အမည်ဝိသေသအမှတ်သညာ မှားယွင်းမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် နော်စူစဲန်နာလှလှစိုးနှင့် မေးမြန်းခြင်း

အမည်ဝိသေသအမှတ်သညာ မှားယွင်းမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် နော်စူစဲန်နာလှလှစိုးနှင့် မေးမြန်းခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားလူမျိုးများ၏ မဲဆန္ဒရှင်စာရင်းတွင် ကရင်လူမျိုးတို့၏ အမည်ဝိသေသ အမှတ်သညာများ မှားယွင်းနေမှုများအပေါ် ပြန်လည်ပြင်ဆင်နိုင်ရေး တိုက်တွန်းနှိုးဆော်မှုများအပြင် ကရင်လူမျိုးတို့၏ အမည်ဝိသေသအမှတ်သညာအရေးပါပုံအကြောင်းအရာများကို လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်းရင်း သားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် နော်စူစဲန်နာလှလှစိုးအား မေးမြန်းထားခြင်းဖြစ် သည်။

မေး ။ ။ မဲဆန္ဒရှင်စာရင်းကပ်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ကရင်လူမျိုးတွေရဲ့မဲစာရင်းမှာ အမည်ဝိသေသ အမှတ်သညာတွေ မှားယွင်းမှုတွေရှိနေတယ်လို့သိရတဲ့အပေါ်မှာ ဘယ်လို မှားယွင်းမှုတွေ ရှိနေပါလဲ။

အန်တီက ကရင်ရေးရာဝန်ကြီးပြိုင်မယ့်သူဆိုတော့ ကရင်မဲစာရင်းတွေ သွားကြည့်ရတာပေါ့။ သွားကြည့်တဲ့အ ခါမှာ အရင်ဆုံးတော့ ကိုယ့်နာမည်ပေါ့နော်။ ကိုယ့်နာမည်က နော်စူစန်နာလှလှစိုးမှာ “ဒေါ်နော်စူစဲန်နာလှ လှစိုး” ဆိုပြီးပါ နေတယ်လေ။ မိသားစုအလိုက်ကပ်ထားတော့ မိသားစုနာမည်တွေလည်း အဲဒီလိုဖြစ်နေတယ်။ ဆရာမမောင်လေးရဲ့နာ မည်ဆိုလို့ရှိရင် မှတ်ပုံတင်မှာ “စော “ပါတယ်။ ဒါပေမယ့်“စော” ကပြုတ်သွားပြီးလုံးဝမပါတော့ပဲနဲ့ “ ဦး ” ဖြစ်နေတယ်။ ဒါကတော့ အရင်ဆုံးကြုံရတဲ့ ကိုယ့်အတွေ့အကြုံပေါ့နော်။

နောက်ပြီး ဖုန်းနဲ့ရော မက်ဆင်ဂျာနဲ့ရော ကိုယ့်ကရင်တွေက လှမ်းပြီးအကြောင်းကြားတယ်။ ကျမတို့နာမည်ရှေ့က “ စော၊ စ၊ နန့်၊ နော်၊ နန်း၊ မန်း တို့မပါဘဲနဲ့ အဲလိုဖြစ်နေတယ်ဆိုပြီး ပြောလာတာတွေ အရမ်းများလာတယ်။ နောက်ပြီးတော့ လည်း တကယ်လည်းဟုတ်တယ်။ ကြည့်လိုက်တော့ “ဦး”တွေ “ဒေါ်”တွေဖြစ်နေတယ်။ အောက်ခြေမှာလည်း ဝေေ၀ဝါး ဝါးနဲ့။ အဲဒီ “ဦး၊ ဒေါ်”တွေကတဲ့ မတပ်ဖို့ ညွန်ကြားထားတယ်။ ညွန်ကြားထားပေမယ့် အဲဒီ “ဦး၊ ဒေါ်” တွေက အကုန်လုံး ပါနေတယ်။ ဘယ်လို လုပ်ကြမလဲ။ ဒါပေမယ့် အဖြေက မရှိဘူး။ ကွန်ပြူတာကပဲမှားသလိုလို System ကပဲ မှားသလိုလို အဲလိုဖြစ်နေ တယ်။ အဲဒီတော့ အဲဒီအခြေအနေတွေကို အန်တီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီစာရေးလိုက် တယ်လေ။ သူတို့ကလည်း ဖုန်းဆက်ပြီးတော့ ဆောင်ရွက်ပေးမယ်ပေါ့။

