ထောင်ကျနေသည့် ရိုက်တာသတင်းသမားနှစ်ဦးအတွက် အယူခံတင်

ထောင်ကျနေသည့် ရိုက်တာသတင်းသမားနှစ်ဦးအတွက် အယူခံတင်
by -
မျိုးပြည့်သင်း
(ဓာတ်ပုံ - AFP )
(ဓာတ်ပုံ - AFP )

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောာင်ကျနေသည့် ရိုက်တာသတင်းသမား ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ အတွက် နိုဝင်ဘာ ၅ ရက်နေ့တွင် အယူခံတင်ထားကြောင်း ၄င်းတို့၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

"အများကြီးတော့ပြောစရာတော့မရှိပါဘူး။ ဒီနေ့ [နိုဝင်ဘာ ၅ ရက်နေ့]မနက်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံတင်တယ်ပေါ့ဗျာ" ဟု ဦးသန်းဇော်အောင် က ပြောပြသည်။

အယူခံဝင်ခြင်းကို တရားရုံးမှလက်ခံလိုက်ပါက နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်ပြီး လက်မခံနိုင်ပါကလည်း နှစ်ဖက်လျှောက်လွှဲချက်များ ကြားနာရနိုင်မည်ဟု ၄င်းက ဆက်ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၌ ယင်းတို့နှစ်ဦးသည် ရခိုင်အရေးနှင့်ပတ်သတ်သည့် မောင်တောမြို့နယ် လုံခြံရေးတပ်ဖွဲ့ အစီရင်ခံစာ မိတ္တူ စာရွက်စာတမ်းများရယူခဲ့သည်ဟုဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁)(ဂ) ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့မှထုတ်ပြန်ခဲ့သည်။

အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ထို သတင်းသမားနှစ်ဦးကို နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင် ၇ နှစ်ကျခံရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က အမိန့်ချခဲ့သည်။

Most read this week

September 6, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့အဝင် ကျန်ဂပ်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာလ ၆ ရက်)...
September 2, 2024
သံဖြူဇရပ်- ဘုရားသုံးဆူ ကားလမ်းဘေးရှိ စစ်ကောင်စီ၏ အနန်းကွင်း ဗျူဟာစခန်းအနီး...
August 30, 2024
နောင်ချိုမြို့နယ်၏ အရှေ့တောင်ဘက်ရှိ တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်စခန်းများဖြစ်သော အမတ (...
August 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ စော်ဘွားရေရှင်ကျေးရွာ၌ ယာယီဖွင့်လှစ်ထားသည့်...