မေး>>ပြည်သူ့လွှတ်တော်နေရာအတွက် အဓိက ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ>>>(၂၁)ရာစုပင်လုံမှာလဲ ချင်းပါတီနှိုင်ငံရေးဆိုပြီး ပါဝင်နှိုင်ဖို့။နောက်ပြီးမှ ချင်းဓလေ့ထုံးတမ်းတွေမှာ မြေယာပိုင်ဆိုင်မှုကိစ္စ လင်မယားကွာရှင်းခြင်း ထိမ်းမြားလတ်ထက်ခြင်း ကိစ္စတွေလည်း ဆွေးနွေးဖို့လိုတယ်။ဒေါ်အောင်ဆန်းစုကြည် ကလည်း (၂၁)ပင်လုံမှာ အနှိုင်ရပါတီကိုဘဲ တတ်ရမယ်လို့ ပြောတယ်ဆိုတော့ အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့ အတွက် မဖြစ်မနေလုပ်ရတယ်ပေါ့လေ။
မေး>>တာဝန်ကျမယ့် နှစ်နှစ်ဝန်းကျင် သက်တမ်းမှာ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရမယ် ဆိုရင် ဦးစားပေး လုပ်ဆောင်မယ့်အရာက ဘာတွေဖြစ်မလဲ။
ဖြေ>>>အခုလောလောဆယ် လက်ရှိအစိုးရရဲ့ အားနည်းချက်ရှိတယ် အဲတာကိုလည်း တိုက်ခိုက်ဖို့တိုက်ခံဖို့ မဟုတ်ဘဲနဲ့ ထိန်းညှိဖို့လိုတယ် စီမံခန့်ခွဲမှုအားနည်းတာရယ်၊ အရည်အသွေးရယ် ချင်းပြည်နယ်အစိုးရရဲ့အားနည်းချက်လည်း အများကြီးပါဘဲ အဲတာတွေလည်း ထောက်ပြဝေဖန်ပြီးမှ အဲတာတွေလည်း အပြုသဘောဆောင်တဲ့ အရိပ်တစ်ခုကို ကျွန်တော်တို့နှိုင်ငံ တိုင်းပြည်အရေးကို သွားစေချင်တဲ့ဆန္ဒလည်းရှိတယ်။
မေး>>အခုလွှတ််တော်ကိုယ်စားလှယ် တွေထက် ပိုပြီးစွမ်းဆောင်နှိုင်မယ်လို့ ကိုယ့်ဟာကိုယ် ဘယ်လောက်အထိ ယုံကြည်မှုရှိသလဲ။
ဖြေ>>>လောလောဆယ် ကျွန်တော်ယုံကြည်ထားတာတော့ ခုနှစ်ဆယ်ရာခိုင်နှုန်း လက်ရှိအထိ တော့ယုံကြည်ထားတယ်။
မေး>>အဓိက ယှဉ်ပြိုင်ဖက်က ဘယ်ပါတီကဖြစ်မယ်လို့ ထင်သလဲ။
ဖြေ>>>ကြံံ့ခိုင်ရေးနဲ့ NLDကတော့ တူညီနေတာဘဲ။ ဘယ်ပါတီမှ အားမသာဘူး။
မေး>>ပါတီတွေ အားလုံးက ဘယ်ပါတီမှ အားမသာဘဲ တူညီနေတဲ့အပေါ် ဘယ်လိုသုံးသပ်မိလဲ။
ဖြေ>>>ကြံ့ခိုင်ရေးကတော့ ငါးနှစ်အတွင်းမှာ လုပ်ခဲ့တဲ့ စီမံခန့်ခွဲမှုပိုင်းနဲ့ ပြည်နယ်အစိုးရနဲ့ပြည်ထောင်စု အစိုးရတွေရဲ့ လုပ်ဆောင်ပုံ လူတွေက အရည်အချင်းရှိ တယ် နောက်ပြီးတော့ ကြံ့ခိုင်ရေးက သူရဲ့လက်ထက်မှာ အကတိလိုက်စားတာကလွဲရင် သူ့ရဲ့စီမံခန့်ခွဲတာ အရည်အချင်းအရည်အသွေးရှိတယ် လွှတ်တော်ကိုယ်စားလှယ်တွေရော ဝန်ကြီးချုပ်တွေရော လက်ရှိအစိုးရက ပါတီပုံရိပ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်တွေနဲ့ ကစားနေတယ် ဒါပေမဲ့ အခုအစိုးရက အဂတိလိုက်စားတာတော့ နဲနဲ နည်းတာပေါ့ အရင်အစိုးထက်တော့ နည်းသွားတယ် အခုကပါတီကောင်းတယ် လူအရည်ချင်းမရှိဘူး အဲဒါလေးကွာတယ် ။
မေး>>ကိုယ့်မဲဆန္ဒနယ် တွေအတွက် အဓိက ကတိပေးရဲတဲ့ အချက်တွေကို ပြောပြပေးလို့ရမလာ။
ဖြေ>>>အဓိက ကတိပေးတဲ့ အချက်ကတော့ အဂတိလိုက်စားမှုက ကြံ့ခိုင်ရေးလောက်သာ မလုပ်တာ ကြံ့ခိုင်ရေးက တစ်ရာ ရာခိုင်နှုန်းလုပ်တာ NLDကလည်း ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် လုပ်နေတယ် အဲတာတွေက ပြည်သူ့ ဘဏ္ဍ အလေလွင့်ရှိတဲ့အတွက် အဲတာကြောင့် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ငါးနှစ်လုပ်တဲ့အတွင်းမှာလဲ ကြံ့ခိုင်ရေးပါတီကနေ အကတိလိုက်စားတဲ့ဟာတွေ သိန်းပေါင်းငါးသောင်း ခြောက်သောင်းလောက်ကို ကယ်တင်နှိုင်ခဲ့တာ လူတစ်ဦးတစ်ယောက် မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုရဲ့ တိုင်းပြည်ဘဏ္ဍကို ဖြုန်းတီးရာမရောက်ဘဲနဲ့ အသုံးပြုဖို့အတွက် ကိုကယ်တင်နှိုင်တယ် ကျွန်တော်အနေနဲ့ အခုလည်းဒါတွေကို အဓိကလုပ်သွားမယ်။