နောက်တော့ အခုစာကထွက်လာပြီလေ။ အန်တီအနေနဲ့ကတော့ ပြောရမယ်ဆို တစ်နိုင်ငံလုံးအနေနဲ့ တောင်းဆိုပေးလို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်တီကလောဆယ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တယ်။ နောက်ပြီး ရန်ကုန်တိုင်းကရင်ရေးရာဝင်ပြိုင်မှာဆိုတော့ ရန်ကုန်တိုင်းအတွက်ပဲ အန်တီကတောင်းဆိုပေးလို့ရတယ်။ ဒါပေမယ့်လည်း အန်တီထင်တယ် တခြား ဧရာဝတီတိုင်းတို့၊ ဘာတို့ စတဲ့ ကရင်ရေးရာရှိတဲ့နေရာတွေမှာလည်းပဲ အဲဒီမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကရင်ရေးရာပြိုင်မယ့် လူတွေကနေပြီးတော့ စီစဉ်တောင်းဆိုပေးမယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ယူဆ တယ်လေ။

အန်တီကတော့ အောက်တိုဘာ မဲစာရင်းကပ်လို့ရှိရင်တော့ ကြားထဲမှာလည်းပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဖို့ရှိတယ်။ ရန်ကုန်တိုင်းကော်မရှင်နဲ့လည်း တွေ့ဖို့ရှိတယ်။ အဲဒါလေးတွေကို အဆင်ပြေအောင်ပေါ့နော်၊ ဆက်ပြီးပူး ပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်။

မေး ။ ။ ကရင်လူမျိုးတွေရဲ့ နာမည်ရှေ့က ထည့်သွင်းရေးသားခေါ်ဝေါ်နေကျ အမည်ဝိသေသအမှတ်သညာတွေကရော ကရင်လူမျိုးတွေအတွက် ဘယ်လောက်ထိအရေးကြီး၊ အရေးပါတယ်လို့ယူဆပါလဲ။

အဲဒါက အရမ်းအရေးကြီးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စော၊ စ၊ နန့်၊ နန်း၊ နော်၊ မန်းဆိုပြီးတွေ့လိုက်တာနဲ့ဒါက ဘာလူမျိုးလဲ သိနိုင်တယ်။ ကျား၊ မ လည်းတစ်ခါတည်းခွဲထားပြီးသား ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ တစ်ချို့ကလည်း နည်းနည်းဆင်ခြေတက်ချင်တာက ဦးဒေါ်တပ်မှ ကျား၊ မ သိမှာပေါ့။ အဲဒီလိုမဟုတ်ဘူး၊ အန်တီတို့က တိုင်းရင်းသား ပေါင်းစုံရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေက ဒါကို တန်ဖိုးထားတယ်။ သူတို့ကိုဘယ်လိုခေါ်စေချင်လဲ။ ဥပမာ အန်တီတို့ဆိုလည်းကြည့်တာပဲ။ ဆလိုင်းလို့ပါတာနဲ့ ချင်းလူမျိုးမှန်း ယောက်ျားလေးမှန်းသိတာပဲလေ။ အဲဒါကိုလေ့ လာရမယ်။ ကိုယ့်ယဉ်ကျေးမှုကို လေးစားသလို သူများယဉ်ကျေးမှုကိုလည်း လေးစားရမယ်။ အဲဒါကြောင့် ဒီလိုမျိုး ကရင် တိုင်းရင်းသားနာမည်တွေက အမည်သညာတပ်ပြီးခေါ်ဝေါ်သုံးစွဲတာတွေက အရေးကြီးတဲ့အထဲမှာပါတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ဒီလိုမျိုး မဲဆန္ဒရှင်စာရင်းမှာ ကရင်လူမျိုးအမည်ဝိသေသအမှတ်သညာတွေ မှားယွင်းမှုတွေရှိနေတဲ့ အပေါ် ကိုယ့်ရဲ့မဲဆန္ဒရှင် ကရင်ပြည်သူတွေအနေနဲ့ ဘယ်လိုလုပ် ဆောင်သင့်လဲဆိုတာကို အကြံပြုတိုက်တွန်းချင်ပါလဲ။

