက်နိုင်ခဲ့ သည်။ ထို့အထဲတွင် စစ်ကိုင်တိုင်းဒသကြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ အဆိုပါမဲဆန္ဒနယ်တွင် ရွေးကောက်ပွဲမတိုင်မီကပင် အနိုင်ရရန်ရေပန်းစားနေသည့် အတိုင်း NLD မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ဒေါ်ရှားမီးကပင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းမဲဆန္ဒနယ်တွင် ရွေးကောက်ပွဲကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပြည်သူများအတွက် ပထမဆုံး အကောင်အထည်ဖော်မည့် ကဏ္ဍများနှင့် မဲဆန္ဒရှင်ပြည်သူများ၏ အခက်အခဲကို မည်သို့မည်ပုံဖြေရှင်ပေးမလဲဆိုသည်များနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူအားယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - စည်းရုံးရေးကာလမှာ ဘာတွေအခက်ခဲရှိခဲ့လဲ။

ဖြေ - စည်းရုံးရေး ကာလကို ရက်ပေါင်း ခြောက်ဆယ် သက်မှတ်တယ်။ ဒီရက်ပေါင်းခြောက်ဆယ်ကို စည်းရုံးရေး မဆင်းနိုင်ခဲ့ဘူး။ ၂၃ ရက်လောက်က မဲဆန္ဒရှင် ပြည်သူတွေဆီ မရောက်လိုက်ရဘဲ အိမ်မှာ Stay at Home နေလိုက်ရတယ် ။ မဲဆွယ်သွားတဲ့ အခါမှာလည်း ၂၀၁၅ နဲ့ မတူတော့ဘဲ ယဉ်ပြိုင်မဲ့ပါတီ များလာတယ်။ လူမျိုးရေး ဘာသာရေးနဲ့ ပက်သက်ပြီး ၂၀၁၅ တုန်းကထက် ကြုံလာရတယ်  စိန်ခေါ်မှုတွေ ပိုများလာတယ်။

မေး - ရွေးကောက်ပွဲတုန်းက အဓိကပြိုင်ဖက် ပါတီတွေက ဘယ်ပါတီတွေဖြစ်ခဲ့လဲ။

ဖြေ - အကောင်းဆုံး ယဉ်ပြိုင်ဖက် ပါတီတွေကတော့ ကြံ့ခိုင်ရေးပါတီနဲ့ ချင်းအမျိုးသား ဒီမိုကရေစီ ပါတီတွေဖြစ်တယ်။

မေး - NLD ပါတီက ရွေးကောက်ပွဲ ကတိကဝတ်တွေကို  မဖြည့်စွက်နိုင်ခဲ့ဘူးလို့ ပြောတာတွေရှိတယ်။ တိုင်းရင်းသား ဒေသမှာ တိုင်းရင်းသားပါတီတွေ နိုင်ရနိုင်ခြေ ရှိတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ NLD ပါတီကနေ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့အပေါ် သုံးသပ်ပေးပါ။

ဖြေ - လက်ရှိအစိုးရရဲ့ တာဝန်ခံမှု ရာခိုင်နှုန်း အပိုင်းကို သေချာနားမလည်လို့ဖြစ်မယ် နောက်ပြီး နားလည်ရဲ့သားနဲ့ တမင် အစိုးရကို တိုက်ခိုက်ချင်တဲ့ စိတ်ဓာက်ကနေ ပါလာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့  ဒီပါတီနဲ့ ဒီအစိုးရကို သဘောက်ပေါက် နားလည်တဲ့ ပြည်သူက ပိုများလို့ ကျမတို့ မဲအပြတ်အသတ်နဲ့ နိုင်ခဲ့တာဖြစ်တယ်။

မေး -အခုလို အနိုင်ရရှိတာ  ကိုယ်စားလှယ်တစ်ဦးခြင်း အနေနဲ့ရော သက်ဆိုင်မလား ဆရာမ။

ဖြေ - တစ်ဦးခြင်းနဲ့လည်း ဆိုင်ပါတယ်။ နောက်ပြီး ပါတီဗဟိုကလည်း ဒါကို သေသေချာချာ စီစစ်ပြီးတော့ ပါတီအပေါ်မှာ သစ္စာ ရှိမရှိ၊ နောက်ပြီး ပြည်သူလူထု လက်ခံမခံကို ပါတီ ဗဟိုကနေ သေချာ လေ့လာပြီးမှ ဆောင်ရွက်တာဖြစ်တဲ့အတွက် ကျွန်မတို့လုပ်ရပ်အပေါ်မှာ အများကြီး မူတည်တယ်။

