ကျနော်တို့ တကယ်လိုချင်တဲ့ ငြိမ်းချမ်းရေးအထိမရသေးအခါကျတော့ အဲ့ဒီပေါ်လစီမှုကိုမပယ်ဖျက်သေးသ၍တော့ ကျနော်တို့ ကောက်မှာပဲ

ကျနော်တို့ တကယ်လိုချင်တဲ့ ငြိမ်းချမ်းရေးအထိမရသေးအခါကျတော့ အဲ့ဒီပေါ်လစီမှုကိုမပယ်ဖျက်သေးသ၍တော့ ကျနော်တို့ ကောက်မှာပဲ
by -
ကန္တရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်အတွင်း KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ကောက်ခံလျှက်ရှိသောအခွန်နှင့် ပတ်သက်၍ ဒေသခံများ မှ ဝေဖန်မှုရှိနေပြီးအခွန်စနစ်နှင့်ပတ်သက်ပြီး KNPP၏ တာဝန်ရှိသူကရင်နီ ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီးခူညေးရယ်အား ကန္တာရဝတီတိုင်း(မ်)မှ အောက်တိုဘာ ၄ ရက်နေ့က KNPP ဆက်ဆံရေးရုံး(လွိုင်ကော်)တွင် သွားရောက်တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ KNPP အနေနဲ့ ကယား(ကရင်နီ)ပြည်နယ်အတွင်းအခွန်နဲ့ ပတ်သက်ပြီးဘယ်လိုတွေကောက်ခံနေသလဲ။

ဖြေ။ ။ ကျနော်တို့မှာကအခွန်က နှစ်မျိုးပေါ့ နှစ်စဉ်ခွန်ဆိုတာရှိတယ်။ နောက်ပြီးတော့မှ စီးပွားခွန်ဆိုတာရှိတယ်။ နှစ်စဉ်ခွန်ဆိုတာကတစ်နှစ်တစ်ခါ ပေးဆောင်ရတဲ့ဟာမျိုးပေါ့။ ဥပမာကျနောတို့ အမျိုးသားခွန်လည်း နှစ်စဉ်အခွန်ထဲမှာပါတယ်ပေါ့။

မေး။ ။ ဘယ်လိုပုံစံမျိုးဘယ်လိုလူမျိုးတွေကိုကောက်ခံတာလဲပေါ့။

ဖြေ။ ။ နှစ်စဉ်အခွန်ဆိုတာကတစ်နှစ်ကိုတစ်အိမ် ဆန်တစ်ပုံးပေါ့။ ဆန်တစ်ပုံးမပေးနိုင်ဘူးဆိုအဲ့ဒီဆန်တစ်ပုံးနဲ့ ညီမျှတဲ့ငွေပေါ့ အဲ့ဒါရှိတယ်။ နောက်ပြီးတော့မှ မုဆိုးမမုဆိုးဖိုတို့ နောက်ပြီးတော့မှ ဆင်းရဲနွမ်းပါးသူတွေဆိုရင် ကျနောတို့ကတစ်ဝက်ပဲကောက် တယ်လေး။ ဒါကနှစ်စဉ်အခွန်ပေါ့။ အဲ့ဒါအပြင် နောက်ပြီးတော့မှ မော်တော်ယာဉ်တို့ လိုင်းဆွဲတာတို့ဆိုရင် ကျနော်တို့ တစ်နှစ်တစ်ခါ နှစ်စဉ်အခွန်ပေါ့။ စက်ဆိုတာဆန်စက် ဆီစက်အဲ့မျိုးတွေပေါ့။

မေး။ ။ စီးပွားအခွန်ကိုကော ဘယ်လိုအနေအထားမျိုးနဲ့ ကောက်ခံနေတာလဲ။

ဖြေ။ ။ စီးပွားခွန်ဆိုတာက ဥပမာသစ်ထုတ်တယ်ဆိုသစ်ခွန်ပေးရတာတို့ သတ္တုထုတ်တယ်ဆိုသတ္တုခွန် ကျောက်မျက်ဆိုရင် ကျောက်မျက်ခွန်တို့ သူ့ရဲ့ရင်းနှီးငွေ သို့မဟုတ် အမြတ်ရရှိတဲ့အပေါ်မှာသတ်မှတ်ပြီး ကောက်တာမျိုးရှိတယ်ပေါ့နော်။ အဲ့ဒါတွေကအတိအကျတော့ မရှိပါဘူးတချို့ ၂ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းရှိတယ်ပေါ့။ ဒါပေမယ့် အခုအနေအထားမှာက ကျနောတို့ အကုန်လုံးလက်လှမ်းမမှီပါဘူး။ လက်လှမ်းမှီသလောက်ပဲလုပ်နေတဲ့ဟာမျိုးပဲရှိတယ်။