အန်တီအနေနဲ့တိုက်တွန်းချင်တာကတော့ အခုလိုဖြစ်နေတာတွေကို ဘာလိုသိရလဲဆိုတော့ မဲစာရင်းသွားကြည့်လို့ သိရတာလေ။ မဲစာရင်းမကြည့်ဘဲ ကိုယ့်အိမ်မှာ ကိုယ်နေရင်တော့ မှားနေတာတွေကို မသိနိုင်ဘူးလေ။ အဲဒါကြောင့် အန်တီအနေနဲ့ မဲစာရင်းကို သွားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ အခုဆိုရင် အောက်တိုဘာမှာ နောက်တစ်ခေါက် ထပ်အုံးမယ်။ အဲဒီမှာလည်း ပြင်လို့ရသေးတယ်။ မပါလို့ရှိရင်လည်း ပုံစံ (၃)နဲ့ ထပ်ပြင်လို့ရသေးတယ်။ နောက်ပြီးကိုယ်က ကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့် မဲစာရင်းကိုတော့ ၂ ခုကြည့်ရမယ်။ ဒီ Main မဲစာရင်းမှာကြည့်ရမှာဖြစ်သလို တိုင်းရင်းသားမဲစာရင်းမှာလည်း ကြည့်ရမယ်။ Main မှာ ကိုယ့်နာမည်ပါလို့ ဟာ..ဒါငါတို့မဲပေးလို့ရပြီဆိုပြီးတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ တဖက်မှာလည်း ကိုယ်က တိုင်းရင်းသားဖြစ်တဲ့အတွက် တိုင်းရင်းသားအခွင့်အရေးရှိတယ်။

ကိုယ့်လူမျိုးအတွက် လုပ်ဆောင်ပေးမယ့် တိုင်းရင်းသားရေးရာဝန်ကြီးအတွက်လည်း မဲထည့်ရမှာဖြစ်တဲ့အတွက် အဲဒီစာရင်းကိုလည်းကြည့်ရမှာ ဖြစ်ပါတယ်။ ပြောချင်တာက မဲစာရင်း ၂ မျိုးစလုံးကြည့်ရမယ်။ ရန်ကုန်မှာဆိုရင်တော့ ကရင်တိုင်းရင်းသားရေးရာနဲ့ရခိုင်းတိုင်းရင်းသားရေးရာပေါ့နော်။ အန်တီကိုယ်တိုင်ကလည်း တိုက်တွန်းတယ်။ ဖေ့ဘွတ် ကနေလည်း မဲစာရင်းတွေ သွားကြည့်ကြဖို့တိုက်တွန်းနေတယ်။ မှားနေတာတွေရှိလည်း ပြောကြပါပေါ့။ မကြည့်အားလို့ရှိရင်လည်းဘဲ ကျမတို့သွားကြည့်ပေးမယ်လို့ ပြောတဲ့အခါကျတော့ တော်တော်လေး တက်တက်ကြွကြွနဲ့ ပါဝင်လာတာ တွေ့ရတယ်။ ဖုန်းနဲ့မက်ဆင်ဂျာတွေကနေတစ်ဆင့် ပြောလာပေးရင်လည်း အန်တီကိုယ်တိုင် သွားဆင်းကြည့်ပေးတယ်။ စေတနာ့ဝန်းထမ်းတွေကနေလည်း ကြည့်ပေးတယ်။

နောက်တစ်ခုက အရေးကြီးတဲ့အထဲက တစ်ခုက ကရင်တိုင်းရင်းသားဖြစ်ပြီးတော့ “မှတ်ပုံတင်”မှာကျတော့ “ကရင်”မဟုတ်ဘဲ “ဗမာ” ဆိုပြီးဖြစ်နေတာတွေလည်း တွေ့ရတယ်။ အန်တီကွင်းဆင်းကြည့်လိုက်တဲ့အခါ တစ်ချို့ကရင်ပြည်သူတွေက လာပြီးတောင်းဆိုတယ်။ အမေ ကရင်၊ အဖေ ကရင်ဖြစ်သော်လည်းဘဲ မှတ်ပုံတင် ပျောက်လို့ပြန်လျှောက်ပြီး ပြန်ရလာတဲ့မှတ်ပုံတင်မှာ ဗမာ ဆိုပြီးပြန်ထွက်လာတယ်။ အဲဒီတော့ သူတို့တွေက ဖြစ်တဲ့ချက်ချင်းပြောပေမယ့် အဆင်မပြေဘူးဆိုပြီး ပြန်ပြောလာတာတွေရှိတယ်။ အဲဒီလိုမျိုးတွေဆိုလည်း အန်တီကိုယ်တိုင် ဦးဆောင်ပြီး ဆင်းလုပ်ပေးတယ်။ ပြင်ပေးတယ်၊ လဝကမှာလေ။ အဲဒါလေးတွေလည်း အောင်မြင်မှုတွေရှိတယ်။

နောက်တစ်ခုကတော့ ကရင်ပြည်သူတွေ ဝေေ၀ပါးဝါးဖြစ်နေတာတစ်ခုရှိသေးတယ်။ ပြောရမယ်ဆိုရင် ကရင် တစ်ဝက်ပါ သူတွေပေါ့။ အဖေ သို့မဟုတ် အမေပေါ့။ သူတို့လည်း ကရင်ဝန်ကြီးအတွက်ကို မဲပေးပိုင်ခွင့်ရှိတယ်။ အဲဒါကိုလည်း ကရင်ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့်သိရမယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း အဲဒါကိုကျယ် ကျယ်ပြန့်ပြန့် အသိပညာပေးရမယ်လို့ ကျမထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က ကရင်တစ်ဝက်ပါတယ်။ ဒါပေမယ့် လို့ စာရင်းပါမပါမသိဘူးပေါ့။ မဲပေးခွင့်ရမှန်းလည်း မသိကြဘူးပေါ့။ အဲဒီလူတွေကိုလည်း မဲပေးဖို့အတွက် စာရင်းမှာကြည့် ဖို့အတွက် ကျမတို့က တိုက်တွန်းရမယ်။

