အခြေခံလူတန်းစားအိမ်ထောင်စု ငါးသန်းလေးသိန်းကျော်ကို ငွေကျပ်နှစ်သောင်းထောက်ပံ့သွားမည်

အခြေခံလူတန်းစားအိမ်ထောင်စု ငါးသန်းလေးသိန်းကျော်ကို ငွေကျပ်နှစ်သောင်းထောက်ပံ့သွားမည်

အခြေခံလူတန်းစားအိမ်ထောင်စု ငါးသန်လေးသိန်းကျော်အတွက် ဒုတိယအကြိမ် ငွေကျပ်နှစ်သောင်း ထောက်ပံ့မှုကို လာမည့် တစ်ပတ်၊နှစ်ပတ်အတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဇွန်လ ၁၉ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စားသောက်ကုန် ငါးမျိုးဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ဆား စသည်တို့ကို အိမ်ထောင်စု လေးသန်းကျော်ကို ပထမအကြိမ်ထောက်ပံ့ပေးခဲ့ပြီး ၎င်းပထမအကြိမ်ထောက်ပံ့မှုမှ ကျန်ရှိသည့် အိမ်ထောင်စု ပေါင်း တစ်သန်းလေးသိန်းကျော်ကိုမူ ငွေကျပ် ၁၅၀၀၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပထမအကြိမ်မှာတော့ စားနပ်ရိက္ခာတွေဝယ်ယူပြီးဖြန့်ဝေတဲ့အခါမှာအောက်ခြေမှာ အမျိုးမျိုးဝေဖန်ပြောဆိုမှု တွေရှိတယ်ပေါ့.တစ်ချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ရိက္ခာ(၅)မျိုးမှာ လျော့နည်းတာတွေရှိတယ်ဆိုတဲ့ ပြဿနာတွေတွေ့ရတယ်ပေါ့။ တစ်ချို့လည်း စားနပ်ရိက္ခာတွေကို စုပုံပြီးဖြန့် ဝေတဲ့အခါမှာ Logistic ပိုင်းဆိုင်ရာ အခက်အခဲတွေရှိတယ်ဆိုတော့ အဲ့တော့ ကာယကံရှင်မိသားစုတွေ လက်ထဲကို ငွေပေးတာက ပိုပြီး ထိရောက် မလားဆိုတဲ့စဉ်းစားချက်တွေနဲ့ လူကြီးတွေက ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုတွေကို ကျပ် ၁၅၀၀၀ ပေးဖို့ ဆောင်ရွက်ခိုင်းထားပြီးဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် ပုဗ္ဗသီရိ၊ မိတ္ထီလာ၊ကလော မြို့နယ် သုံးမြို့နယ်ကိုမူ ငွေကျပ် ၂၀၀၀၀ စီထောက်ပံ့မည်ဖြစ်ပြီး Mobile Payment စနစ်ဖြင့် စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့်ကျန်ရှိသည့် ဒေသမှအခြေခံလူတန်းစားများ အတွက်ကို အုပ်ချုပ်ရေးယန္တရားမှတဆင့် ဖြန့်ဝေသည့်နည်းဖြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဲ့လိုထောက်ပံ့ရာမှာ ပိုင်းလော့ပရောဂျက်အနေနဲ့ ပုဗ္ဗသီရိ၊ မိတ္ထီလာ၊ကလော ဒီသုံးမြို့နယ်ကို တော့ mobile payment နဲ့ စမ်းသပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ထပ်ပြီးတော့ အခြေအနေအပေါ် မူတည်ပြီး လူကြီးတွေကသုံးသပ်ပြီး အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့မှုတွေလည်း စဉ်းစားထားတာ ရှိပါတယ်” ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးရန်လုပ်ဆောင်မှုတွင် နယ်ပယ်ကိုးခုမှ အခြေခံလူတန်းစားများအပြင် အိမ်ထောင်စုဇယားနှင့်နေထိုင်သည့် မိသားစု၊ အိမ်ထောင်စုဇယားမရှိပဲနေထိုင်သည့် မိသားစု၊ ကျူးကျော်နေထိုင် သည့်  မိသားစုနှင့်ရွှေ့ပြောင်းလုပ်သားမိသားစုများကိုလည်း  စာရင်းကောက်ယူနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့်  ဧပြီလအတွင်းက ယင်းသို့ထောက်ပံ့မှုများလုပ်ဆောင်ရန် စာရင်းဇယားကောက်ယူရာတွင် စံနှုန်း သတ်မှတ်ချက်များအပေါ် အငြင်းပွားမှုများဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ အဆင်ပြေမှုရှိစေရန် အချိန်ယူဆောင် ရွက်နေကြောင်းနှင့် စီးပွားရေးကော်မတီနှင့် Cabinet ၏ ခွင့်ပြုချက်ကို ရရှိရန် တင်ပြသွားမှာဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

Most read this week

September 6, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့အဝင် ကျန်ဂပ်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာလ ၆ ရက်)...
September 2, 2024
သံဖြူဇရပ်- ဘုရားသုံးဆူ ကားလမ်းဘေးရှိ စစ်ကောင်စီ၏ အနန်းကွင်း ဗျူဟာစခန်းအနီး...
August 30, 2024
နောင်ချိုမြို့နယ်၏ အရှေ့တောင်ဘက်ရှိ တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်စခန်းများဖြစ်သော အမတ (...
August 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ စော်ဘွားရေရှင်ကျေးရွာ၌ ယာယီဖွင့်လှစ်ထားသည့်...