မေး။ ။ အခွန်ကောက်နေတာ ဘယ်အတိုင်းအတာအထိလုပ်နေတာလဲ။

အခွန်နဲ့ပတ်သက်ပြီး ကျနော်တို့က ပြည်နယ်ကအရင်ကသီးခြားလွတ်လပ်တဲ့ပြည်နယ်ပေါ့ တစ်ကမ္ဘာလုံးကို အင်ပါယာလုပ်မယ်ဆိုတဲ့ အင်္ဂလိပ်တောင်မှ မော်ချီးခဲလာတူးတုန်းကဆို ဘောလခဲစောဖျာတွေ ကြယ်ဖိုးကြီးစောဖျာတွေကို အခွန်လာသွင်းတာပဲလေ ဆိုတော့ ကျနောတို့က သီးခြားလွတ်လပ်တဲ့ပြည်နယ်လေ သီးခြားလွတ်လပ်တဲ့ ကိုယ့်မင်းကိုယ့်ချင်းနဲ့နေခဲ့တော့ အဲ့ဒီကနေစပြီးတော့ ကောက်ခံလာတဲ့အခွန်တွေက ကျနော်တို့ အဲ့လိုအတိုင်းပဲဆက်ကောက်တယ်ပေါ့။ ဗမာပြည်လွတ်လပ်ရေးရပြီးတော့ အဲ့ဒီတုန်းကဖဆပလအစိုးရရဲ့ တိုက်တာခံရပြီးတော့မှ တော်လှန်ရေးဆိုတာဖြစ်လာတယ် အဲ့ဒီခေါင်းဆောင်တွေဆိုရင်လည်းကောက်လာတာပဲ။ အခွန်ကောက်တယ်ဆိုတဲ့ဟာက အစဉ်အလာစဉ်ဆက်ကောက်ခံနေတာဖြစ် တယ်ပေါ့နော်။ အခုမှ ကျနော်တို့ ကောက်ခံတာမဟုတ်ကြောင်းပြောချင်တယ်ပေါ့နော်။

မေး။ ။ ကားတွေဆိုကော ဘယ်လိုကောက်တာလဲ။

ဖြေ။ ။ ကားကအမျိုးအစားရှိတယ် တစ်သိန်းကနေဟို..ရှစ်သိန်းအထိရှိတယ်။ ယာဉ်ကြီးယာဉ်ငယ် ယာဉ်လတ် အဲ့မျိုးတွေပေါ့။ ကျနော်တို့ ရတဲ့အခွန်ကကျနော်တို့ ဘဏ္ဍာရေးဌာနဆိုတာရှိတယ်။ အဲ့မှာ ပြန်ဝင်တယ်။ ပြန်ဝင်ပြီးမှ ကျနော်တို့ လိုအပ်တဲ့ အသုံးစရိတ်မှန်သမျှ ပေါ့ကွာဆိုလိုတာက ဥပမာစားဝတ်နေရေးဖြစ်ဖြစ် သွားလာရေးဖြစ်ဖြစ် ကျနောတို့ အဖွဲ့အစည်းမှာလိုအပ်သမျှ ပြန်ခွဲဝေသုံးစွဲပေးတာပေါ့။

မေး။ ။ အဖွဲ့အစည်းမှာပဲလားဒါမှမဟုတ် တခြားဘယ်နေရာမှာ ဝန်ဆောင်မှုကော နယ်လှည့်ကျောပိုးအိတ် (ကျန်းမာရေးဝန်ဆောင် မှု)ကောအဲ့ဒီထဲကပဲလာ။