မေး - ပြည်သူလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကို တတ်ရမဲ့ ကိုယ်စားလှယ် လောင်းတစ်ယောက်အနေနဲ့ ဖက်ဒရယ် အရေးနဲ့ပက်သက်ပြီး ဘယ်လောက်ထိ လုပ်နိုင်မလဲ ယူဆလဲ။

ဖြေ - ပြည်ထောင်စုလွှတ်တော် ဆိုတာ ဥပဒေ ပြုပြင်ရေးမှာ ထိပ်ဆုံးမှာရှိတယ်ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့လည်း ပူးပေါင်းကော်မတီဖွဲ့ထားတယ်။ ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်လာတဲ့အခါမှာ ပြီးခဲ့တဲ့ နှစ်ကြိမ်မှာလည်း ဆွေးနွေးခဲ့တယ်။ ဖက်ဒယ်ရယ် အရေးနဲ့ပက်သက်ပြီး ၂၁ ရာစု ပင်လုံညီလာခံမှာလည်း ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တတ်ရောက်ဆွေးနွေးခဲ့တယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပက်သက်ပြီးတော့လည်း အလေးမထားလို့မရဘူး ကိုယ်စားပြုတာဝန်ကို ထမ်းဆောင်ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဒီမိုကရေစီ ပြည်ထောင်စုရရှိရေး ဆွေးနွေးနိုင်တဲ့ အခန်းဏ္ဍာရောက်တဲ့ အခါမှာလည်း အကောင်းဆုံး ဆွေးနွေးတယ်။ မေးခွန်းတဲ့ အခါမှာလည်း အဆိုထောက်ခံတဲ့အခါမှာလည်း ဒီမိုကရေစီ ရမှဘဲ ကျွန်မတို့ ပြည်ထောင်စု ရလိမ့်မယ်လို့ အမြဲတမ်းထည့် ဆွေးနွေးတယ်။

မေး - NLDက ကိုယ်စားလှယ် တွေအဆိုတင်သွင်းတို့၊ မေးခွန်းမေးတာတို့ကို ကြားထဲမှာ စီစစ်တာမျိုးတွေ ရှိတော့ ဒီဟာက  လွှတ်တော်အတွင်းဆောင်ရွက်ချက်တွေမှာ   အခက်ခဲ ရှိလာနိုင်လား။

ဖြေ - ကျွန်မတို့ ပါတီက အဲလိုထိန်းချုပ်တာမျိုးမရှိဘူး။ ကိုယ့်ရဲ့မေးခွန်းကိုတော့ ရှင်းပြရတယ်။ ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေထဲမှာလည်း ပါတယ်။ ဘာသာရေးတိုက်ခိုက်တာတို့ ပုဂ္ဂိုလ်တစ်ဦးချင်းကို တိုက်ခိုက်တာတို့၊ ဥပဒေနဲ့ လွတ်ကင်းရဲ့လား ဆိုတာကိုဘဲ ပါတီက စီစစ်တာဘဲရှိတယ်။ ကျွန်မ မေးခွန်း ၂၁ ခုမေးခဲ့တယ်။ တစ်ခုမှ အဖြုတ်မခံရဘူး။ ပါတီက ထိန်းချုပ်တာမျိုးမရှိပါဘူး။

မေး - မဲဆန္ဒရှင် ပြည်သူကို ဘာပြောချင်လဲ။

ဖြေ - ကလေးမြို့နယ် တစ်မြို့နယ်လုံးနဲ့ သက်ဆိုင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ကလေးမြို့နယ်မှာရှိတဲ့ မဲဆန္ဒရှင်တွေ အားလုံးရဲ့ နိုင်ငံရေး အသိတရားကြောင့် ဆုံးဖြက်ချက် ခိုင်ခိုင်မာမာ ချနိုင်ခဲ့ပြီး မဲနိုင်လို့ ကိုယ်စားလှယ် တစ်ကြိမ်ပြန်ပြီး ရွေးချယ်ခံရတဲ့ပေါ် အထူးလေးလေးနက်နက် ကျေးဇူးတင်ရှိပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...