မေး။ ။ ရွေးကောက်ပွဲကော်မရှင်ကလည်း ဒီလိုအမည်ဝိသေသအမှတ်သညာတွေနဲ့ပတ်သက်ပြီး ပြင်ဆင်မယ်ဆို ထပ်တိုးအချိန်သတ်မှတ်ချက်က မဲစာရင်းကပ်တဲ့အချိန်တွင်းဖြစ်တဲ့ သြဂုတ်လ ၁၄ ရက်အထိဆိုတော့ အဲဒီရက်ထက်ကျော်ရင်ရော ဒီလိုပြင်ဆင်တာတွေ လုပ်ဆောင်ခွင့်ရှိပါသေးလား။

အဲဒါကတော့ ပထမက ၈ ရက်နေ့ကနေ နောက်တစ်ပတ်ထပ်တိုးလိုက်တဲ့ သြဂုတ်လ ၁၄ ရက်အထိပေါ့။ ပြင်ဖို့ပြုဖို့က အဲဒါကတော့ပြီးသွားပြီပေါ့နော်။ ဒါပေမယ့် အောက်တိုဘာမှာလည်း သူတို့တွေ နောက်တစ်ခါ မဲစာရင်းပြန်ကပ်အုံးမယ်။ အဲဒီမှာလည်းထပ်ပြင်လို့ရသေးတယ်။ ဒါပေမယ့် အန်တီကတော့ အားပေးချင်တာက အခုပြင်ထားတဲ့သူတွေလည်း အောက်တိုဘာလ ထပ်ပြီးကပ်တဲ့အချိန်မှာ ကိုယ့်နာမည် မှန်မမှန်သွားကြည့်အုံး။ မမှန်လို့ရှိရင်လည်း ထပ်ပြီး Complain လုပ်လို့ရသေးတယ်။ ပြန်ပြင်လို့ရသေး တယ်ပေါ့။ ဟာ.. ငါပြင်ပြီးပြီဆိုပြီး အဲလိုမျိုးမနေကြဖို့ပေါ့။ အခုမဲစာရင်းမကြည့်ရ သေးတဲ့သူတွေကလည်း အောက်တိုဘာလမှာ ထပ်ပြီးသွားကြည့်ဖို့ အခွင့်အရေးရှိသေးတယ်။ နောက်ဆုံးအကြိမ် မဲပေးခါနီးမှ စာရင်းကပ်လို့ရှိရင်တော့ အဲဒါတော့ ပြင်ဆင်ခွင့်မရှိတော့ဘူးပေါ့။

မေး။ ။ ဆရာမအနေနဲ့ ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။

ရွေးကောက်ပွဲက ၂ လလောက်ပဲလိုတော့တာပေါ့နော်။ ကျမကတော့ ကရင်အပါအဝင် တိုင်းရင်းသားပြည်သူတွေကို မဲပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ အသက်သွေးကြောပဲလေ။ ကိုယ့်ကြိုက်တဲ့ သူကိုမဲပေးပိုင်ခွင့်ရှိတယ်။ တကယ်လို့ ဒီလူကိုမကြိုက်ဘူးဆိုလည်း ကြိုက်တဲ့သူကို မဲပေးပိုင်ခွင့်ရှိတယ်။ အသဲကြားက မဲတစ်ပြားပေါ့။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှန်ကန်ဖို့လည်း အရေးကြီးတယ်။ အဲဒါကြောင့်မို့လို့ မဲစာရင်းကြည့်တာတို့ မဲစာရင်းစစ်တာတို့ အဲဒါတွေ လုပ်ပြီးတော့ မဲပေးကြပါ။ နောက်ပြီးတော့ ရန်ကုန်မှာဆိုလည်း ကရင်ပြည်သူတွေအနေနဲ့က ကိုယ့်အတွက် ရပ်တည်ပေးမယ့်သူ၊ လုပ်နိုင်ကိုင်နိုင်တဲ့သူကိုပေါ့။ အဲဒါကိုလည်း သေချာရွေးချယ်ပြီး မဲပေးကြပါလို့ ပြောချင်ပါတယ်။

July 6, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့်...
July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...