ဖြေ။ ။ အဲ့ဒါမဟုတ်ဘူး။ ဘေးဒုက္ခကြံုရတယ် ဥပမာရေဘေးဒုက္ခ ချင်းဖက်တို့ ရခိုင်ဖက်တို့ လှူတာမျိုးတွေရှိတယ်။ နောက်ပြီးတော့မှ မော်ချီးတို့မှာလည်း လှူတာမျိုးရှိတာပေါ့။ တချို့လူမှုဖွ့ံဖြိုးရေးလုပ်ငန်းတွေလည်းကျနော်တို့ လုပ်တာလည်းရှိတယ်။ ကျောင်းဆောက်ဖို့ ဆိုတာကလည်းဒီထီးပေါ်ဆို(ဒီးမော့ဆိုမြို့နယ် ထီးပေါ်ဆိုရွာ)မှာ ကျောင်းတစ်ကျောင်းဆောက်ဖို့ အဆောင်ပေါ့ အဲ့မျိုးတွေ အဲ့ထဲကနေပဲပေးတယ်။ သူ့ဟာရှိတယ်လေ ဘယ်လိုလဲဆိုသူ့ရာခိုင်နှုန်းရှိတယ်။ ဥပမာ လူထုဖွ့ံဖြိုးရေးအတွက်ဆိုဘယ်နှစ်ရာခိုင်နှုန်း ဥပမာဌာနဆိုင်ရာတွေပေါ့ ကျနော်တို့လည်းအစိုးရဌာနရှိတယ် ဌာနဆိုင်ရာသုံံးစွဲဖို့ တချို့အရေးပေါ်ကိစ္စသုံးစွဲဖို့ ဘယ်နှစ်ရာခိုင်နှုန်းလျာ ထားတာရှိတယ်လေ။ ဒါကတော့ ကျနော်တို့ရဲ့ ဘဏ္ဍာရေးသုံးစွဲရေးမူပေါ်လစီရှိတယ်။

မေး။ ။ အခုကအမျိုးသားအခွန်ကို တစ်ပြည်နယ်လုံးလွမ်းခြံုပြီး ကောက်နေတာလား။

ဖြေ။ ။ အခုကခပ်များများကဒီလိုဖြစ်နေတယ် မြို့တွင်းတို့ဘာတို့ကကျနော်တို့ မကောက်နိုင်ဘူးလေ ကောက်ရင်လည်းသူတို့ပေးမှာမဟုတ်ဘူး။ တောရွာမှာကျနော်တို့ ကောက်နေကျနေရာမျိုးတွေက ပေးတယ်ပေါ့လေ။ ကြာလာတော့ တချို့ကပြောလာတယ်ပေါ့လေ။ အပစ်အခက်ရပ်စဲလုပ်ပြီပဲ ဘာဖြစ်အခွန်တွေ ထပ်ကောက်နေသေးတယ် အဲ့လိုတွေပြောတယ်။ ဒါပေမယ့် ကျနော်တို့ တကယ်လိုချင်တဲ့ ငြိမ်းချမ်းရေးအထိမရသေးခါကျတော့ အဲ့ဒီပေါ်လစီမှုကိုမပယ်ဖျက်သေးသ၍တော့ ကျနော်တို့ ကောက်မှာပဲဒါပေမယ့် တစ်နေ့တစ်ချိန် အခြေအနေကလွတ်လပ်စွာ ကြီးကြီးမားမားစီးပွားရေးတွေ လုပ်နိုင်ပြီးလိုချင်တဲ့အခြေအနေ ဖြစ်လာတဲ့အခြေအနေကကောင်းပြီးဆို ဒါတွေ(အခွန်စနစ်)က တစ်နေ့ ကျနောတို့ ပယ်ဖျက်မှာပဲ။

မေး။ ။ KNPP အနေနဲ့ ကိုယ်ပိုင်ရပ်တည်နိုင်မှပဲ အခွန်မကောက်တော့ဘူးလို့ ဆိုလိုချင်တာလား။

ဖြေ။ ။ အင်းပေါ့။ အင်းပေါ့။

မေး။ ။ အခုလည်း KNPP က စီးပွားရေးတွေစလုပ်နေပြီးဆိုတော့ အဲ့ဒီဟာတွေကဒီဘဏ္ဍာရေးဌာနကိုပဲ ပြန်ဝင်တာလား။

ဖြေ။ ။ ဝင်တယ်ပေါ့။ အဲ့ဒီကအမြတ်ငွေတွေ ဒါပေမယ့် အဲ့ဒီဟာတွေကဘယ်လိုပြောမလဲ ကြီးကြီးမားမားမဟုတ်သေးဘူးပေါ့ကွာ။ ဥပမာတချို့ သစ်လုပ်တယ် သစ်ကလည်းပိတ်ပြီနောက်ပြီးတော့မှ ခဲတို့ဘာတို့ကလည်း ကြီးကြီးမားမားမထွက်သေးဘူး။ ဆိုတဲ့အခါကျတော့ လုံလောက်တဲ့ ကျနော်တို့ ရပ်တည်နိုင်တဲ့ ငွေအခြေအနေမျိုးမရရှိသေးတဲ့အခါကျတော့ အဲ့ဒီမူကလည်းရှိသေး တယ်လေ အဲ့လိုလုပ်ရခြင်းဖြစ်တယ်ပေါ့။

မေး။ ။ ကျေးဇူးတင်ပါတယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...