အောက်ခြေပြည်သူတွေရဲ့အသံကိုလည်း နားထောင်ပေးပါ

အောက်ခြေပြည်သူတွေရဲ့အသံကိုလည်း နားထောင်ပေးပါ

ဇန်နဝါရီလ ကယားပြည်နယ်နေ့ပွဲတော်အတွင်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကယားပြည်နယ်သို့လာရောက်ခဲ့စဉ်က လူထုအသံကို နားထောင်သွားသင့်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ကယားပြည်နယ်သို့လာရောက်သည့်ခရီးစဉ်မှာ ပြည်သူလူထုအခက်အခဲတွေ တင်ပြခွင့်မရခဲ့တဲ့အတွက် တချို့မှာတော့ စာလက်ခံဌာနကိုသာပဲ ပေးအပ်ခဲ့လိုက်ရပါတယ်။

အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရာစီရင်ရေးမဏ္ဍိုင် သုံးရပ်မှ အကြီးအကဲများနှင့် တွေ့ဆုံပြီး ဝန်ကြီးချူပ်၊ လွှတ်တော် ဥက္ကဌ ၊ တရားသူကြီးချူပ် တို့ကသာ  ၎င်းတို့၏ လုပ်ငန်း လိုအပ်ချက်များကိုသာ တင်ပြခွင့်ရခဲ့ကြပါတယ်။

သမ္မတခရီးစဉ်မှာတော့ ကယားပြည်နယ်နေ့အခန်းအနား၌ မိန့်ခွန်းပြောကြားတာတွေ ညစာတည်ခင်းတာတွေ ပြည်နယ်၏ အထင်ကရဖြစ်သည့် ဒီးမောဆို မြို့နယ်၊ ပန်ပက်ကျေးရွာရှိ တိုင်းရင်းသား ရိုးရာ အရောင်းဆိုင်၊ ငွေတောင်ဆည်၊ လောပိတရေအားလျှပ်စစ်စက်ရုံ၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ တောင်ကွဲ စေတီနှင့် သမိုင်းဝင် မြို့နာမ်စေတီ စတဲ့ခရီးစဉ်တွေနဲ့ အချိန်ကုန်လွန်ခဲ့ရပါတယ်။

သမ္မတမလာခင် လွှတ်တော်ကိုယ်စားလှယ်တွေထဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူနဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ တိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ မူပေါ်လစီတချို့ကို အလွတ်သဘော ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

အဓိကတော့ သမ္မတခရီးစဉ်အတွင်းမှာ လူထုအစား လွှတ်တော်ကိုယ်စားလှယ်က တင်ပြဆွေးနွေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီအလွတ်သဘောဆွေးနွေးချက်မှာဆိုရင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ပတ်သက်ပြီး တိုင်းရင်းသား အတွက် ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေ အများဆုံးဖြစ်ပါတယ်။ ဒါတွေကို တင်ပြနိုင်ဖို့ စီစဉ်ထားခဲ့ကြပါတယ်။

လက်ရှိမြေလွတ်မြေလပ်မြေရိုင်းဥပဒေကို လူထုတွေ သိထိုက်သိသင့်တယ်ဆိုလို့ အရပ်ဖက်အဖွဲ့အစည်းတချို့တွေကတော့ လူထုတွေကို အသိပေးချပြပေးတာတွေတော့လုပ်နေတာရှိပါတယ်။ ဒီဥပဒေဟာ မတ်လ ၁၁ ရက်နေ့ကျရင် အသက်ဝင်တော့မှာ ဆိုတော့ အရေးတကြီးဆောင်ရွက်ဖို့လိုပါတယ်။

ဥပဒေထဲမှာ လူထုမသိသေးတဲ့ ကျူးကျော်အဖြစ်ထောင်ကျသွားနိုင်တဲ့အခြေအနေရှိနေတာတွေအများကြီးရှိနေပါတယ်။ ဒီလိုထုတ်ပြန်ထားတာတွေ ဘယ်ဌာနဆိုင်ရာမှလည်းမချပြပေးဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်းမချပြပေးပါဘူး။

မြေလွတ်၊ မြေလပ်၊မြေရိုင်းဥပဒေဟာ တိုင်းရင်းသားအတွက် ဘယ်လိုတွေနစ်နာလဲဆိုတာတွေကို ဥပဒေကြမ်းအတည်မပြုခင်ကတည်းက တနိုင်ငံလုံးရှိအရပ်ဖက်အဖွဲ့အစည်းတွေက တပြိုင်နက် ပြည်ထောင်စုအစိုးရကို  စာပေပို့ထားပြီးဖြစ်ပေမယ့်လို့ အစိုးရကော ၊ လွှတ်တော်ကော စာလက်ခံမရခဲ့တာလား၊ နားမထောင်တာလားဆိုတာတော့မသိရပါဘူး။

ဒါတွေကို သမ္မတကနေ အမှန်တကယ်သိရှိပြီး ပြည်သူလူထုကို ပြန်လည်ချပြတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ အရေးပေါ်သုံးသပ်ပေးဖို့ အမြန်ဆုံးလုပ်ပေးသင့်ပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...